Ads (728x90)



၁၉၃၈-ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှာ ရန်ကုန်နဲ့ ပြည်မမှာ ကုလား-ဗမာ အဓိကရုဏ်း စဖြစ်တယ်။ အဲဒီ အဓိကရုဏ်းရဲ့ နောက်ဆက်တွဲအဖြစ် ၁၉၃၉-ခုနှစ် မှာ တာဝန်ပေးအပ်တဲ့ စီးပွားရေးပါရဂူ James Bexter ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင်က တွေ့ရှိချက်တွေအရ ရခိုင်ပြည်မြောက်ပိုင်းကို တစ်နှစ် တစ်နှစ် လေးသောင်းလောက် အ၀င်အထွက်လုပ်နေတဲ့ စစ်တကောင်းသားတွေ အဆက်မပြတ် ၀င်လာတာကို မတားဆီးနိုင်ခဲ့ရင် နောင်အနာဂတ်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားမှာကို စိုးရိမ်ရတယ်လို့ သတိပေးခဲ့တယ်။
နောက်နှစ် ၁၉၄၀-၁၉၄၁ ခုနှစ်တွေမှာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့ မြန်မာပြည်က အောင်မြင်စွာ ဆုတ်ခွာရေးကို စလုပ်တယ်။ မြန်မာပြည်မကို ရောက်နေ တဲ့ အိန္ဒိယတိုင်းရင်းသားတွေ စစ်တကောင်းသားတွေဟာ ပြည်မကနေ ပန်းတောင်း-တောင်ကုတ်လမ်းကို ဖြတ်ပြီး အိန္ဒိယကိုသွားရာလမ်းမှာ ကျနေတဲ့ ရခိုင်ပြည်ထဲကို လှိမ့်ဝင်လာကြတယ်။ အဲသည်ခရီးသည်တွေထဲမှာ ပြီးခဲ့တဲ့ နှစ်တွေထဲ က ကုလား-ဗမာ အဓိကရုဏ်းရဲ့ ဒဏ်ချက်တွေကို ခံထားရသူတွေ ပါတယ်။
ဗြိတိသျှတွေရဲ့ အောင်မြင်စွာဆုတ်ခွာရေးဗျုဟာအရ မိမိတို့ သယ်ယူမသွား နိုင်တဲ့ လက်နက်တွေကို ရခိုင်မဟုတ်တဲ့ ဗမာမဟုတ်တဲ့သူတွေကို ပေးပြီး နောက်ချန်တပ်တွေ အနေနဲ့ ကျန်ခဲ့စေတယ်။ အင်္ဂလိပ်လို V-Force လို့ ခေါ်တယ်။ Victory Force အောင်နိုင်မှုတပ်ပေါ့။ ဒေသခံတွေကတော့ ရာဇပုတ်ကုလား စစ်သား တွေ လို့ပဲ အကြမ်းဖျင်း အခေါ်အဝေါ်နဲ့ သိကြတယ်။ စနစ်တကျ အုပ်ထိန်းကွပ်ကဲသူ မရှိတဲ့ ရာဇပုတ်ကုလားစစ်သားတွေဟာ ဟိုစဉ်က စစ်တွေခရိုင်လို့ခေါ်တဲ့ ရခိုင် မြောက်ပိုင်း တစ်ခွင်မှာ ဗရမ်းပတာ သောင်းကျန်းကြတယ်။

မြေပုံမြို့နယ် ရက်ချောင်းကျေးရွာက ရွာသူကြီးညီအစ်ကိုကို စစ်တကောင်းသား ဘင်္ဂါလီတွေ သတ်ဖြတ်လိုက်ရာကနေ စပြီးတော့ အပြန်အလှန် အကြမ်းဖက်မှုတွေ စတင် ဖြစ်ပွားခဲ့တယ်။
အကြမ်းဖက်မှုတွေစဖြစ်တယ်ဆိုတာနဲ့ သေနတ်လက်နက်ကိုင်ထားတဲ့ဘက်က ကျန် တစ်ဘက်ကို စိတ်ကြိုက်သတ်ဖြတ်ရက်စက်နိုင်ခဲ့တယ်။ ဥပမာ ရသေ့တောင်နယ် ထဲက ကူတောင်ရခိုင်ရွာ နဲ့ အနောက်ပြင်ကုလားရွာ တို့ဖြစ်ရပ်ကို ကြည့်နိုင်တယ်။ ၁၉၄၂-ခုနှစ်မှာ ကူတောင်ရခိုင်ရွာဟာ ဒီနေ့ခေတ်လိုပဲ ဧရာမရွာကြီးဖြစ်တယ်။ အဲသည် တုံးက အနီးက အနောက်ပြင်ကုလားရွာကတော့ အခုလောက် အိမ်ခြေမများသေးဘူး။ ကူတောင်ရခိုင်ရွာရဲ့ အိမ်ခြေထက်ဝက် မရှိဘူး။ ဒါပေမဲ့ တင်းမာနေတဲ့ကာလ အတော အတွင်း အနောက်ပြင်ကုလားရွာကို ရာဇပုတ်စစ်သားလေးငါးယောက် ရောက်လာတာနဲ့ အခြေအနေဟာ လုံးဝပြောင်းပြန် ဖြစ်သွားတယ်။ နောက် ရက်ပိုင်းအတွင်း ကူတောင် တစ်ရွာလုံး မီးလောင်ပြာကျသွားခဲ့တယ်။ သေသူသေ၊ မသေတဲ့သူတွေလည်း အသက်လုလို့ ပြေးကြရတယ်။
မောင်တောမြို့နယ် နတ်မြစ်အရှေ့ဘက်ခြမ်း၊ ဘူးသီးတောင်မြို့နယ်၊ ပြီးတော့ ရသေ့တောင်မြို့နယ် မယူကမ်းတစ်ခွင်က ရခိုင်ရွာတွေဟာ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း ခံရတဲ့အတွက် ထွက်ပြေးကြရတယ်။
မောင်တောမြို့နယ် နတ်မြစ်ကမ်းခြေက ကျေးရွာတွေ ဖြစ်ကြတဲ့ ငါးခူရ၊ ခြံပြင်၊ ရွက်ညိုတောင်၊ သရက်အုပ် စတဲ့ရွာတွေကတော့ လှေတွေ၊ သမ္ဗာန်တွေနဲ့ နတ်မြစ် တစ်ဘက်ကမ်းကို ထွက်ပြေးလို့ လွတ်သွားကြပေမယ့် ကမ်းခြေနဲ့ဝေးတဲ့ ရွာတွေမှာ ရွာလုံးကျွတ် အသတ်ခံကြရတယ်။ တချို့ကျေးရွာကလွတ်မြောက်လာသူတွေဟာ မယူတောင်တန်း ကို ကျော်ပြီး ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနယ်တွေ ဘက်ကို လက်လွတ် ထွက်ပြေးကြရတယ်။ အဲသလိုထွက်ပြေးတာကို ဘူးသီးတောင် မြို့အနီးက လက်ဝဲတက်(ကုလားရွာ)က ဆီးကြိုပြီးတော့ တိုက်ခိုက် သတ်ဖြတ် ကြ တယ်။ တောထဲတောင်ထဲမှာ ချောင်းမြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ကြတယ်။ မောင်တောတောင်ပိုင်းမှာ အသက်ရှင်လွတ်မြောက်သွားတဲ့ ကျေးရွာဆိုတာကတော့ မရှိသလောက်ပါဘဲ။ ဥပမာ အလယ်သံကကျော်မှာဆိုရင် အလယ်သံကျော် ရဲစခန်းကို သိမ်းပြီးတော့ ရဲသားတွေရော ရွာသားတွေကိုပါ သတ်ပစ်လိုက်ကြတယ်။ ဥပမာ ထပ်တိုးပြင်ရွာမှာဆိုရင် ကုလားတွေဝိုင်းလာတဲ့အခါ ရွာမှာ ရှိသမျှ ကလေး၊ လူကြီး၊ မိန်းမ၊ ယောင်္ကျားမကျန် အယောက်ငါးရာလောက် ဘုန်းကြီးကျောင်းကို ပြေးဝင်ပြီး ခိုလှုံကြတယ်။ ကုလားတွေက ဘုန်းကြီးကျောင်းကို မီးရှို့လိုက်တော့ အကုန်သေကုန် တယ်။
ဘူးသီးတောင်တစ်နယ်လုံးမှာလည်းပဲ ရခိုင်နဲ့ အခြားတိုင်းရင်းသားရွာတွေကို စစ်တကောင်းသားဘင်္ဂါလီတွေက ၀န်းရံပိတ်ဆို့တိုက်ခိုက်ကြတယ်။ ရခိုင်ရွာတွေကို မီးတိုက် ဖျက်ဆီးတယ်။ နယ်ဘက်ကအသက်မသေဘဲ ပြေးလာနိုင်ခဲ့တဲ့ လူတွေ ဘူးသီးတောင်မြို့ပေါ်ကို လာရောက်ခိုလှုံကြတယ်။ မြို့ပေါ်မှာလက်နက်ကိုင်လို့ရှိနေတဲ့ ရဲတပ်သားအနည်းငယ်၊ ဘားမားဗော်လံတီယာတပ်စု နဲ့ ရခိုင်လူငယ်အချို့ဟာ လက်နက်ကိုင်စွဲပြီး ဘူးသီးတောင်ကို နေ့စဉ်လာရောက်ပစ်ခတ်တိုက်ခိုက်နေတဲ့ ကုလားတွေရန်ကနေ ကာကွယ်နေခဲ့ကြတယ်။ ဘီအိုင်အေ ဗိုလ်ရန်အောင်တပ် ရောက်လာတယ်။ တည်ငြိမ်အေးချမ်းရေးအတွက်ဆိုပြီး မြို့ကိုကာကွယ်နေတဲ့သူတွေ၊ ရခိုင်တွေလက်ထဲက သေနတ်လက်နက်မှန်သမျှကို ဘီအိုင်အေ ဗိုလ်ရန်အောင်တပ် က အကုန်သိမ်းတယ်။
တည်ငြိမ်အေးချမ်းရေးအတွက် မောင်တောက ကုလားတွေနဲ့ သွားဆွေးနွေးတဲ့ ဘီအိုင်အေတပ်က အရာရှိတွေကို မောင်တောကုလားတွေက ထမင်းဖိတ်ကျွေးပြီး သတ်ပစ်လိုက်တယ်။
ဘူးသီးတောင်မှာရှိနေတဲ့ ဘီအိုင်အေ ဗိုလ်ရန်အောင်တပ်ဟာ မပြောမဆိုနဲ့ ၁၉၄၂-ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ ဆုတ်ခွာတယ်။ လက်နက်တွေအကုန်လုံး အသိမ်းခံထားရတဲ့ ဘူးသီးတောင်မြို့သားတွေဟာ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ မီးဝသင်္ဘောပေါ်ကို အလုအယက်တက်ကြတာ ဆိပ်ကမ်းနဲ့ မလှမ်းမကမ်းနေရာမှာ ရေ၀င်ပြီး နစ်မြုပ်သွားတဲ့ အတွက် လူလေးရာလောက်သေတယ်။ ဘီအိုင်အေ တပ်ဆုတ်သွားတဲ့ အဲဒီနေ့မှာ ညမှာပဲ ဘူးသီးတောင်မြို့ကို ကုလားတွေက ၀င်စီးတယ်။ မပြေးနိုင်လို့ မြို့မှာ ကျန်နေခဲ့ တဲ့ သူတွေ အကုန်လုံး အသတ်ခံရတယ်။
မောင်တောမြို့နယ်မှာ အစတုံး ဖျက်ဆီးခံရလို့ စွန့်ခွာထွက်ပြေးရလို့ ပြိုပျက် သွားပြီး နောက် ပြန်ထည်ထူထောင်ခြင်း မပြုနိုင်ခဲ့တဲ့ အိမ်ခြေအရေအတွက်နဲ့တကွ စာရင်း ကောက်ယူနိုင်ခဲ့တဲ့ ကျေးရွာပေါင်း (၉၉) ရွာ စာရင်းရှိပါတယ်။ (ယခုပူးတွဲ ဓါတ်ပုံဖိုင်ပါ မူကွဲစာရင်းအရတော့ တစ်ရွာလျော့ ၉၈ ရွာ ပဲ ရှိပါတယ်။) အဲသည်နေရာတွေက လယ်မြေကိုင်းကျွန်း ဥယျဉ်တွေ အကုန်လုံးကို ရခိုင်တွေ ပြန်မရနိုင်တော့ဘဲ စစ်တကောင်းသား ဘင်္ဂါလီကုလားတွေကပဲ အကုန်သိမ်းပိုက် သွားခဲ့ကြတယ်။ အိမ်ခြေ အရေအတွက်နဲ့တကွ စာရင်းမပြုစုနိုင်တဲ့ အခြားရွာ အရေအတွက်က (၁၁၅) ရွာ ဖြစ်တယ် လို့ လောလောဆယ် ရသလောက် စာရင်းတွေ အရ ဆိုကြတယ်။
အလားတူပဲ ဘူးသီးတောင်မြို့နယ်မှာ ပြိုပျက်သွားပြီး ပြန်မထူထောင်နိုင်တဲ့ ရခိုင် နဲ့ အခြားတိုင်းရင်းသားကျေးရွာ အရေအတွက်က (၁၁၆)ရွာရှိပါတယ်။ ကုလားတွေ ၀င်ရောက်သိမ်းပိုက်နေထိုင်ခြင်းခံရတဲ့ ရွာအရေအတွက်က (၆၆) ရွာရှိပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာ ၁၉၄၂ လူမျိုးတုံးသတ်ဖြတ်မှု နောက်ပိုင်း လစ်ဟာ သွားတဲ့ ရခိုင်နေရာတွေမှာ အသစ်ဝင်ရောက်ထူထောင်ကြတဲ့ စစ်တကောင်းသား ဘင်္ဂါလီ ကျေးရွာအရေအတွက်က (၄၇) ရွာ ရှိပါတယ်။
မောင်တောမြောက်ပိုင်းက အသက်ရှင်လျက်ထွက်ပြေးနိုင်ခဲ့တဲ့ ရခိုင်လူမျိုးတွေဟာ တစ်ဘက်နယ်မြေထဲက ဒိုင်နာစပူဒုက္ခသည်စခန်းမှာ နှစ်အတန်ကြားသွားနေခဲ့ ကြရ တယ်။ ကျွန်တော်သိရသလောက် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးမောင်ညိုဟာ ဒိုင်နာစပူဒုက္ခသည်စခန်းပြန် တစ်ဦး ဖြစ်ပါတယ်။
ကုလားတွေလက်ထဲပါသွားပေမယ့် အသက်ရှင်လျက်ကျန်နေသေးတဲ့ ရခိုင် အမျိုးသမီး တွေကို ဂျပန်တွေ ၀င်လာတဲ့အခါကျမှ လိုက်ရှာစုံစမ်းပြီး ကယ်ထုတ်ကြရတယ်။ ဂျပန်ဘုန်းတော်ကြီး မာရုယာမ၊ ဆရာတော်ဦးပညာသီဟ နဲ့ ဆရာတော်ဦးကေသရ တို့ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဂျပန်စစ်တပ်အကူအညီနဲ့ ရခိုင်အမျိုးသမီး (၆၇၆)ယောက် ကို ကုလားတွေဆီက ခေါ်ယူပြီးတော့ ရခိုင်ပြည်နေရာအသီးသီးက ဆွေမျိုးသားချင်း တွေဆီ ပြန်ပို့ခဲ့တယ်။ အဲသည်အမျိုးသမီးတွေ ဘယ်လို ဒုက္ခတွေကို ကြုံတွေ့ခဲ့ရသလဲ ဆိုတာကတော့ စဉ်းစားကြည့်လိုက်ရင်ပဲ ရင်နင့်ဖွယ်ရာ ဖြစ်ပါတယ်။
၁၉၄၂-ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ရခိုင်နဲ့ အခြားတိုင်းရင်းသား အနည်းဆုံး လေးသောင်းခန့် သတ်ဖြတ်ခံခဲ့ရပြီး စုစုပေါင်းဖျက်ဆီးသိမ်းပိုက် ဖယ်ရှားခြင်းခံခဲ့ရတဲ့ ရခိုင်နဲ့ တိုင်းရင်းသားကျေးရွာအရေအတွက်က သုံးရာနဲ့ လေးရာကြား ဖြစ်နိုင်ဖွယ် ရှိပါ တယ်။
ဒီနောက်ပိုင်းမှာ မူဂျာဟစ်သောင်းကျန်းသူတွေ သောင်းကျန်းနေတဲ့အတွက် ဘူးသီးတောင်နဲ့ မောင်တောဒေသတစ်ခွင်မှာ တိုင်းရင်းသားကျေးရွာတွေကို နည်း အမျိုးမျိုး နဲ့ မနေနိုင်အောင်လုပ်ကြတဲ့ ထွက်ခွာရွေ့ပြောင်းကြရတယ်။ အခုဆိုရင် သိကြရသမျှ ကိန်းဂဏန်းအရ မောင်တောမြို့နယ်မှာ တိုင်းရင်းသား (၂)% နဲ့ ဘူးသီးတောင် မြို့နယ်မှာ (၇)% ပဲ ကျန်တော့တယ် လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကို ရခိုင်နဲ့တကွ ပြည်ထောင်စုတိုင်းရင်းသားတွေဟာ အဖြစ်အပျက်ကို အမှန်ကို အမှန်အတိုင်း မသိကြရင် ဒီဖြစ်ရပ်တွေဟာ ဘူးသီးတောင် နဲ့ မောင်တော မှာတင် ရပ်နေမှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်မျိုးကို နောင်ကာကွယ်နိုင်ဖို့ရာ ဘာတွေ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို လူတွေသိအောင် မှတ်တမ်းတင်ထားကြဖို့ လိုအပ်ပါ တယ်။
ဒီ ၁၉၄၂ ဖြစ်ရပ်ဟာ အမှတ်တမဲ့ထားလို့ ပျောက်ပျက်သွားနိုင်တဲ့ဖြစ်ရပ်မျိုး မဟုတ်ပါ ဘူး။ ဒီလိုဖြစ်ရပ်မျိုးကို ဆက်လက်ကျုးလွန်ဖို့ ၁၉၈၈-ခုနှစ် မေလ (၁၃) ရက်နေ့မှာ မောင်တောမြို့မှာ နောက်တစ်ကြိမ်ထပ်ကြိုးပမ်းခဲ့ကြသေးတယ်။ အဲသည်နေ့မှာ မောင်တောမြို့ ဈေးဆိုင်တွေမှာ လက်နှိပ်ဓါတ်မီးတွေ တစ်လက်မှ မကျန်အောင် ၀ယ် ထားခဲ့ကြတာကိုရော အဲသည်နေ့ နေ့ပိုင်းမှာ ရခိုင်တွေဆီမှာ ဆိုင်အကူ အိမ်အကူ လုပ်တဲ့ ဘင်္ဂါလီအလုပ်သမားတွေ တစ်ယောက်မှ အလုပ်မဆင်းကြတာကိုရော ရခိုင်တွေက သတိမထားမိခဲ့ကြဘူး။ အဲသည်နေ့ညပိုင်း (၇)နာရီလောက်က စပြီး ဘင်္ဂါလီတွေ လူအုပ်ကြီးနဲ့ စုဝေးပြီး ဆူပူနေကြပြီ။ ရဲကင်းက ရဲသားတွေကို ရိုက်နှုက်တဲ့ အဆင့်အထိ ဖြစ်လာခဲ့တယ်။ ဆူပူသူတွေက ဖုံးကြိုးတွေကိုလည်း ကြိုတင်ဖြတ်ထား ကြတဲ့အတွက် တစ်မြို့လုံးဟာ ပြင်ပနဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့တယ်။ မောင်တောမြို့ပြင် လေးမိုင်က လုံထိန်းတပ်ရင်း ရောက်လာလို့ တစ်မြို့လုံး အသက် ချမ်းသာရခဲ့ကြရတယ်။

ဒီတော့ ဆိုလိုတာက ၁၉၄၂-ခုနှစ် ဖြစ်ရပ်ကို သိရှိနေမှသာလျှင် ဒီနေ့ဒီကာလမှာ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံကို ဆက်လက်ငြိမ်းခြောက်နေဆဲ ဖြစ်တဲ့ အန္တရယ်ကြီးကို နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်သတ်ဖြတ်မှုများအားဖြင့် ဘာသာရေးအရ လူမျိုးရေးအရ အုပ်စီးနိုင်ဖို့ ကြိုးပမ်းမှုတွေဟာ ရှိခဲ့တယ်၊ နောင်လည်း ရှိနိုင်တယ် ဆိုတာကို သတိရှိနိုင်ကြဖို့ ဖြစ်ပါတယ်။
ဦးကျော်ဇောဦး
၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၆) ရက်
၁၂း၂၂ နာရီ




Ref ;  ၁၉၄၂ မှာ ဘင်္ဂါလီတွေက လူမျိုးတုံးသတ်တဲ့အတွက် ရခိုင် ၄၀၀၀၀ လောက်  သေဆုံးပြီး ကျေးရွာပေါင်း သုံး-လေးရာခန့် လက်လွတ်ဆုံးရှုံးခဲ့ရတယ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...