Ads (728x90)



#တနင်္ဂနွေ

မိမိကိုယ်သာ အားကိုးသင့်တဲ့ကာလပါ။ မိမိအတွေးအကြံမှတစ်ပါး တစ်ခြားလူဆီက အကြံဉာဏ်မတောင်းပါနှင့်။ ကူညီမဲ့သူထက် ဒုက္ခပေးမဲ့သူသာ အနားမှာ ဝန်းရံနေတတ်လို့ပါ။ မိမိစိတ်ကူးကြောင့် အောင်
မြင်မှုတွေ ရပါလိမ့်မည်။ ခရီးကိစ္စများကြန့်ကြာပြီးမှ လိုရာပန်းတိုင်ရောက်မည်။ လက်ရှိအလုပ်မှာ စိတ်ပါဝင်စားမှုအားနည်းခြင်း၊ အလုက်ထွက်ချင်စိတ်ဖြစ်ပေါ်နေတတ်ခြင်းများ ခံစားရမည်။ အထက်လူကြီးနှင့်အဆင်မပြေဖြစ်တတ်သည်။ ဘာသာရေးအပေါ်စိတ်ဝင်စားမှုအားနည်းနေတတ်သည်။နေ့စဉ်လုပ်နေကျ ကုသိုလ်အလုပ်တွေမလုပ်မိ ပျင်းရိနေတတ်သည်။ ပညာရေးကံအားနည်းနေသည်။ စာတွေမလိုက်နိုင်တာမျိုးကြုံတွေ့နိုင်သည်။ အချစ်ရေးကံကြမ္မာညံ့နေတုန်းပါပဲ ။ နှစ်ယောက်ကြား သွေးတိုးစကားတွေကိုယုံမိတတ်သည်။

အကျိုးပေးဂဏန်း -၈/၄/၁
အထူးဟော -စိတ်လေနေမည်။
ယတြာ …တနင်္ဂနွေထောင့်မှာ သပြေပန်းလှူပါ။

#တနင်္လာ

ငွေကြေးကဏ္ဍတစ်ခုကတော့ အားနည်းနေသည်။ ငွေပေးငွေယူ သတိရှိပါ။ ကြွေးယူကြွေးတောင်းမလုပ်ပါနဲ့။ လူမှုရေးအသင်းအဖွဲ့မှငွေများ မိမိလက်ဝယ်ထားရှိခြင်းမျိုးလက်မခံပါနှင့်။ လာဘ်ပိတ်တတ်ပါတယ်။ အစားအသောက်ဆင်ခြင်ပါ။ ဝမ်းပျက်ဝမ်းလျော ဖြစ်တတ့်သည်။ လုပ်ငန်းစီးပွားတိုးတတ်နေပေမဲ့ လုပ်သလောက်အကျိုးအမြတ်နည်းနေတတ်သည်။ ကျန်းမာရေးကတော့ အထူးဂရုစိုက်စေချင်သည်။ အချစ်ရေးကံကတော့ မြင့်မားနေချိန်ပါပဲ။ ချစ်သူဆီက နားလည်မှုတွေ ကြင်နာမှုတွေရပါလိမ့်မည်။ ပညာရေးကံမြင့်နေပေမဲ့ မိမိအနေနဲ့ ကြိုးစားဖို့တော့ လိုပါသည်။ အာရုံစိုက်ထားမှ ပညာရပ်အပေါ်နားလည်လိမ့်မည်။ ဇိမ်ခံပစ္စည်းများ ဒီကာလအတွင်းမဝယ်ပါနဲ့။

အကျိုးပေးဂဏန်း…၇/၀/၃
အထူးဟော… လူပင်ပန်းနွမ်းချိ နေလိမ့်မည်။
ယတြာ… ရဟန်းတစ်ပါးအား ဖိနပ်လှူပါ။

#အင်္ဂါ

ကံမြင့်မားနေမည်။ အဘက်ဘက်ကအဆင်ပြေလိမ့်မည်။ အကျိုးဖြစ်ထွန်းသော ကောင်းသောခရီးတွေသွားရတတ်သည်။အလုပ်စီးပွားတိုးတတ်နေလိမ့်မယ်။ ဒါကြောင့်ပဲကျွဲကူးရေပါဆိုသလို ငွေကံလဲမြင့်မားနေပါလိမ့်မယ်။ ငွေဝင်သလောက် ကုန်စရာတွေကလဲ များနေတတ်ပါတယ်။ လိုအပ်မှငွေသုံးပါ။ အလုပ်စီးပွားလုပ်ဖို့ ကမ်းလှမ်းတာမျိုးကြုံရရင် လက်ခံလိုက်ပါလို့ပြောချင်ပါတယ်။ ထီဝါသနာပါသူဆို ထီထိုးဖို့အကောင်းဆုံးအချိန်ပါပဲ။ မိမိအိမ်နဲ့ ဝေးတဲ့နေရာက ထီဆိုင်မှာ ထိုးပါ။ မိမိရဲ့စိတ်ကူးစိတ်သန်းတွေလဲ ကောင်းနေတတ်ပါတယ်။
ပညာရေးထက် အခြားအရာတွေကိုစိတ်ဝင်စားနေမိတဲ့ အချိန်ပါ။ အချစ်ရေးကံမကောင်းသေးပါ။ မိမိကိုယ်တိုင်ကလဲအချစ်ရေးအပေါ်စိတ်ဝင်စားမှု အားနည်းနေပါတယ်။

အကျိုးပေးဂဏန်း… ၁/၇/၃
အထူးဟော…စိတ်ကူးအတိုင်း အကောင်အထည်
ဖော်ပါ
ယတြာ… အင်္ဂါထောင့်မှာ ထီးနီ ၃ လက်လှူပါ။

#ဗုဒ္ဓဟူး

မိတ်ဆွေကံအားကောင်းနေတဲ့ အချိန်ပါ။ မိမိကိုကူညီမဲ့သူတွေ ဝိုင်းရံနေတတ်ပါသည်။ မိတ်ဆွေသစ်တွေလဲတိုးမဲ့အချိန်ပါ။ အောက်လက်ငယ်သားတွေရဲ့အထောက်အပံ့တွေ အများကြီး ရပါလိမ့်မယ်။ သားသမီးကြောင့်ဂုဏ်တတ် မျက်နှာကောင်းရပါလိမ့်မယ်။ စက်ပစ္စည်းတွေ ဝင်လာလိမ့်မယ်။ ကောင်းသောဝင်နေခြင်းပါ။ စက်ဝယ်ဖို့စိတ်ကူးရှိရင်လဲ ဒီကာလအတွင်းမှာ ဝယ်တာအကောင်းဆုံးပါ။ အလုပ်ထဲမှာ တစိမ်းလူမျိုးခြားတွေနဲ့ တွဲဖက်လုပ်ကိုင်ရတတ်ပါတယ်။ စီးပွားရေးကောင်းနေမယ်။ ကျန်းမာရေးကောင်းလာလိမ့်မယ်။ အချစ်ရေးမှာ စိတ်ညစ် စိတ်ဆင်းရဲပြီးမှ ပြေလည်မှု နားလည်မှုရလိမ့်မယ်။ ပညာရေးမှာ အနုစိပ်အသေးစိပ်သင်ခန်းစာတွေကို စိတ်ဝင်စားနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း…၂/၁/၎
အထူးဟော… လာဘ် လာဘတွေဝင်မည်။
ယတြာ … ဇီးယိုကို အိမ်ကဘုရားမှာကပ်လှူပါ။

#ကြာသပတေး

ဒီတစ်ပတ်ထဲ ငွေကြေးရလိုမှုကြောင့် လောဘတကြီး လုပ်နေရတာမျိုးတွေကို လျော့ချသင့်ပါတယ်။ အမှားတွေ့နိုင်လို့ပါပဲ။ မိသားစုအတွင်းရေးမှာ မကြေလည်စရာတွေများနေတတ်ပါတယ်။ အိမ်ထောင်ဘက်အချင်းချင်း စကားအခြေအတင်များနေရတတ်ပါတယ်။ အတူနေသူများနဲ့ စိတ်ဝမ်းကွဲတတ်တယ်။ အမွေကိစ္စ၊ မြေကိစ္စတွေနဲ့ ပက်သက်လာရင်သတိထားပြီးကိုင်တွယ်သင့်တဲ့ အချိန်ပါပဲ။ အိမ်မှာရှိသော စက်ပစ္စည်းတွေ ခဏခဏပျက်တတ်တယ်။ အောက်လက်ငယ်သားတော်လှန်တတ်တယ်။ အရာရာတိုင်းကိုအလောတကြီး မဆောင်ရွက်မိပါစေနဲ့။ အချစ်ရေးကံကောင်းနေပါတယ်။ ချစ်သူနဲ့ပျော်စရာကောင်းတဲ့ အချိန်တွေဖန်တီးနိုင်မှာပါ။ ဒီကာလအတွင်းပညာရေးညံ့နေပါလိမ့်မယ်။ စာမေးပွဲခန်းထဲရောက်မှ စာမေ့သွားတာမျိုးကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း _၃/၆/၇
အထူးဟော … ကံညံ့နေတယ်။
ယတြာ … ကြွေပန်းကန်အကွဲအဟောင်းရှိရင် တစ်ချပ်ရှိရင် စွန့်ပစ်လိုက်ပါ။

#သောကြာ

ဒီကာလဟာစတင်အကောင်အထည်ဖော်လိုက်တဲ့ ကိစ္စရပ်တိုင်း ရေရှည်ကောင်းသွားတတ်ပါတယ်။ လုပ်ငန်းသစ် ဆိုင်သစ်ဖွင့်ခြင်း ၊ မင်္ဂလာပွဲကျင်းပခြင်း ၊ အိုးသစ်အိမ်သစ်ဆောက်ခြင်း စတဲ့ ကိစ္စရပ်တွေဟာအလွန်ကောင်းလာပါလိမ့်မယ်။ ခရီးကောင်းတွေသွားရတတ်သည်။ နိုင်ငံခြားနဲ့ဆက်စပ်သောကိစ္စ၊ ဆက်သွယ်ရေး၊ ကုန်သွယ်မှု၊ ဘုရားဖူးကားလိုင်း စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းပါလိမ့်မည်။ ရွှေဝင်တတ်သည်။ ဧည့်ကောင်း စောင်ကောင်းတွေ လာလည်တတ်သည်။ အချစ်ရေးကံကောင်းနေမည်။ ချစ်သူနဲ့ ပျော်စရာကောင်းတဲ့ ချစ်သူဘဝကို ဖြတ်သန်းနိုင်မည်။ ပညာရေးကံကောင်းနေမည်။ မိမိကြိုးစားလေ ထိပ်ဆုံးရောက်လေပါပဲ။ မိမိကျန်းမာရေးကောင်းနေမည်။မိခင်ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါ။

အကျိုးပေးဂဏန်း…၆/၄/၃
အထူးဟော … အခုကောင်းမှ နောင်ကောင်းမည်။
ယတြာ …စိန်ခြယ်ပန်းဘုရားလှူပါ။

#စနေ

ကံမြင့်နေပါပြီ။ အညံ့အဆိုးတွေတဖြည်းဖြည်း ပြေလွင့်သွားပါလိမ့်မယ်။ အထည်လုပ်ငန်း ၊ ဖက်ရှင်၊ အလှကုန်၊ အလှပြင်ဆိုင် စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှေက်စားခြင်းခံရမည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတတ်မည်။ မိိမိဆိုင် မိမိလုပ်ငန်းလူစည်မည်။ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူအညီအထောက်အပံ့ရမည်။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက်တာ ၊ခေါင်းမူးတာ၊ သွေးတိုးတာမျိုးကြုံရတတ်သည်။ အချစ်ရေးကတော့ မကောင်းနိုင်သေးပါဘူး။ မိမိကိုယ်တိုင်ကလဲ အချစ်ထက်အရေးကြီးတာကို အချိန်ပေးမိနေတာကြောင့်ချစ်သူရဲ့ စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။ ပညာရေးကဏ္ဍအလွန် အားနည်းနေတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း… ၅/၈/၎
အထူးဟော …စီးပွားတိုးတတ်မည်။
ယတြာ … ဘုရားမှာ ရွှေသင်္ကန်းကပ်ပါ။

ဆရာ ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...