Ads (728x90)



ဒီစကားကတော့ ကုလားတွေ လုပ်ကြံရန်တိုက်ပေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာက ဘင်္ဂါလီကုလားကို မဲနေတဲ့ အချိန်မှာ ထိုင်းကို အာရုံပြောင်းသွားအောင် သက်သက်မဲ့ တိုက်ကွက်စင်တာ ဖြစ်နိုင်ပါတယ်။ ဒီနှစ်အတွင်းမှာ ၂နိုင်ငံကြား ခေါင်းဆောင်တွေ ချစ်ကြည်ရေးတွေ မကြာမကြာ ပြုလုပ်နေတာလဲ တွေ့နေရတာပါဘဲ။ အကယ်၍သာ ထိုင်းက ဒီလိုအဆင့်အတန်းမဲ့တဲ့ စကားပြောမယ်ဆိုရင် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး တော်တော် စိတ်ထားသေးသိမ်တာဘဲလို

့ ပြောရမှာပါဘဲ။

ဖက်ဆစ်ဂျပန်နှိပ်စက် နိုင်ကျင့်ခဲ့လို့ ဘ၀ပျက်ခဲ့ရတဲ့ မြန်မာမိန်းကလေးတွေ၊ ကိုယ်လက်အင်္ဂါ အသက်အိုးအိမ် ပျက်စီးသွားတဲ့ မြန်မာအမျိုးသားတွေ ဒုနဲ့ဒေးပါ။ ဒါပေမယ့် မြန်မာတွေ အဲသလောက် စိတ်ထား မသေးသိမ်ပါဘူး ဗွေမယူပါဘူး။ မကြားသေးတဲ့ အချိန်ကတောင် ဟိုတယ်ဝန်ထမ်း မြန်မာမိန်းကလေးကို ဂျန်ပန်ကမ္ဘာလှည့်ခရီးသည် အမျိုးသားတယောက်က ပါးရိုက်တာ ခံလိုက်ရသေး။ အဲဒါလဲ ကိုယ့်ပြည်တွင်းတောင် ၀င်ရောက်စော်ကားခံရတာ။ အင်္ဂလိပ်လဲ ထိုနည်းတူပါဘဲ မြန်မာကို ဂုတ်သွေးစုတ် ယုတ်မာသွားတာဘဲ ဒါပေမယ့် မြန်မာဟာ အဲသလောက်ထိ ဗွေယူ မုန်းတီးတဲ့လူစားတွေ မဟုတ်ပါဘူး။

မြန်မာကို လာလည်တဲ့ ဧည့်သည်မှန်သမျှ မြန်မာတွေဟာ အပြုံးနဲ့နှုတ်ဆက်ပြီး ကြိုဆိုကြပါတယ်။ အဲဒါကလဲ မြန်မာတို့ရဲ့ လှပတဲ့ရိုးရာတခုပါ။ တချို့သော မြန်မာကို လည်ပတ်ဖူးသော ထိုင်းတွေဆိုလျှင် အယူသိပ်မသည်းတော့ မြန်မာကို ချစ်ဘို့ ခင်ဘို့ကောင်းတယ်လို့ ပြောကြပါတယ်။ ကျုပ်အထင် ဒီသွေးခွဲစာကို ရေးတဲ့သူက ထိုင်းစာ ထိုင်းစကားရတဲ့ ဘင်္ဂလီကုလား တကောင်ကောင်လို့ ယူဆတယ်။ ထိုင်းမှာလဲ ဘင်္ဂါလီကုလားတွေ ရှိပါတယ်။ ကျုပ်တို့တွေ သေချာ ဂဃနဏ သိမှ တုန့်ပြန်တာ ကောင်းပါတယ်။ နောက်ပိုင်းထိုင်းလူငယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အထင်ကြီးလေးစားတာတွေ့ရတယ်။ သူတို့အမြင် အာဆီယံဂုဏ်ဆောင်လို့တောင် လေးစားအထင်ကြီးကြတာ။ ထိုင်းလူငယ်တွေနဲ့ စကားပြောဆက်ဆံကြည်တဲ့အခါ အဲဒိအမြင်လေးတွေ ရှိတာတွေ့ရပါတယ်။

နောက်ပိုင်းကာလတွေမှာ မြန်မာပြည်ဟာ ပွင့်လင်းမြင်သာမှု ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုတော့ ဖွံ့ဖြိုးဆဲဖြစ်တဲ့ ထိုင်း၊ မလေးရှားတို့နဲ့ မကြာမီရင်ဘောင်တန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ တကယ်တစိုက်မတ်မတ် ကိုယ်ကျိုးမဖက်လုပ်ရင် ဆယ်စုနှစ်တစုအတွင်းမှာဘဲ နင်လား ငါလားဖြစ်နိုင်ပါတယ်။ လက်ရှိခေါင်းဆောင်တွေဟာ မြန်မာအရေးကို တတ်စွမ်းသ၍ ကြိုးစားလုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒါပေမယ့် တယောက်အားနဲ့တော့ မဖြစ်နိုင်ပါဘူး။ အားလုံးစုပေါင်း ညီညာစွာ လက်တွဲချီတက်ကြမှ ကျုပ်တို့တတွေ ကမ္ဘာ့အလယ်မှာ မျက်နှာ မငယ်ရမှာပါ။

အလုပ်လုပ်စ လမ်းမှန်ရောက်စ အချိန်မှာတော့ အမှားအယွင်း အတိမ်းအစောင်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဖြေးဖြေးရင်းတော့ အနည်းထိုင်သွားမယ်လို့ ထင်ပါတယ်။ တချိန်က မြန်မာဟာဘာဘဲဖြစ်ခဲ့ ဖြစ်ခဲ့ အခုအချိန်မှာ ဘာမှ မဖြစ်ရင် ဘာမှ မဟုတ်ပါဘူး။ ဒါကြောင့် ကျုပ်တို့တွေ အမျိုးသားရေး ကြီးပွားတိုးတက်ရေးအတွက် ၀ိုင်းဝန်းလက်တွဲ ကြိုးစားကြပါစို့...ဗိုလ်ချုပ်စကားနဲ့ ပြောရင် "ခင်ဗျားတို့၊ကျုပ်တို့တတွေ နေ့ရောညပါ မနားတမ်း ကုန်းရုန်းလုပ်ကာမှ (ထိုင်း)ယိုးဒယားနဲ့ တန်းတူယှဉ်နိုင်ဘို့ အနိုင်နိုင်ကြမှာ"။ အဲသလိုပါဘဲ ဗိုလ်ချုပ်က ကျုပ်တို့တိုင်းပြည် လူမျိုးကို အောက်ကျ နောက်ကျ ဖြစ်မှာ မလိုလားဘူး။ ခင်ဗျားတို့တတွေလဲ အသလိုဘဲနေမှာပါ။ ကျုပ်ကတော့ ပုထုဇဉ်လောကီသားတွေထဲမှာတော့ ဗိုလ်ချုပ်ကို ယုံကြည်တယ်၊ ကိုးကွယ်တယ်၊ လေးစားတယ်။ သူရဲ့အမူအကျင့်ကိုသာ ကျုပ်တို့မျိုးဆက်တွေ အတုယူ ကျင့်သုံးမယ်ဆိုရင် မြန်မာဟာ မကြာမီအချိန်အတောအတွင်း ကမ္ဘာမှာ လက်မထောင်နိုင်ပါပြီ။ ခေါင်းမော့လို့ ရင်ကော့နိုင်ပါပြီ။

ရွှေဝါရောင်သွေး

**************************************



ထိုင်းအလှမယ်ကတော့ မြန်မာအလှမယ်ကို ဒီစစ်ပွဲမှာ အနိုင်ခြေမုန်းဖို့ ထိုင်းတွေကို ဖိတ်ခေါ်နေပါတယ်။ သမိုင်းမှာရှိခဲ့တဲ့အတိုင်း မြန်မာတွေ ဒုခခံစားပါစေတဲ့။ ကိုယ်တို့ကတော့ အဲလိုမုန်းတီးတဲ့ စိတ်မထားပါဘူး။ ထိုင်းလူမျိုးများ စိတ်ချမ်းမြေ့ပါစေ။ ကဲ မြန်မာတို့ရေ .. ဒီပုံကို ရှယ်ကြပါဦး။ မြန်မာအလှမယ် အမှတ်တက်သွားမယ်။

ฤา คนไทยจะต้องพ่ายแพ้ แก่ พม่าอีกในศึกครั้งนี้ ดั่งเช่นกรุงศรีอยุธยาที่แตกพ่ายในอดีต ขอเชิญเพื่อนๆคนไทยทุกคน ที่เห็นข้อความนี้ ช่วยแชร์และเข้าไปกดไลค์รูปตัวแทนสาวไทย เพื่อเป็นยืนเป็นที่หนึ่งของการ โหวต แทนประเทศเพื่อนบ้าน ที่นี่ค่ะฤา Thai people will need to defeat. To Myanmar again in this time of war, such as Ayutthaya, than to suffer just like in the past. Invite your friends, everyone at the Thai people see this message helps to share and to press the Thai girl lai as agent. So as long as that one's vote Instead of a neighboring country. Here, thank you
 
 
Share By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...