ပျားရည်နဲ့ ရေရောစပ်ပြီး အသုံးပြုမယ်ဆို ရင် ဆေးရုံတက်ကုသရနေရတဲ့လူနာတွေမှာ ဆီးပိုးဝင်တဲ့ရောဂါကို ကာကွယ် ပေးနိုင် ဖွယ်ရှိတယ်လို့ အင်္ဂလန်က သုတေသီတွေ ပြောပါတယ်။
ဆီးအိမ်ထဲကဆီးကို ခြောက်ခမ်းအောင်လုပ်ဖို့နဲ့ ဆီးသွားတာကို စောင့်ကြည့်တာလုပ်ဖို့ လူနာတွေကို ပိုက်သွင်းပြီး လုပ်ဆောင်ရတာပါ။ ဒါပေမဲ့ ပိုက်ပျော့သွင်းတာကနေဆင့် ပိုးဝင်တာက ထပ်ဖြစ်တတ်ပါတယ်။
စေးကပ်မှုကြောင့် ဖြစ်လာတဲ့ ဘတ်တီးရီးယားတွေ၊ ပလပ်စတစ်လိုမျက်နှာပြင်ပေါ်မှာ ဖယ်ရှားရခက်ခဲတဲ့ အလွှာတွေဖြစ် လာတာတွေကို ရေနဲ့စပ်ထားတဲ့ပျားရည်ပျော့ပျော့ဖော်ရည်က တားဆီးပေးနိုင်ကြောင်း ဆောက်သမ်တန်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်ပြသခဲ့ပါတယ်။
သီအိုရီအရ ဆီးအိမ်အတွင်းမှာ ပိုက်ပျော့သွင်းထားတဲ့အချိန် သန့်ရှင်းနေအောင်
ပျားရည်က ပြုလုပ်ပေးနိုင်ပါတယ်။ အခုတွေ့ရှိမှုကို လူသားတွေမှာ
အသုံးပြုနိုင်ဖို့အတွက် စမ်းသပ်လေ့လာမှုတွေ အများကြီထပ်မံလုပ်ဆောင်ရဦးမှာ
ဖြစ်ပါတယ်။
တကယ်တော့ ပျားရည်ဆိုတာက သဘာဝဆေးတစ်မျိုးပါပဲ။ ပျားရည်ကို သဘာဝပိုးသတ်ဆေးအနေနဲ့ အသုံးပြုလာတာ ရာစု နှစ်နဲ့ချီနေပါပြီ။ အပူလောင်တာ၊ အနာတွေကို ကုသဖို့လည်း အသုံးပြုခဲ့ကြပါတယ်။ အခုအချိန်မှာ ပျားရည်ကို ဆေးဝါးအဆင့် အနေ့နဲ့ ကုမ္ပဏီတွေ အများကြီးက ထုတ်လုပ်ရောင်းချနေပါတယ်။
Ref: BBC

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။