Ads (728x90)


သင်္ကြန်ကိစ္စရေးလက်စ ခဏရပ်ပြီး သူရဦးအောင်ကို အင်တာဗျူးကိစ္စလေး ပြောရအုံးမယ်...
မြန်မာပြည်မှာ...
၁။ နိုင်ငံသား
၂။ ဧည့်နိုင်ငံသား
၃။ နိုင်ငံသားပြုခွင့်ရသူ ဆိုပြီး ၁၉၈၂ နိုင်ငံသားဥပဒေမှာ ဖော်ပြထားပါတယ်...

အဲဒီထဲကမှ ဧည့်နိုင်ငံသားတွေဆိုတာ တရုတ်လူမျိုးနဲ့ ဘင်္ဂလီ (အများအခေါ် ကုလား)လူမျိုးက အများဆုံးပါ...
တရုတ်စပ်တွေ ဧည့်နိုင်ငံသားလျှောက်တာက နည်းပါတယ် (မအလများက နိုင်ငံသားတန်းပေးတာများတယ်)
ဘင်္ဂလီလူမျိုး( မွတ်ဆလင်လူမျိုး၊ ကုလားလူမျိုး )တွေကတော့ ဧည့်နိုင်ငံသားကဒ်၊ Green ကဒ်( ယခင် White ကဒ်) တွေ အများဆုံးတွေ့ရပါတယ်
မြန်မာပြည်အရပ်ရပ်မှာ ဧည့်နိုင်ငံသားကဒ်ကိုင်ဆောင်ထားတဲ့ သူတွေ အများကြီးရှိပါတယ်
အဲဒီအများကြီးတွေထဲက အများစုဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ သူကများပါတယ်
အဲဒီအတွက် ဧည့်နိုင်ငံသားအများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာလို့ ပြောတာ ဘာများမှားနေလို့ ဖျင်နာနေကြတာလဲ

ပြောနေတဲ့ စကားလမ်းကြောင်းဟာ နိုင်ငံသားအခွင့်အရေးကိစ္စ၊ လွတ်လပ်စွာ သာသနာပြုနိုင်ခွင့်ကိစ္စပါ
သူရဦးအောင်ကိုပြောသွားတာက နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေထက်ကျော်လွန်ပြီး ဧည့်နိုင်ငံသားတွေရဲ့ အခွင့်အရေးကိုပါ အလေးထားဆောင်ရွက်မယ့် အကြောင်းပြောသွားတာပါ
အင်တာဗျူးအစအဆုံးကို နားထောင်ကြည့်ရင် သူဘာကိုပြောချင်လည်း သိပါတယ်
အဲသလိုမှ မဟုတ်ပဲ ကိုယ်လိုရာဖြတ်ပြီးတွေးမယ်ဆိုရင်တောင် ဧည့်နိုင်ငံသားအများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာလို့ သုံးနှုန်းသွားတာကို တွေ့ရမှာပါ
ဘာသာရေးပက်သက်ရင် ထိရှလွယ်တယ်ဆိုတာ သိပါတယ်
သို့သော် ကိုယ်က မှီအောင်မတွေးနိုင်တာနဲ့ ထိရှပြီး ပြောတဲ့သူကို သောက်ပြစ်တင်နေရင်တော့ မဟုတ်သေးဘူးနော်
ကျုပ်က ဗုဒ္ဓဘာသာပါ
ဘယ်ဘာသာကိုမှ မစော်ကားဘူး
တခြားဘာသာကို စော်ကားနေတဲ့လူတွေကိုလည်း ဘယ်ဘာသာဝင်ဖြစ်ဖြစ် အရမ်းမုန်းပါတယ်
ကျုပ်တို့ဘာသာက သူများဘာသာကိုစော်ကားခွင့်ပြုမထားပါဘူး
အားလည်း မပေးပါဘူး
ဘာသာရေးနဲ့ပက်သက်ရင်လည်း ဖြည့်ပြီးတွေးလေ့ရှိပါတယ်
ဘော်ကျော်လာရင်တော့ အစိမ်းအကျက်မရွေးပါဘူး
အကုန် ဆော်ပါတယ်
ကြိုပြောထားတာပါ
အခုလိုပြောလို့ သူရဦးအောင်ကို ဖာတယ်လို့ထင်ရင် ဂရုမစိုက်ပါဘူး
သူပြောတာတွေက အားလုံးမှန်တယ်လို့ အာမခံနေတာလည်း မဟုတ်ပါဘူး
သို့လော.. သို့လော ဖြစ်သွားတာက လက်ခံတယ်
ဖြစ်သင့်တယ်
သို့သော် မွတ်ဆလင်ဘာသာဝင်တွေဟာ ဧည့်နိုင်ငံသားတွေပါလို့ အဓိပ္ပါယ်ဖွင့်လိုက်တာကတော့ အရောက်ပို့လိုက်တာပဲ
အခုပြောနေတာကလည်း ဧည့်နိုင်ငံသားဆိုတဲ့ စကားတခွန်းကို ရှင်းပြတာ့ပါ
အကျိုးအကြောင်းမသိသူကို ကိုယ်သိသလို သိအောင်ပြောပြဖို့က ကျနော့်လုပ်နိုင်တဲ့အလုပ်ပါ
အဲဒီအတွက် လုပ်နေပါတယ်
အကျိုးအကြောင်းရှင်းပြတာနဲ့ အမှားကိုဖုံးကွယ်ပြီးမှန်တယ်လို့ ဖင်ပိတ်ငြင်းတာနဲ့တော့ ကွဲပြားစေချင်ပါတယ်
ရှင်းပြတာနဲ့ ဖာတာနဲ့မှ မကွဲရင်လည်း မတတ်နိုင်ပါဘူး
ထပ်ပြောလိုက်အုံးမယ်... ရှင်းအောင်လို့
မြန်မာပြည်မှာရှိတဲ့ ဧည့်နိုင်ငံသားအများစုကိုးကွယ်ကြတာဟာ အစ္စလာမ်ဘာသာပဲ ဖြစ်တယ်...
အစ္စလာမ်ဘာသာကို ဧည့်နိုင်ငံသားတွေသာ ကိုးကွယ်တယ်လို့ပြောနေတာ မဟုတ်ပါဘူး
အဲဒါကို ခဲညှပ်နေကြရင်တော့ အဲဒီခဲကို ဆီလေးဆွတ်ထားကြဖို့ အကြံပြုရုံကလွဲလို့ မပြောတတ်တော့ပါဘူး..။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...