Ads (728x90)



ဒီဆိုးသွမ်းပရိတ်သတ်ပြဿနာကို အဖြေရှာပြီး အမြစ်ပြတ်ဖြေရှင်းပစ်ဖို့ လိုနေပါပြီ
ဘာလို့ လည်းဆိုတော့ လက်ရှိ မြန်မာဘောလုံးပရိတ်သတ်တွေထဲမှာ စုန်းပြူး
ပရိတ်သတ်တွေကြောင့် နိုင်ငံသိက္ခာနဲ့ ပုံရိပ်ကို ကျဆင်းစေသလို မြန်မာဘောလုံး
ကို အမှန်တစ်ကယ်ချစ်မြတ်နိုးပြီး အားပေးကြတဲ့ပရိတ်သတ်တွေရဲ့  အခွင့်အရေး
တွေပါ ဆုံးရှုံးနေရလို့ ပါပဲ ဘယ်လို အခွင့်အရေးတွေ ဆုံးရှုံးတာလည်းဆိုရင်
နိုင်ငံတကာပွဲစဉ်တွေ ပြည်တွင်းမှာ လက်ခံကျင်းပတိုင်း ဆိုးသွမ်းတဲ့ပရိတ်သတ်
အချို့ ကြောင့် FIFA က ချမှတ်တဲ့ ဒဏ်ကြေးတွေဆောင်ရ ကွင်းပိတ်ပြစ်ဒဏ်တွေ
ခံရနဲ့  အိမ်ကွင်း အပိတ်ခံရတဲ့အတွက် အိမ်နီးနားချင်းထိုင်းလိုနေရာမျိုးမှာ
ကိုယ့်အိမ်ကွင်းသဘောထားပြီးသွားကန်ရတဲ့အတွက် ပြည်တွင်းက ဘောလုံး
အားကစားကို အမှန်တကယ် မြတ်နိုးပြီး အားပေးကြတဲ့ပရိတ်သတ်တွေအတွက်
အခွင့်အရေးဆုံးရှုံးရသလို ကိုယ့်နိုင်ငံအသင်းပွဲစဉ်ကို ကိုယ့်နိုင်ငံအိမ်ကွင်းမှာ
အားမပေးရတဲ့ အဖြစ်မျိုးတွေ ဖြစ်ရပါတယ် အဲ့ဒီလို ဖြစ်တာတွေဟာ အင်မတန်မှ စိတ်ပျက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်မျိုးပါ။

‪#‎ဆိုးသွမ်းပရိတ်သတ်တွေကိုဘာကြောင့်ပေါများနေတာလဲ‬...?
---------------------------------------------------------------------
ဒီမေးခွန်းရဲ့ အဖြေကတော့ ရှင်းပါတယ် သေချာ စနစ်တကျ မထိန်းသိမ်းလို့ 
ခုလို ဆိုးသွမ်းပရိတ်သတ်တွေပေါများပြီး မကြာခန ဆိုသလို ကွင်းထဲမှာ သောင်းကျန်းနေကြတာပါ သူတို့ ကို စည်းစနစ်ကျကျ ဘောင်ထဲက
နေပြီး မဆိုးသွမ်းတော့အောင် ဆိုးသွမ်းချင်စိတ် မပေါ်တော့အောင် မရှိတော့
အောင် လုပ်လို့ ရပါတယ် လက်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ရယ် ဘောလုံး
ကွင်းတွေမှာ လုံခြုံရေး တာဝန်ယူတဲ့ လုံခြုံရေးတွေ ဒီကိစ္စကို လျော့တိလျော့ရဲ နဲ့ 
ကိုင်တွယ်နေတာတွေကြောင့် ဆိုးသွမ်းပရိတ်သတ်တွေ ယနေ့ ထက်တိုင်
ရှိနေသေးတာပါပဲ။

‪#‎ဆိုးသွမ်းပရိတ်သတ်မရှိတော့အောင်ဘာတွေလုပ်ဖို‬့ လိုသလဲ...?
-------------------------------------------------------------------------
ဒါကလွယ်ပါတယ် MFF(မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်)အနေနဲ့  ပရိတ်သတ်တွေ
ကွင်းထဲကို ၀င်ရောက်ကြည့်ရှုအားပေးတဲ့အချိန်မှာ လိုက်နာရမယ့် စည်းကမ်းတွေ
နဲ့  ဒဏ်ကြေးတွေကို သေခြာလေး ကြပ်မတ်ပြီး သတ်မှတ်ပေးထားဖို့ လိုပါမယ်
လုံခြုံရေးတာဝန်ယူတဲ့ ဦးရဲကြီးတွေကိုလဲ စက်ရုပ်(ဘာမှလှုပ်ရှားမှုမရှိပဲ ရပ်ကြည့်တာ)လိုမျိုး မလုပ်တော့ပဲ ကွင်းအတွင်းမှာ သတ်မှတ်စည်းကမ်းတွေကို
ဖောက်ဖျက်တဲ့ ချိုးဖောက်တဲ့ ဘယ်ပရိတ်သတ်မဆို(နိုင်ငံခြားသားပရိတ်သတ်ကအစ) ကျောသားရင်သား မခွဲခြားပဲနဲ့  ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ လိုပါတယ်။

Facebook လို Social Network ပေါ်လာချိန်မှာ ရဲတွေအနေနဲ့  ပြည်သူတွေနဲ့ 
ထိတွေ့ ဆက်ဆံတဲ့အခါမှာ အမှားအယွင်းနည်းအောင် သတိထားပြီးထိတွေ့ 
ကြတယ်ဆိုတာကို နားလည်ပါတယ် ကွင်းထဲမှာ ပရိတ်သတ်တစ်ယောက်ကို
ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ထိန်းချုပ်လိုက်ရင် ပရိတ်သတ်တွေထဲကပဲ
ဓာတ်ပုံရိုက် ဖေ့ဘွတ်တင်ပြီး ဒီရဲတွေက ဒီလိုလုပ်တယ် ဆိုတာမျိုး ရေးပြီးတင်ကြမှာကို ကြောက်နေခဲ့ပုံရပါတယ် ဟုတ်ကဲ့ အဲ့ဒီအတွက်
မပူပါနဲ့  ကွင်းအတွင်းမှာ စမ်းကမ်းဖောက်ဖျက်တဲ့ ဘယ်ပရိတ်သတ်မဆို
ဘောင်ထဲကနေ ကိုင်တွယ်လို့ ရတဲ့ နည်းလမ်းတွေအများကြီးပါ ဖမ်းချုပ်ပြီး ရိုက်နှက်နေဖို့ မလိုပါဘူး အဓိက က ဆိုးသွမ်းပရိတ်သတ် တွေ့ တာနဲ့  လက်ရှိ
အချိန်ထိ ဘာမှမလုပ်ပဲ ရပ်ကြည့်နေတာမျိုးတွေ မလုပ်ပဲ ထိထိရောက်ရောက်
ခုပဲ ကျူးလွန် ခုပဲအဲ့ဒီ ပရိတ်သတ်ကို ဖမ်းချုပ်တာမျိုးပဲလုပ်ရင် ဆိုးသွမ်းပရိတ်သတ်
တွေကို ပပျောက်အောင် လုပ်ဆောင်တဲ့နေရာမှာ အထောက်အကူဖြစ်စေပါ
လိမ့်မယ် အဓိက က တော့ ‪#‎ကွင်းထဲကိုအရက်သေစာသောက်စားထားတဲ့‬
ပရိတ်သတ်မျိုးကိုလုံးဝလုံးဝမှပေးမ၀င်သင့်ပါဘူး တွေ့ ရင်တောင် ကွင်းအပြင်ကို ဆွဲထုတ်ပြီး ဒဏ်ကြေး ဘယ်လောက်ဆိုပြီး ဒဏ်ကြေးချ အရေးယူသင့်ပါတယ်။

‪#‎ဆိုးသွမ်းပရိတ်သတ်တွေအတွက်မဖြစ်မနေလုပ်သင့်တာကဘာတွေလဲ‬...?
------------------------------------------------------------------------------------
၁။ကွင်းအတွင်းလိုက်နာရမယ့်စည်းကမ်းတွေသတ်မှတ်ပါ ဒဏ်ကြေးတွေအမြင့်ဆုံးထားပါ ကွင်းအတွင်းနဲ့  ကွင်းပြင်ပ ပရိတ်သတ်များ မြင်သာမည့်နေရာများတွင် စည်းကမ်းများကိုရေးသားချိတ်ဆွဲထားပါ။

၂။Alcohol Tester တွေအသုံးပြုပါ ကွင်းအတွင်း အရက်သေစာသောက်ထားသူ မည်သူ့ ကိုမှပေးမ၀င်ပါနှင့် တွေ့ ရှိပါက ကွင်းအပြင်ဆွဲထုတ်ပါ ဒဏ်ကြေးချပါ။

၃။ကွင်းအတွင်းမှာ CCTV များ တပ်ဆင်နိုင်သလောက်တပ်ဆင်ပါ။

၎။ကွင်းအတွင်း စည်းကမ်းမလိုက်နာသူ၊ ဆိုးသွမ်းပရိတ်သတ်တွေ့ လာရင် ချက်ချင်း ဖမ်းချုပ်ပါ ဒဏ်ကြေးချ အရေးယူပါ။

၅။ပရိတ်သတ်များထဲမှ ဆိုးသွမ်းပရိတ်သတ်ကိုမြင်တွေ့ ပြီးဖမ်းဆီးပေးပါက ဆိုးသွမ်းပရိတ်သတ် ဆောင်ရမည့်ဒဏ်ကြေး 100% လုံးကို ဖမ်းဆီးပေးသူများမှဆုငွေအဖြစ်ရရှိခွင့်ထားပေးပါ။

၆။ ဘောပွဲကန်နေချိန်အတွင်း ဆိုးသွမ်းပရိတ်သတ်ကိုတွေ့ ရှိပါက ဖမ်းဆီးပြီး ကြိုး ( or ) လက်ထိပ်ခတ်ပြီး ကွင်းအတွင်း ပရိတ်သတ်များကြားထဲတွင်ထားပြီး ပွဲကိုဆက်လက်ကြည့်ရှုပါစေ(အရှက်တရားနှင့် အကြောက်တရားကို ရိုက်သွင်းသည့်နည်းစနစ်)။

အထက်ပါ နည်းစနစ်များကို သေချာလေး အကောင်အထည်ဖော်နိုင်ခဲ့ရင်
ဆိုးသွမ်းပရိတ်သတ်တွေ နည်းသွားပြီး နောင်တစ်ချိန်မှာ ဆိုးသွမ်းပရိတ်သတ် ကင်းစင်တဲ့ အဆင့်အတန်းရှိတဲ့ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေကို မြင်တွေ့ 
လာရပါလိမ့်မယ်။


ဆိုးသွမ်းပရိတ်သတ်ဆိုတာကတော့ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး နိုင်ငံတကာမှာ
လည်းရှိပါတယ် ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်က ဘောလုံးကွင်းလို
ဝါး ၂ ပြန် ၃ ပြန်အမြင့်ရှိတဲ့ ပိုက်ကွန်ကြီးတွေကာပြီးကြည့်ရတဲ့ အနေအထားမျိုး
မဟုတ်ပါဘူး ကွင်းဘေးက ကြော်ငြာဘုတ်လေးတွေနောက်ကနေ အိနြေ္ဒရှိရှိ
ဂုဏ်သိက္ခာရှိရှိ အေးအေးဆေးဆေး ကြည့်ရှုအားပေးကြတဲ့ အဆင့်အတန်းရှိတဲ့
ပရိတ်သတ်တွေပါ သူတို့ ထဲက ဆိုးသွမ်းပရိတ်သတ် ပေါ်လာခဲ့ရင်လည်း
လုံခြုံရေးတွေက ချက်ချင်း ထိထိရောက်ရောက်အရေးယူအပြစ်ပေးပါတယ်
မြန်မာပြည်က ဘောလုံးကွင်းအတွင်းတာဝန်ယူတဲ့ ဦးရဲကြီးတွေကတော့
အလှကြည့်နေကြတာများပါတယ် ပြီးခဲ့တဲ့ ၄ နိုင်ငံ ဖိတ်ခေါ်ပွဲ မြန်မာအသင်း
စင်္ကာပူအသင်းကို ရှုံးတော့ ရေသန့် ဘူးတွေနဲ့  ကွင်းထဲလဲထု ရဲတွေလည်းထု
ထုနေတာကို ဦးရဲကြီးတွေက မဖမ်းမဆီးတဲ့အပြင် ခန္ဓီစ သီးခံခြင်းသည်
မင်္ဂလာတစ်ပါး ဖြစ်ပေသည် စိတ်မျိုးမွေးပြီး ကျောက်ရုပ်ကြီးတွေလို ဘာမှ
တုန့် ပြန်မှုမရှိ ငြိမ်သက်နေတာက အင်မတန် အံ့သြစရာကောင်းသလို
စိတ်ပျက်ဖွယ်ရာလည်းကောင်းနေခဲ့တာပါ ဒါတွေလည်း ပြင်ကြဖို့ လိုပါပြီ။

ဘောလုံးအားကစားကို အမှန်တကယ်ချစ်မြတ်နိုးကြတယ်ဆိုရင် မနိုင်ရင်ထုမယ် ဖျက်ဆီးမယ် ပြဿနာရှာမယ် ဆိုတဲ့ တဒင်္ဂအတွေးစိတ်လေးနဲ့ ကျူးလွန်တတ်တဲ့ အမှားတွေကို ဆင်ခြင်ပြီး ပြုပြင်ကြဖို့ လိုပါတယ်။
ဘောလုံးပွဲကရှုံးသေး ကွင်းအတွင်း တုတ်ကျလို့ ခဲကျလို့ ဆိုပြီး ဒဏ်ကြေးကဆောင်ရသေး ငါးခုံးမ အပုပ်လေးနည်းနည်းကြောင့် မြန်မာဘောလုံး
ချစ်ပရိတ်သတ်တွေအားလုံးကို ဆိုးသွမ်းပရိတ်သတ်စာရင်းအသွင်းကခံရသေး
နောက်ဆုံး အိမ်ကွင်း အပိတ်ခံရပြီး ကိုယ့်နိုင်ငံအသင်းက အိမ်ကွင်းရှိပါလျှက်နဲ့ 
ကိုယ့်အိမ်ကွင်းမှာ ကိုယ့်ပရိတ်သတ်နဲ့ ကိုယ် မကန်ရတဲ့ အဖြစ်မျိုးကရောက်ရ
သေးတယ် ဘောပွဲလဲရှုံး နိုင်ငံနဲ့  ပရိတ်သတ်တွေရဲ့  ဂုဏ်သိက္ခာလည်းရှုံး
အရှုံးပြီးတော့ အရှုံးထပ်ဖြစ်အောင် နောက်နောင် မလုပ်ကြပါတော့နဲ့ လို့ ပဲ
ပြောချင်ပါတယ်။

ဒါကြောင့် စိတ်အလိုကို မလိုက်ကြပါနဲ့ 
မြန်မာဘောလုံးချစ်ပရိတ်သတ်တွေအားလုံး ဘောလုံးအားကစားကို အရူးအမူးခင်တွယ်ပြီး အားပေးကြတယ်ဆိုတာ သိပါတယ် ဘယ်လောက်ပဲရှုံးရှုံး
အချိန်တန်ရင် မြန်မာပွဲရှိတယ်ဆို ရှေ့ ဆုံးကရောက်နေကြသူတွေဆိုတာကိုလဲ
သိပါတယ် ဒါကြောင့် ကိုယ်တိုင်က ဆိုးသွမ်းမှုတွေ လုပ်တတ်တယ်ဆိုရင်
မလုပ်ဖြစ်တော့အောင် ထိန်းသိမ်းပါ ကိုယ့်ပတ်ဝန်းကျင်မှာ ဆိုးသွမ်းပရိတ်သတ်
တွေရှိနေရင်လည်း တတ်နိုင်သလောက် နားလည်အောင်ရှင်းပြပါ ဆိုးသွမ်းပရိတ်သတ်မဖြစ်တော့အောင် ဆွဲဆောင် သိမ်းသွင်းပါ။

တာဝန်ရှိသူများအနေနဲ့ လဲ ကလပ်အသင်းရော လက်ရွေးစင်အသင်းကိုရော အားပေးနေချိန်မှာ ဆိုးသွမ်းတတ်တဲ့ စုန်းပြူးပရိတ်သတ်တွေ လျော့နည်း
လာအောင် ကင်းစင်သွားအောင် ထိရောက်တဲ့ စည်းကမ်းတွေ နည်းလမ်းတွေ
အရေးယူမှုတွေနဲ့  စည်းထဲဘောင်ထဲကနေပဲ ထိထိရောက်ရောက်လေး ကိုင်တွယ်ဆောင်ရွက်ပေးကြစေလိုပါတယ်ဆိုတာကို ဒီစာလေးနဲ့ ပဲ တိုက်တွန်း ရေးသားလိုက်ရပါတယ်ဗျာ။

Aung Kyaw Soe ( 7.6.2016 - 4:31 PM )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...