Ads (728x90)


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဥတုကြိုးဝိုင်းအတွင်းရှိ ကျွန်းပင်ကြီး တပင်မှာ ရင့်စို့လုံးပတ် အရွယ် ၂၇ပေ ၅လက္ခမရှိ သည့်အတွက် မြန်မာနိုင်ငံတွင်သာမက တခြားသော ကျွန်းပင်ပေါက်ရောက် ရာ နိုင်ငံများတွင်ပါ မတွေ့ရသေးသဖြင့် ကမ္ဘာ့အကြီးဆုံး ကျွန်းပင်ကြီး အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ ကြောင်း သစ်တောဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဖော်ပြထားသည်။



မြန်မာနိုင်ငံတွင် မုတ်သုံသစ်တောများ အများအပြားရှိခဲ့ရာ ကျွန်းနှင့် သစ်မာများကို ကိုလိုနီခေတ်က တည်းက ထုတ်ယူခဲ့ပြီး မြန်မာဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက်တွင် ၁၉၇၅- ၈၀ ခုနှစ်တ၀ိုက်က စတင်ကာ ပဲခူးရိုးမ၌ သစ်ထုတ်လုပ်မှုကို ပြုလုပ်ခဲ့ကာ နောက်ပိုင်း စစ်အစိုးရ လက်ထက်မှာ တနိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ထုတ်ယူမှုပိုမိုပြုလုပ်ခဲ့ သဖြင့် သစ်တောဧရိယာကျဆင်းလာသည့်အတွက် ၂၀၁၆ ခုနှစ်ကစတင်ကာ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ပြုလုပ်ခဲ့သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...