မြန်မာနိုင်ငံအလံအား ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် စိုက်ထူခဲ့သော မြန်မာ့သားကောင်းနှစ်ဦးသည် ယနေ့ မေလ (၂၁)ရက်နေ့တွင် ဧ၀ရတ်တောင်ခြေစခန်း (Base Camp ) သို့ အောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရှိဖြစ် ကြောင်း သိရှိရပါသည်။
မြန်မာလူငယ်တောင်တက်သမား ကိုပြည့်ဖြိုးအောင်သည် ယနေ့နံနက် ပိုင်း ဒေသစံတော်ချိန် (၁၁)နာရီ (၂၀)မိနစ်တွင် တောင် ခြေ စခန်း (Base Camp) သို့ အောင်မြင်ဘေးကင်း စွာဖြင့် ပြန်လည်ရောက် ရှိခဲ့ပါသည်။
မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်၏နာယကဖြစ်သော ဦးတေဇသည် မြန်မာ့သားကောင်းတောင်တက်သမားများအား သွားရောက်ကြိုဆိုလျက်ရှိရာ လက်ရှိအချိန်တွင် နီပေါနိုင်ငံ၏မြို့တော် ခတ်တမန်တူသို့ ရောက်ရှိနေပါသည်။
ဦးတေဇသည် မြန်မာလူငယ်တောင်တက်သမားများကို တောင်ခြေစခန်း (Base Camp) အထိ သွားရောက်ကြိုဆိုမည်ဖြစ်ပါသည်။
ဦးတေဇသည် အဆိုပါမြန်မာတောင် တက်အဖွဲ့အား ထူးခြားသည့် ဂုဏ်ပြုမှုများပြုလုပ်မည်ဖြစ်ပြီး သူ့၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် လည်း တောင်ထိပ်သို့အောင်မြင်စွာရောက်ရှိခဲ့သည့် ဓါတ်ပုံများကို ဂုဏ်ယူစွာဖြင့် ဖော်ပြခဲ့ပါသည်။
ထို့အတူ မြန်မာ့ဂုဏ်ဆောင် တောင်တက်သမားများ ဘေးကင်းစွာဖြင့် ပြန် လည်ရောက်ရှိကြစေရန် မိမိဆုတောင်းနေသကဲ့သို့ပင် မြန်မာနိုင်ငံသူ၊ နိုင်ငံ သားများအနေဖြင့်လည်း ၀ိုင်းဝန်းဆုဆောင်းပေးကြရန် တိုက်တွန်းပြော ဆိုလိုကြောင်း ဦးတေဇက ဖော်ပြခဲ့ပါသည်။
ထူးဖောင်ဒေးရှင်အနေဖြင့် ယခုကဲ့သို့ မြန်မာ့တောင်တက်အား ကစားသမိုင်း တွင် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည့် အောင်မြင်မှု တွင် စွမ်းနိုင်သမျှ ပါဝင် ကူညီခွင့် ရရှိခဲ့သဖြင့် ၀မ်းမြောက်ဂုဏ် ယူမိပါကြောင်း ဖော်ပြအပ်ပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။