Ads (728x90)



ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် AFC U-19 Women's Championship
ခြေစစ်ပွဲစဉ်များတွင် မြန်မာအမျိုးသမီးယူ-၁၉ အသင်းသည် အုပ်စုပွဲစဉ်အားလုံး အနိုင်ရရှိပြီး အုပ်စုပထမနေရာဖြင့် ခြေစစ်ပ
ွဲအောင်
မြင်သွားခဲ့သည်။ မြန်မာအသင်းသည် ယနေ့(အောက်တိုဘာ ၂၁)ရက်နေ့ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဟောင်ကောင်အသင်းကို
(၈-၀)ဂိုးဖြင့်အနိုင်ရရှိကာ (၃)ပွဲကစား(၃)ပွဲနိုင်၊ရမှတ်(၉)မှတ်ဖြင့် အုပ်စုပထမနေရ ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းသည် အဖွင့်ပွဲစဉ်တွင် တရုတ်(တိုင်ပေ)ကို (၃-၁)ဂိုး၊ အိမ်ရှင်ဖိလစ်ပိုင်ကို(၄-၀)ဂိုး၊ဟောင်ကောင်ကို(၈-၀)ဂိုး တို့ဖြင့် ပွဲစဉ်တိုင်းအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲအောင်မြင်သွားသော မြန်မာအမျိုးသမီးအသင်းအနေဖြင့် လာမည့်ဒီဇင်ဘာ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင်ကျင်းပမည့် ဒုတိယအဆင့်ပွဲစဉ်များသို့ တက်ရောက်ကစားခွင့်ရရှိ မည်ဖြစ်သည်။ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ထိုင်းအသင်းပါဝင်သောအုပ်စုနှင့် ဗီယက်နမ်အသင်းပါဝင်သောအုပ်စု(၂)ခု ခွဲဝေထားပြီး မြန်မာအသင်းအနေဖြင့်ယင်းအဆင့်ကိုထပ်မံဖြတ်ကျော်ပြီးပါက ဂျပန်၊တောင်ကိုရီးယား၊တရုတ် စသည့်ထိပ်တန်းအသင်းများနှင့် အတူ 2013 AFC U-19 Women's Championship နောက်ဆုံးအဆင့်ပွဲစဉ်များကို ၂၀၁၃ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...