Ads (728x90)



ယနေ့ ဇူလိုင်လ (၁၈)ရက်၊ ၂၀၁၆ခုနှစ်တွင် (၅၂)နှစ်ပြည့် မွေးနေ့ကျရောက် သည့် ထူးကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌ ဦးတေဇအတွက် မွေးနေ့ အထိမ်း အမှတ်အဖြစ် ထူးကုမ္ပဏီများအုပ်စု၏ Hotel Business Unit နှင့် ကန် တော်ကြီးပဲလေ့စ်ဟိုတယ်မှ ၀န်ထမ်းများသည် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် သံဃာတော် (၅)ပါးအား ပင့် ဖိတ်ပြီး ၀ါဆို သင်္ကန်း ကပ်လှူဒါန်း မှု ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလှူတော်မင်္ဂလာအခမ်းအနားကို ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ (Conference Hall) တွင် ယနေ့ နံနက် ၁၀နာရီမှ နေ့လည် ၁၂နာရီ အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၀ါဆိုသင်္ကန်းလှူဒါန်းမှုနှင့်အတူ န၀ကမ္မ အလှူငွေလှူဒါန်းခြင်းနှင့် ဆရာတော်သံဃာတော်များအား ဆွမ်းခဲ ဖွယ်ဘောဇဉ်များ လှူဒါန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ပါသည်။

ယခုကဲ့သို့ လှူဒါန်းမှုကြောင့် ဥက္ကဋ္ဌဦးတေဇသည် ကုသိုလ်ကောင်းမှု တရားများ တိုးပွားပြီး အသက်ရှည်ကျန်းမာ ပါစေကြောင်း ရည်ရွယ်ပြီး Hotel Business Unit နှင့် Kandawgyi Palace Hotel ဝန်ထမ်းများမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

ထူးကုမ္ပဏီများအုပ်စု အနေဖြင့် ယခုပြုလုပ်သော ကုသိုလ်ကောင်းမှု အစုစုတို့ အား မိမိတို့ကုမ္ပဏီအုပ်စု၏ဌာန အသီးသီးမှ ၀န်ထမ်း များ အားလုံး အပြင် (၇)ရက်သားသမီးအပေါင်းတို့ပါ ၀မ်းမြောက် ၀မ်းသာစွာဖြင့် သာဓုခေါ် ဆို နိုင်ကြရန် ဖော်ပြအပ်ပါသည်။


HTOO Group of Companies added 17 new photos.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...