Ads (728x90)


စစ်ဘေးရှောင် ကချင်ပြည်သူများအား သွားရောက်အားပေးနှစ်သိမ့်ခဲ့သည့် Miss Universe Myanmar ပြိုင်ပွဲဝင်များသည် စက်တင်ဘာ (၂၀)ရက်တွင် ထူးဖောင်ဒေးရှင်းမှ ဖွင့်လှစ် ထားသော အခမဲ့ဘော်ဒါဆောင် စာသင်ကျောင်းသို့ သွားရောက်လေ့လာခဲ့ကြပြီး ပညာ သင်ကြားနေကြသော ကျောင်းသားလူငယ်များအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

ထို့အတူ ဝေဠုကျော် ဖောင်ဒေးရှင်းမှလည်း အဆိုပါပညာဒါနကျောင်းအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ထူး ကုမ္ပဏီများ အုပ်စုတွင် ပါဝင်သော Blue Diamond ကုမ္ပဏီ မှလည်း စာသင်ကျောင်းအတွက် ငွေကျပ် (၁၀)သိန်း လှူဒါန်းခဲ့ပါသည်။

ထို့နောက်ထူးဖောင်ဒေးရှင်း၏ (CEO) ဦးပေါ်မြင့်ဦးက ပညာဒါနကျောင်းခန်းမတွင် ထူးဖောင်ဒေးရှင်းနှင့် ထူးကုမ္ပဏီများ အုပ်စု၏ CSR - လုပ်ဆောင်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ပရဟိတခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြသော အလှမယ်များ၊ ထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများ၊ Blue Diamond ကုမ္ပဏီမှ တာဝန်ရှိသူများသည် နံနက်ပိုင်းတွင် ကောင်းမှုလုံ စေတီတော်အား သွားရောက် ဖူးမျှော် ခဲ့ကြပြီး ကောင်းမှုလုံဓမ္မာရုံ၌ ဆွမ်းကပ်လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ပူတာအိုရှိ ဖန်ခိုင်ပရဟိတဘုန်းတော်ကြီးသင် မှုလတန်းလွန် ပညာရေးကျောင်းသို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။

ညပိုင်းတွင် မလိခဟိုတယ်၌ ဧည်သည်အားလုံးကို ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး ယခုခရီးစဉ်တွင် လိုက်ပါခဲ့ကြသော အလှမယ် (၂၄) ဦးအနက် Miss Malikha ခရီးစဉ် တလျှောက်လုံး တက်ကြွစွာ ပါဝင်ခဲ့သူ Miss Active ဆု နှင့် Miss Talent ဆု ( ၅)ဆုအား ထူးဖောင်ဒေးရှင်းမှ ချီးမြှင့်ပေးခဲ့ပါသည်။

ပူတာအိုမြို့ပေါ်မှ ကျောင်းသားများအနေဖြင့် နေ့တက်ကျောင်းသား အနေဖြင့် ပညာသင်ယူနိုင်သော်လည်း ဝေးလံခေါင်သီသော ဒေသမှ တိုင်းရင်းသား လူငယ်များ အနေဖြင့် လာရောက်ရန်ခက်ခဲပါသည်။ ထို့ကြောင့် ထူးဖောင်ဒေးရှင်းမှ အဆိုပါ ပညာဒါန အခမဲ့ ဘော်ဒါ ဆောင်စီမံကိန်းကို ၂၀၀၉-၂၀၁၀ခုနှစ်များတွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။

သယ်ယူပို့ဆောင်ရေး ခက်ခဲလှသည့် ဒေသဖြစ်သဖြင့် လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများကို အဲပုဂံမှ အခမဲ့သယ်ယူ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့နောက် ၂၀၁၂-၂၀၁၃ ခုနှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်းကျောင်းသားများအား ပညာ သင်ကြား ပေးခဲ့ခြင်း ဖြစ်ပါသည်။

ဒေသခံလူငယ်များ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပညာဒါန အခမဲ့ဘော်ဒါကျောင်းအား လာရောက်လေ့လာပြီး လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည့် မယ်စကြာဝဠာမြန်မာ အလှမယ်များ အဖွဲ့၊ ဝေဠုကျော်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် Blue Diamond ကုမ္ပဏီမှ တာဝန်ရှိ သူများအား ကျောင်းသူကျောင်းသား များကိုယ်စား ကျေးဇူးများစွာ တင်ရှိကြောင်း ထူးဖောင်ဒေးရှင်း အနေဖြင့် ဖော်ပြအပ်ပါသည်။

Htoo Foundation added 40 new photos to the album Miss Universe Myanmar ပူတာအို ခရီးစဉ် မှတ်တမ်း.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...