ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွင် မြန်မာနိုင်ငံအလံအား ဂုဏ်ယူစွာဖြင့် စိုက်ထူပြီး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို သက်စွန့်ကြိုးပမ်းမြှင့်တင်ခဲ့ကြသော လူငယ်တောင်တက်သမား (၃)ဦးသည် လာမည့် မေလ(၂၅)ရက်၊ နံနက် (၈)နာရီ(၅၀)မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိကြမည်ဟု သိရှိရပါသည်။
မြန်မာလူငယ်တောင်တက်သမားသုံးဦးဖြစ်သော ကိုညီညီအောင်၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့သည် ယခုကဲ့သို့ ဧ၀ရတ်တောင်အား တက်ရောက်မည့်အကြောင်းကို ပြီးခဲ့သော မတ်လ (၂၄)ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာတွင် နီပေါနိုင်ငံ၏မြို့တော် ခတ်တမန်ဒူသို့ လေကြောင်းခရီးစဉ် ဖြင့် ထွက်ခွာသွားခဲ့ကြခြင်းဖြစ်ပါသည်။
ရက်ပေါင်း (၆၀)ခန့် ကြာမြင့်ခဲ့သော ယခုတောင်တက်ခရီးစဉ်အပြီး တွင် မြန်မာလူငယ်(၃)ဦးသည် နိုင်ငံနှင့်လူမျိုး အတွက် ဂုဏ်ယူဖွယ်ရာရလဒ်ကို အောင်မြင်စွာရယူပေးနိုင်ခဲ့ပါသည်။ ယခုအောင်မြင်မှုသည် တောင် တက်အားကစားကို လူသိနည်း လှသော မြန်မာနိုင်ငံတွင် အဆိုပါအားကစားနည်းဖွံ့ဖြိုးလာစေရေး အတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိစေမည်ဟု ယူဆမိပါသည်။ တောင်တက် အားကစား ဖွံ့ဖြိုးလာ သည်နှင့် အမျှ မြန်မာနိုင်ငံသားတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖွံ့ဖြိုးမှုများအတွက်လည်း အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်မိပါသည်။
လာမည့်အနာဂါတ်ကာလများတွင်လည်း ထူးဖောင်ဒေးရှင်း အနေဖြင့် မြန်မာနိုင်ငံ၏အမှန်တကယ်လိုအပ်ချက် ရှိနေသည့် ဒေသများ တွင် ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေး များဆောင်ရွှက်လျက်ရှိ သည်နှင့်နည်းတူ ယခုတောင်တက်အားကစား နည်းကဲ့သို့ပင် အခြားအာကစားဖွံ့ဖြိုးရေးကဏ္ဍများတွင်လည်း စွမ်းနိုင်သမျှ ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။