Ads (728x90)


ဒါရိုက်တာ မိုက်တီးက Eleven Media Group ကို ပြန်လည် တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ လာမယ့် သတင်းပတ်အတွင်းမှာ တရားလွှတ်တော် ရှေ့နေ ဦးသန်းလှိုင်ကတဆင့် တရားဆွဲဖို့ စီစဉ်နေတာလို့ ဒါရိုက်တာ မိုက်တီးက MCN သတင်းဌာနရဲ့ သီးခြား ဆက်သွယ်မေးမြန်းမှုကို ဖြေကြားစဉ် ပြောကြားလိုက်တာပါ။ အဲ့ဒီလို တရားဆွဲဆိုရာမှာတော့ လက်ရှိ သူ ရင်ဆိုင်နေရတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး Eleven Media Group ရဲ့ ရေးသားဖော်ပြမှုတွေအပေါ် တရားရုံးမှာ ဦးတိုက်လျှောက်ထားသွားမှာလို့ သူက ဆိုပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၁ နှစ်ခွဲ ကျော်လောက်က Eleven Media Group ကနေ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ပုဒ်မ ၅၀၀ နဲ့ သူ့ကို စတင်တရားဆွဲဆိုခဲ့ပြီး ပြန်လည်ရုပ်သိမ်းခဲ့တဲ့ အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုပါ ထည့်သွင်း တရားစွဲဆိုသွားမယ်လို့လည်း ဒါရိုက်တာမိုက်တီးက ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ဦးသန်းထွန်းဇော် (ခေါ်) ဒါရိုက်တာမိုက်တီးကို Facebook လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Eleven Media Group ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ရေးသားပြောဆိုတယ်ဆိုတဲ့ စွတ်ဆွဲချက်တွေနဲ့ တာမွေမြို့နယ်ရဲစခန်းမှာ ဆက်သွယ်ရေးပုဒ်မ ၆၆/ဃ စတင် အမှူဖွင့် တိုင်ကြားခဲ့တာပါ။
ဒါ့အပြင် တိုင်းဒေသကြီး တရားလွှတ်တော်မှာလည်း တရားမမှုအဖြစ် ထိခိုက်နစ်နာမှူအတွက် ကျပ်ငွေ သိန်းပေါင်း ၁ သောင်း ၁ ထောင်ရလိုမှုနဲ့ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

 <မူရင်းပို့ စ်တင်ထားသည့်နေရာ>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...