Ads (728x90)


မြန်မာအသင်းဟာမနက်ဖြန်(3.6.2016) ညနေ ၆နာရီ အချိန်မှာ
စင်ကာပူလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ် နိုင်တဲ့အသင်းဟာ ဗိုလ်လုပွဲစဉ်ကို တက်လှမ်းခွင့်ရမှာဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ တတိယနေရာ
လုပွဲကိုသာ ယှဉ်ပြိုင်ခွင့်ရမှာပါ ဒီပွဲဟာ မြန်မာအသင်းအတွက် အရေးကြီးတဲ့
အဆုံးအဖြတ်ပွဲဖြစ်လို့  မြန်မာအသင်းကိုချစ်ခင်အားပေးကြတဲ့ နိုင်နိုင်ရှုံးရှုံး
အမြဲတမ်းအားပေးနေကြတဲ့ အမာခံ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေ
ဒီပွဲစဉ်ကို အဆင်ပြေမယ်ဆိုရင် ကွင်းထဲအရောက် လာရောက်အားပေးကြဖို့ 
လိုအပ်ပါတယ် ပရိတ်သတ်ဆိုတာ ၁၂ ယောက်မြောက် ကစားသမားဖြစ်လို့ 
လာရောက်ပြီး အားပေးကြပါလို့ လဲ ဖိတ်ခေါ်ပါတယ်။

မနက်ဖြန်ပွဲမှာ ရန်ကုန်အသင်းကိုအားပေးတဲ့ အမာခံပရိတ်သတ်တွေနဲ့ 
စုစည်းထားတဲ့ Yangon United Fan Club (Warriors Group) အဖွဲ့ ဝင်တွေ
ကွင်းအတွင်းမှာ မြန်မာအသင်းအတွက် အထောက်အကူဖြစ်စေမယ့် လှုပ်ရှားမှုလေးတွေ ပြုလုပ်သွားဖို့ ရှိပါတယ် အဲ့ဒီလှုပ်ရှားလေးတွေနဲ့ အတူ ရန်ကုန်အသင်းကိုအားပေးခဲ့ကြစဉ်ကလို စည်လုံးမှုရှိရှိ ယဉ်ကျေးမှုရှိရှိ စည်းကမ်းရှိရှိအားပေးခဲ့ကြတဲ့ပုံရိပ်တွေကို ရန်ကုန်အသင်းပရိတ်သတ်တွေ
အနေနဲ့  ဂုဏ်ယူစွာနဲ့ ဖော်ထုတ်ပြသခွင့်ရရှိမှာပဲဖြစ်ပါတယ်။

ဒီနေရာမှာ အခြားသော ကလပ်အသင်းတွေကပရိတ်သတ်တွေအနေနဲ့ 
အထင်အမြင်တွေ မလွဲကြစေဖို့ လဲ ကြိုတင်ပြီး တောင်းပန်ထားပါရစေ
မင်းတို့ ရန်ကုန်ပရိတ်သတ်တွေက လက်ရွေးစင်အသင်းပွဲမှာ မင်းတို့ ဒီလို
လုပ်နိုင်တယ် လုပ်ခဲ့တယ်ဆိုတာကိုပြပြီး ကြွားကြတာလား မင်းတို့ တွေပဲ
ဒီလိုလုပ်ဖို့  အခွင့်အရေးရတယ်ဆိုပြီး ပြချင်ကြတာလားဆိုပြီး အပြစ်တွေ
မမြင်ကြစေလိုပါဘူး ကျွန်တော်တို့ က ကြွားချင်ဝါချင် အခြားသော ကလပ်
အသင်းတွေက ပရိတ်သတ်တွေကို နှိမ်ချင်လို့  ဒီလိုလုပ်ကြတာမဟုတ်ပါဘူး
ကလပ်အသင်းတွေဆိုတာက ပြည်တွင်းလိဂ်မှာ မြို့ အလိုက် တိုင်းနဲ့ ပြည်နယ်
အလိုက် ကွဲပြားသွားလို့ သာ ကလပ်အသင်းပရိတ်သတ်တွေ သူ့ ပရိတ်သတ်နဲ့ 
သူဖြစ်ပြီးကွဲပြားသွားကြတာပါ အချိန်တန်ရင် ကလပ်အသင်းတွေက ကစားသမားတွေအားလုံးဟာ လက်ရွေးစင်အသင်းမှာ လာရောက်ပူးပေါင်းပြီး
မြန်မာနိုင်ငံကိုယ်စားပြုအသင်းတစ်သင်းဖြစ်သွားတာပါပဲ။ အဲ့ဒီလိုပဲ ကျွန်တော်
တို့ ကလပ်အသင်းပရိတ်သတ်တွေလဲ အချိန်တန်ရင် ပူးပေါင်းပြီး လက်ရွေးစင်
အသင်းရဲ့ ပရိတ်သတ်တွေဖြစ်သွားကြပါတယ် ဒါက ဘာကိုပြောချင်တာလဲ
ဆိုတော့ ကျွန်တော်တို့ ဟာ ဘယ်အချိန် ဘယ်အခါ ဘယ်နေရာမှာပဲဖြစ်ဖြစ်
ဘောလုံးအသင်းကို အားပေးကြတဲ့ အမာခံပရိတ်တွေဖြစ်လို့  အားလုံးဟာ
နိုင်ငံတစ်ခုအတွင်းမှာ မွေးဖွားလာခဲ့ကြတဲ့ သွေးချင်းညီအစ်ကို မောင်နှမတွေ
ပဲဖြစ်ပါတယ် ဒါကြောင့် မတူဘူး ကွဲပြားတယ် ခြားနားတယ်ဆိုပြီး ခွဲခြားမှုတွေ
မလုပ်ကြပါနဲ့ တောင်းဆိုပါတယ် ကျွန်တော်တို့ ဟာ မြန်မာ့လက်ရွေးစင်
အသင်းကို အားပေးတဲ့ ပရိတ်အချင်းချင်းတွေမို့ ပါပဲ။

ဒီပွဲစဉ်မှာ ကျွန်တော်တို့ လှုပ်ရှားမှုလေးတွေဟာ မြန်မာ့လက်ရွေးစင်အသင်း
ကို ၁၂ ယောက်မြောက်ကစားသမားအဖြစ် အထောက်အပံ့ဖြစ်စေဖို့ ရယ်
စင်္ကာပူရောက်မြန်မာအသင်းပရိတ်သတ်တွေ ကမ္ဘာမှာ မြန်မာပရိတ်သတ်
ဆိုတာ ဒီလိုမျိုးပါဆိုပြီး နာမည်ကောင်း အမြင်ကောင်းရအောင် စွမ်းဆောင်
ခဲ့တာမျိုး မြန်မာပြည်တွင်းမှာကျင်းပတဲ့ နိုင်ငံတကာပွဲတွေကနေတဆင့် ကျွန်တော်တို့ ပြည်တွင်းက ပရိတ်သတ်တွေလည်း စွမ်းဆောင်နိုင်တယ်
ပြည်တွင်းက ပရိတ်သတ်တွေလည်း အဆင့်အတန်းရှိရှိ ယဉ်ကျေးမှုရှိရှိ
စည်းကမ်းရှိရှိနဲ့ အားပေးပြီး နာမည်ကောင်းပုံရိပ်ကောင်း တွေကို ပြသနိုင်
နေပြီဆိုတာကို ဒီလို လှုပ်ရှားမှုလေးတွေနဲ့ သက်သေပြနိုင်ဖို့ ပါပဲ။

မှတ်မိကြဦးမယ်ထင်ပါတယ် မြန်မာ Vs အိုမန် ပွဲတုန်းက ကမ္ဘာမှာပါ အရှက်ရစေခဲ့တဲ့ မြန်မာအသင်းပရိတ်သတ်အချို့ ရဲ့  ရုပ်ဆိုး အကျည်းတန်တဲ့
ပုံရိပ်ဆိုးတွေ လုပ်ရပ်ဆိုးတွေကို ပြန်လည်ချေဖျက်ပစ်ဖို့  ကျွန်တော်တို့ 
ဒီလိုအားပေးမှုတွေ လှုပ်ရှားမှုတွေနဲ့  ပြသဖို့ လိုနေပါပြီ တစ်ကမ္ဘာလုံးက
ဆိုးသွမ်းပရိတ်သတ်တွေပဲလို့  မြင်စေခဲ့တဲ့ပုံရိပ်ဆိုးကို ကျွန်တော်တို့ 
ချေဖျက်ပစ်ကြဖို့ လိုနေပါပြီ ကျွန်တော်တို့  မြန်မာအသင်းပရိတ်သတ်တွေ
အဆင့်အတန်းရှိရှိ စည်းကမ်းရှိရှိ အားပေးတဲ့ပရိတ်သတ်တွေဖြစ်တယ်ဆိုတာ
ပြသဖို့ လိုနေပါပြီ ထစ်ခနဲရှိ သွေးဆူပြီး ကွင်းအတွင်းမှာ ပြဿနာရှာတတ်တဲ့
အကျင့်ဆိုးတွေကို ၀ိုင်းဝန်းပြုပြင် ပြင်ဆင်ကြဖို့ လိုနေပါပြီ မြန်မာအသင်း
ပရိတ်သတ်တိုင်းဟာ အရှုံးဆိုတာထက် အနိုင်ရတာကိုပဲ လိုချင်တက်မက်
ကြပြီး ပြိုင်ပွဲတစ်ခုရဲ့  အနိုင်၊ အရှုံး၊ သရေ ဆိုတဲ့ နိယာမကို လက်မခံနိုင်ကြပဲ
မနိုင်ရင် ကိုင်မယ်ကွာဆိုတဲ့စိတ်တွေ မွေးမြူထားကြတာများပါတယ်
ဒီလိုလူတွေဟာ ပုပ်နေတဲ့ ငါးခုံးမတွေဖြစ်သလို မြန်မာအသင်းပရိတ်
အားလုံးကို ဆိုးသွမ်း ပရိတ်သတ်တွေအဖြစ် မြင်စေတဲ့စုန်းပြူတွေပဲ
ဖြစ်ပါတယ် ဒီလူတွေကို ၀ိုင်းဝန်းထိမ်းသိမ်းပေးပြီး စည်းကမ်းရှိတဲ့
အဆင့်အတန်းရှိတဲ့ပရိတ်သတ်တွေဖြစ်တယ်ဆိုတာကို ဒီလို လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ကိုယ်ကျပါဝင်ပြီး ပြသပေးကြပါဦးလို့ တောင်းဆိုပါရစေ။

ဒီပွဲရဲ့  ဒီလို လှုပ်ရှားမှုလေးမှာ ကျွန်တော်တို့  ရန်ကုန်အသင်းပရိတ်သတ်အချို့ 
ရန်ကုန်အသင်းရဲ့  ဂျာစီကို ၀တ်ဆင်ပြီးအားပေးသွားဖို့ ရှိပါတယ် မြန်မာအသင်း
ပွဲစဉ်မှာ မင်းတို့ က ကလပ်အသင်းဂျာစီဝတ်ပြီးအားပေးတယ်ဆိုတော့ ရူးနေကြတာလား လက်ရွေးစင်အသင်းပွဲစဉ်မှာ လက်ရွေးစင်အသင်းဂျာစီပဲ
ဝတ်ဆင်ပြီးအားပေးရမယ်ဆိုတာကို မသိတာလား နားမလည်တာလား ဘာလား ညာလား ဆိုပြီး အပြစ်တွေမတင်ကြစေလိုပါဘူး ရန်ကုန်အသင်း ပရိတ်သတ်တွေ ဒီလိုဝတ်ပြီးအားပေးတယ်ဆိုတာက ကလပ်အသင်းတွေရဲ့ 
ဖန် ပရိတ်သတ်အချို့ က လက်ရွေးစင်အသင်းမှာပါဝင်တဲ့ကစားသမားတွေကို
ဒေသစွဲ အသင်းစွဲကြောင့် ဘယ်ကစားသမားတော့ အားမပေးဘူး ဘယ်ကစား သမားကတော့ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ရန်သူတွေလို သဘောထားနေတဲ့ စိတ်နေ စိတ်ထားတွေကို ပြုပြင်နိုင်ကြစေဖို့  ကျွန်တော်တို့ ကရန်ကုန်အသင်းပရိတ်သတ်တွေပါ ကလပ်အသင်းစွဲပြီး
အားပေးပါတယ် ပြည်တွင်းလိဂ်ပွဲစဉ်တွေမှာ ကလပ်အသင်းစွဲ ကစားသမားစွဲပြီး ကိုယ့်အသင်းက ကစားသမားမှ ကိုယ်အားပေးတဲ့ကစားသမား ဆိုတဲ့စိတ် ထားခဲ့ပေမယ့် လက်ရွေးစင်အသင်း
ပွဲမှာတော့ ကိုယ်အားပေးတဲ့ အသင်းကလဲတစ်သင်းထဲ ကိုယ်အားပေးတဲ့
ကစားသမားတွေကလည်း အတူတူတွေပဲ ခွဲခြားမှုမရှိပဲ ကစားသမားအားလုံးကို ကိုယ်အားပေးတဲ့ အသင်းက ကိုယ့်အာပေးတဲ့ ကစားသမားတွေအနေနဲ့ ပဲ အားပေးတယ်ဆိုတာကို သိကြစေချင်လို့  ရန်ကုန်အသင်းပရိတ်သတ်တွေကအဲ့ဒီလိုစိတ်ထားတယ် အဲ့ဒီလိုအားပေးတယ်
အခြားသော ကလပ်အသင်းဖန်တွေအနေနဲ့ လဲ အသင်း၊ ကစားသမား မခွဲခြားပဲ အတူတူပဲအားပေးနိုင်ကြစေဖို့  ဒီလိုဝင်ဆင်အားပေးပြီး ဒီလိုပါဆိုတာကို ပြသခြင်းပဲဖြစ်ပါတယ်။

ဒီပွဲစဉ်ကစပြီး နောက်နောင် ဒီလို လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်
သွားဖို့ ရှိပါတယ် ကလပ်အသင်းတွေ အသင်းတွေက ဖန်ပရိတ်သတ်တွေ
အနေနဲ့  ဒီပွဲစဉ်မှာဖြစ်ဖြစ် နောက်နောင် ဒီလိုလှုပ်ရှားမှုတွေမှာပဲ ဖြစ်ဖြစ်
အားလုံးပူးပေါင်းပါဝင်ပြီး ကူညီ လှုပ်ရှားပေးနိုင်ကြရင် အင်မတန်မှ
ကောင်းမွန်ပါလိမ့်မယ် မြင်ကြည့်လိုက်ကြစမ်းပါဗျာ ပြည်တွင်းမှာကျင်းပတဲ့
နိုင်ငံတကာ ပွဲစဉ်တွေမှာ ကိုယ်အားပေးတဲ့ ကလပ်အသင်းဂျာစီတွေ ကိုယ်စီ
ကိုယ်စီဝတ်ဆင်ပြီး ကွင်းထဲမှာ ကလပ်အသင်းအားလုံးကဖန်တွေ စုပေါင်းပြီး
ဒီလို လှုပ်ရှားမှုတွေလုပ်ပြနေတဲ့ မြင်ကွင်းက ဘယ်လောက်တောင် ကြည့်လို့ လှနေမလဲ ဆိုတာ :) ကျွန်တော်တို့ အားလုံးဟာ ဒေသစွဲပြီး
အားပေးတဲ့ကလပ်အသင်းတွေ မတူညီကြပေမယ့် ကလပ်အသင်းတွေက
ကစားသမားတွေနဲ့ စုပေါင်းဖွဲ့ စည်းထားတဲ့ မြန်မာ့လက်ရွေးစင်အသင်းကို
အားပေးတဲ့အချိန်မှာတော့ တစ်သွေးထဲတစ်သားထဲပဲဆိုတာကို သိထားကြဖို့ 
လိုနေပါပြီ ခွဲခြားတာတွေ တိုက်ခိုက်တာတွေ ရပ်ပြီး သွေးစည်းကြပါစို့ ဗျာ။

မြန်မာ့လက်ရွေးစင်အသင်းဟာ နိုင်ငံကို ကိုယ်စားပြုသလို ကျွန်တော်တို့ 
အားလုံးကိုလည်း ကိုယ်စားပြုပါတယ် ဒီအသင်းဟာ ကျွန်တော်တို့ အသင်း
ဒီအသင်းက စကားသမားတွေဟာ ကျွန်တော်တို့ ရဲ့ ကစားသမားတွေ ဒီတော့ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ မြန်မာ့ဘောလုံးလောကကြီးတိုးတက်လာအောင် ပုံရိပ်ဆိုးတွေများစွာရှိတဲ့ မြန်မာဘောလုံးပရိတ်သတ်တွေရဲ့ ဆိုးသွမ်းမှုပုံရိပ်တွေကို ချေဖျက်ရင်း နောက်နောင် ဆိုးသွမ်းပရိတ်သတ်တွေဆိုတာမရှိတော့ပဲ
အဆင့်အတန်းရှိရှိအားပေးတတ်တဲ့ စည်းကမ်းရှိရှိအားပေးတတ်တဲ့
မြန်မာအသင်းပရိတ်သတ်တွေဖြစ်နေပြီဆိုတာကို ကမ္ဘာကသိအောင်ပြသပြီး
ခုချိန်ကစပြီး မြန်မာအသင်းပရိတ်သတ်တွေရဲ့  သမိုင်းအသစ်ကို ၀ိုင်းဝန်းပြီး
ရေးထိုးလိုက်ကြပါစို့ ဗျာ။ ^_^
 
ကျွန်တော်တို့ နဲ့ အတူတူ ပါဝင်ပြီး လှုပ်ရှားပေးကြဖို့  ဖိတ်ခေါ်ချင်ပါတယ်
ပူးပေါင်းပါဝင်ချင်တဲ့သူတွေအနေနဲ့  ကျွန်တော့်ကို ဆက်သွယ်ပြီး ပူးပေါင်းပေးနိုင်ကြသလို ရိုးရိုးတန်းဘက်က ကျွန်တော်တို့ အဖွဲ့ လေးဆီကို လာရောက်ပြီးလည်း ပါဝင်နိုင်ကြပါတယ်ဗျာ။ ^_^


ကျွန်တော့်ကို ဆက်သွယ်မယ်ဆိုရင်တော့.....
Aung Kyaw Soe
09421157911
09794426154
09253351244
တို့ ကို ဆက်သွယ်နိုင်ပါတယ် မနက်ဖြန် နေ့ လည် ၁ နာရီကစပြီး ရိုးရိုးတန်းဘက်မှာ ကျွန်တော်တို့ ရှိနေပါမယ်ဗျာ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...