Attraction
ရှိဖို့အတွက် မိန်းကလေးတစ်ယောက်ရဲ့ မမြင်အပ်၊ မမြင်သင့်တဲ့အရာတွေကို
ဖင်တစ်လုံး ရင်တစ်လုံးပစ်ပြ၊ ထုတ်ဖော်လှစ်ဟ ပြစရာမလိုပါဘူး။
စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်လျှင်
1. ပညာတတ် တစ်ယောက်ပါစေ။
ပညာတတ်ဆိုသည်မှာ ကျောင်းကသင်လိုက်သော စာအလွတ်ကျက် စာမေးပွဲအောင်လာရုံနဲ့ ပညာတတ်မဖြစ်ပါ။ အသိဥာဏ်နဲ့ ဆက်စပ်လေ့လာတွေးခေါ်ပါ။ ဖြစ်သင့်သောအရာ မဖြစ်သင့်သောအရာ ဝေဖန်ပိုင်းခြားပါ။
2. စာများများဖတ်ပါ။
အလုပ်အရမ်းများလို့ စာပုံမှန်မဖတ်နိုင်တာဖြစ်ဖြ စ်၊ စာဖတ်ဝါသနာမပါလို့ဖြစ်ဖြစ်၊
မြင်သမျှ စာတိုင်းကို ဗဟုသုတအဖြစ် သိုလှောင်ပါ။ Fb သုံးရင်းလည်း
အကျိုးရှိတဲ့ စာ၊ ဗဟုသုတများ ရှာဖွေဖတ်ပါ။ အိုသွေးဆို ဘာဖြစ်တယ်၊
တနင်္လာသားသမီးဆိုညာဖြစ်တယ်။ ဘော်လီဝတ်တဲ့စော်ရှိသေးလား ဆိုတဲ့စာမျိုးတွေကို
မဆိုလိုပါ။ 😑
3. စကားများများပြောတာထက် သူများပြောတာကို များများနားထောင်ပါ။
စကားဆိုတာ ပြောလေ အမှားပါလေပါ၊
နားထောင်လေ လူတွေအကြောင်းနားလည်လေပါ။
လူအကြောင်း လူတွေဆီကပဲ သင်ယူပါ။
4. ဘယ်အရာမဆို အပြုံးနဲ့ရင်ဆိုင်ပါ။
လူတိုင်းမှာ အခက်အခဲ အမှားအယွင်းတွေ ရှိတတ်ကြစမြဲပါ။
ခက်ခဲနေရင် ကြိုးစားပါ။
မှားယွင်းနေရင်ပြင်ဆင်ပါ။ သင့်ကိုဒုက္ခပေးနေသူများကိုလ ည်း အပြုံးနဲ့ဆက်ဆံပါ။
ဒါပေမယ့် ဘယ်တော့မှမမေ့နဲ့၊ ရန်သူများနေရင် ကိုယ့်ကိုယ်ကို ပိုကောင်းအောင်ကြိုးစားပါ။
5. ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စိတ်ရင်းနဲ့ဆက်ဆံပါ။
ယောင်္ကျားလေးတစ်ယောက်နဲ့ စကားပြောရင်လည်း "ကြာ"မပါစေနဲ့၊ ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်သည့်အ တွက်
တစ်ဖက်ယောင်္ကျားလေး အထင်သေးသွားစေမယ့် အပြုအမူမျိုး စ မလုပ်မိစေနဲ့။
ကိုယ့်မျက်လုံး၊ ကိုယ့်အပြောအဆိုတွေက ရိုးသားပါစေ။ကိုယ့်တန်ဖိုးနဲ့ကိုယ်နေပါ။
ယောင်္ကျားဆိုတာ သူတို့ကြိုက်ရင် ဆိုက်ဆိုက်ရောက်လာပါလိမ့်မယ်။
ယောင်္ကျားလေးတွေနဲ့ကျ ပရောပရီ၊ မိန်းကလေးတွေနဲ့ကျ ခပ်တန်းတန်းနေတတ်တဲ့ မိန်းမတစ်ယောက်က အခြားလူအမြင်မှာ အရမ်း Impression Down ပါတယ်။
ယောင်္ကျားလေးနဲ့ဖြစ်ဖြစ် မိန်းကလေးနဲ့ဖြစ်ဖြစ် တန်းတူ ပေါင်းသင်းဆက်ဆံရေးကောင်းအောင်နေပါ။
6. အတတ်နိုင်ဆုံး သူများမကောင်းကြောင်း ကိုယ့်ပါးစပ်က မထွက်မိပါစေနဲ့။
သူများအပုပ် ကိုယ့်ပါးစပ်က ထွက်ရတာ ရှက်စရာကောင်းပါတယ်။ ကျွန်မကိုယ်တိုင်လည်း နောက်ပိုင်းဆို အရမ်းရင်းနှီးသူမှလွဲပြီး သူများမကောင်းကြောင်း မျက်နှာလွှဲခဲပစ် ပြောတတ်တဲ့သူတွေဆို ရှောင်ပါတယ်။
သူများမကောင်းကြောင်းတောင် ကိုယ့်ဆီလာပြောနေတာ။ ကိုယ့်မကောင်းကြောင်းလည်း သူများဆီသွားမပြောဘူးလို့ မပြောနိုင်ပါဘူး။ ဝေဖန်ပါ၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်မှာလည်း အားနည်းချက်ရှိတာကို သတိချပ်ပါ။
7. တစ်ကိုယ်သန့်ရှင်းရေး ဂရုစိုက်ပါ။
စမတ်ကျကျဝတ်ဆင်ပါ။ သူ့နေရာနဲ့သူ လိုက်လျောညီထွေအောင် ဝတ်ဆင်ပါ။
နိုင်ငံတကာဖက်ရှင်တွေကို လေ့လာပါ။
ကိုယ်နဲ့ရော ပတ်ဝန်းကျင်နဲ့ပါ သင့်တော်မယ်ထင်လျှင်ဝတ်ဆင်ပါ။
အပြင်ထွက်ရင်တော့ မိတ်ကပ်တစ်ပိဿာနဲ့ ကိုယ်နေတဲ့အိမ်၊ အခန်းမှာတော့ မြွေထွက်လောက်အောင် ညစ်ပတ်နေလို့တော့ မဖြစ်သေးဘူး။ ရုပ်လှအောင်ပြင်သလို ကိုယ်နေတဲ့ ပတ်ဝန်းကျင်လည်း လှအောင် ထားပါ။ မအားဘူးဆိုရင်တောင် တစ်ပတ်တစ်ခါလောက်တော့ သင့်အခန်းကို ရှင်းလင်းပြီး အမွှေးနံ့သာဖြန်းထားပါ။ နေထိုင်ပတ်ဝန်းကျင် သန့်ရှင်းနေရင် စိတ်ရော ကိုယ်ရော ကြည်လင်လာပါမယ်။
8. ဘာသာတရား မမေ့ပါနဲ့။
ဘယ်ဘာသာတရားကိုပဲ ယုံကြည်သက်ဝင်ပါစေ၊ ကိုယ်ယုံကြည်ရာကို ဆုပ်ကိုင်ထားပါ။ သတိတရားကပ်ပါစေ။
9. ရည်မှန်းချက်ထားပါ။ ရည်မှန်းချက်ရောက်အောင်သွား ပါ။
ရည်မှန်းချက်ရောက်အောင် ကြိုးစားနေသူ မိန်းကလေးတစ်ယောက်အတွက် အချိန်ကုန်စေမယ့် အရာမျိုးတွေရှောင်ပါ။ ဥပမာ- ကိုယ့်အပေါ် သစ္စာမရှိတဲ့ ယောင်္ကျားတစ်ယောက်အတွက် နေ့စဉ်ရက်ဆက် ငိုကြွေးနေတာမျိုး၊ ကိုယ့်ကိုယ်ပုတ်ခတ်သူတွေကို အချိန်ပေး ပြန်လည်တိုက်ခိုက်နေတာမျိုး လုပ်မနေပါနဲ့။အချိန်ကုန် စိတ်ပင်ပန်းပါတယ်။ကိုယ့်ကို ယ်ပျော်ရွှင်စေတဲ့အရာအတွက် အချိန်ကုန်တာဆိုတော်သေးတယ်။
10. သစ္စာရှိပါ။
ရည်းစား၊ လင်ယောင်္ကျားအပေါ်မှ မဟုတ်ပါဘူး။
ကိုယ့်သူငယ်ချင်း မိတ်ဆွေ၊ မိသားစုအပေါ် သစ္စာသိပါ၊ တာဝန်သိပါ။
ဒီ ၁၀ ချက်ကို အရင်ကြိုးစားကြည့်ပါ။
သင်ဟာ အရင်ကထက် ပိုစမတ်ကျ ပို Attraction ရှိလာတာကို ဘေးကလူတွေက သတိထားလာမိလိမ့်မယ်။
Credit
စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်လ
1. ပညာတတ် တစ်ယောက်ပါစေ။
ပညာတတ်ဆိုသည်မှာ ကျောင်းကသင်လိုက်သော စာအလွတ်ကျက် စာမေးပွဲအောင်လာရုံနဲ့ ပညာတတ်မဖြစ်ပါ။ အသိဥာဏ်နဲ့ ဆက်စပ်လေ့လာတွေးခေါ်ပါ။ ဖြစ်သင့်သောအရာ မဖြစ်သင့်သောအရာ ဝေဖန်ပိုင်းခြားပါ။
2. စာများများဖတ်ပါ။
အလုပ်အရမ်းများလို့ စာပုံမှန်မဖတ်နိုင်တာဖြစ်ဖြ
3. စကားများများပြောတာထက် သူများပြောတာကို များများနားထောင်ပါ။
စကားဆိုတာ ပြောလေ အမှားပါလေပါ၊
နားထောင်လေ လူတွေအကြောင်းနားလည်လေပါ။
လူအကြောင်း လူတွေဆီကပဲ သင်ယူပါ။
4. ဘယ်အရာမဆို အပြုံးနဲ့ရင်ဆိုင်ပါ။
လူတိုင်းမှာ အခက်အခဲ အမှားအယွင်းတွေ ရှိတတ်ကြစမြဲပါ။
ခက်ခဲနေရင် ကြိုးစားပါ။
မှားယွင်းနေရင်ပြင်ဆင်ပါ။ သင့်ကိုဒုက္ခပေးနေသူများကိုလ
ဒါပေမယ့် ဘယ်တော့မှမမေ့နဲ့၊ ရန်သူများနေရင် ကိုယ့်ကိုယ်ကို ပိုကောင်းအောင်ကြိုးစားပါ။
5. ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စိတ်ရင်းနဲ့ဆက်ဆံပါ။
ယောင်္ကျားလေးတစ်ယောက်နဲ့ စကားပြောရင်လည်း "ကြာ"မပါစေနဲ့၊ ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်သည့်အ
ယောင်္ကျားဆိုတာ သူတို့ကြိုက်ရင် ဆိုက်ဆိုက်ရောက်လာပါလိမ့်မယ
ယောင်္ကျားလေးတွေနဲ့ကျ ပရောပရီ၊ မိန်းကလေးတွေနဲ့ကျ ခပ်တန်းတန်းနေတတ်တဲ့ မိန်းမတစ်ယောက်က အခြားလူအမြင်မှာ အရမ်း Impression Down ပါတယ်။
ယောင်္ကျားလေးနဲ့ဖြစ်ဖြစ် မိန်းကလေးနဲ့ဖြစ်ဖြစ် တန်းတူ ပေါင်းသင်းဆက်ဆံရေးကောင်းအေ
6. အတတ်နိုင်ဆုံး သူများမကောင်းကြောင်း ကိုယ့်ပါးစပ်က မထွက်မိပါစေနဲ့။
သူများအပုပ် ကိုယ့်ပါးစပ်က ထွက်ရတာ ရှက်စရာကောင်းပါတယ်။ ကျွန်မကိုယ်တိုင်လည်း နောက်ပိုင်းဆို အရမ်းရင်းနှီးသူမှလွဲပြီး သူများမကောင်းကြောင်း မျက်နှာလွှဲခဲပစ် ပြောတတ်တဲ့သူတွေဆို ရှောင်ပါတယ်။
သူများမကောင်းကြောင်းတောင် ကိုယ့်ဆီလာပြောနေတာ။ ကိုယ့်မကောင်းကြောင်းလည်း သူများဆီသွားမပြောဘူးလို့ မပြောနိုင်ပါဘူး။ ဝေဖန်ပါ၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်မှာလည်း အားနည်းချက်ရှိတာကို သတိချပ်ပါ။
7. တစ်ကိုယ်သန့်ရှင်းရေး ဂရုစိုက်ပါ။
စမတ်ကျကျဝတ်ဆင်ပါ။ သူ့နေရာနဲ့သူ လိုက်လျောညီထွေအောင် ဝတ်ဆင်ပါ။
နိုင်ငံတကာဖက်ရှင်တွေကို လေ့လာပါ။
ကိုယ်နဲ့ရော ပတ်ဝန်းကျင်နဲ့ပါ သင့်တော်မယ်ထင်လျှင်ဝတ်ဆင်ပ
အပြင်ထွက်ရင်တော့ မိတ်ကပ်တစ်ပိဿာနဲ့ ကိုယ်နေတဲ့အိမ်၊ အခန်းမှာတော့ မြွေထွက်လောက်အောင် ညစ်ပတ်နေလို့တော့ မဖြစ်သေးဘူး။ ရုပ်လှအောင်ပြင်သလို ကိုယ်နေတဲ့ ပတ်ဝန်းကျင်လည်း လှအောင် ထားပါ။ မအားဘူးဆိုရင်တောင် တစ်ပတ်တစ်ခါလောက်တော့ သင့်အခန်းကို ရှင်းလင်းပြီး အမွှေးနံ့သာဖြန်းထားပါ။ နေထိုင်ပတ်ဝန်းကျင် သန့်ရှင်းနေရင် စိတ်ရော ကိုယ်ရော ကြည်လင်လာပါမယ်။
8. ဘာသာတရား မမေ့ပါနဲ့။
ဘယ်ဘာသာတရားကိုပဲ ယုံကြည်သက်ဝင်ပါစေ၊ ကိုယ်ယုံကြည်ရာကို ဆုပ်ကိုင်ထားပါ။ သတိတရားကပ်ပါစေ။
9. ရည်မှန်းချက်ထားပါ။ ရည်မှန်းချက်ရောက်အောင်သွား
ရည်မှန်းချက်ရောက်အောင် ကြိုးစားနေသူ မိန်းကလေးတစ်ယောက်အတွက် အချိန်ကုန်စေမယ့် အရာမျိုးတွေရှောင်ပါ။ ဥပမာ- ကိုယ့်အပေါ် သစ္စာမရှိတဲ့ ယောင်္ကျားတစ်ယောက်အတွက် နေ့စဉ်ရက်ဆက် ငိုကြွေးနေတာမျိုး၊ ကိုယ့်ကိုယ်ပုတ်ခတ်သူတွေကို
10. သစ္စာရှိပါ။
ရည်းစား၊ လင်ယောင်္ကျားအပေါ်မှ မဟုတ်ပါဘူး။
ကိုယ့်သူငယ်ချင်း မိတ်ဆွေ၊ မိသားစုအပေါ် သစ္စာသိပါ၊ တာဝန်သိပါ။
ဒီ ၁၀ ချက်ကို အရင်ကြိုးစားကြည့်ပါ။
သင်ဟာ အရင်ကထက် ပိုစမတ်ကျ ပို Attraction ရှိလာတာကို ဘေးကလူတွေက သတိထားလာမိလိမ့်မယ်။
Credit
ပြန်လည်ကူးယူဖော်ပြသည့် မူလနေရာ
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။