Ads (728x90)


ဖုန်းဘီလ် အခွန်ကောက်ခံမှုကို ခေါ်ဆိုသည့် အကြိမ်တိုင်းတွင် ဖြတ်တောက်သည့် စနစ်ဖြင့် ကောက်ခံမည်။ ဆိုတာကို လူတိုင်း သိရှိပြီး ဖြစ်မှာပါ မနှစ်က 5% ကောက်မယ်ဆိုတော့ ၀ိုင်းဝန်းပြီး ပြောဆို တာတွေ ကန့် ကွက်ကြတာတွေကြောင့်
ရွေ့ ဆိုင်းလိုက်ပါတယ် ခု အစိုးရသစ်တက်လာချိန်မှာတော့ အဲ့ဒီ ရွေ့ ဆိုင်းထားတာကိုပြန်လည်ပြီး အသက်သွင်းလာပါတယ်။
အဲ့ဒီ မှာ သတင်းတစ်ပုဒ်ထဲမှာ ဘာသွားတွေ့ လည်းဆိုတော့....
>>> ‘‘ဖုန်းဘီလ်တစ်ထောင် ဖြည့်မယ်ဆိုရင် တစ်ထောင်အတိုင်းပဲ အပြည့်ရမှာပါ။ အဲဒီအပေါ်မှာ ကောက်ခံဖို့ မရှိပါဘူး။ တကယ်လို့ အဲဒီထဲကနေ ဖုန်းတစ်မိနစ် ပြောမယ်ဆိုရင် ဖုန်းပြောခ ၁၈ ကျပ်အပြင် အခွန် ၅ ရာခိုင်နှုန်းကိုပါ ကောက်ခံမှာဖြစ်ပါတယ်’’ ဟုတယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပတ်တာဖာဘတ်က အတည်ပြုပြောကြားသည်။
မိုဘိုင်းဖုန်း အသုံးပြုသူများအား အခွန်ကောက်ခံခြင်းကို ဖုန်းဘီလ်ဖြည့်သွင်းမှုအပေါ် ကောက်ခံမည်ဟု မူလက ကြေညာခဲ့သော်လည်း ဖုန်းအသုံးပြုသည့် ပမာဏ အပေါ်တွင် ကောက်ခံမည့်စနစ် ကိုသာ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်၍ ဖုန်းဘီလ်ဖြည့်သွင်းပြီး စတင်အသုံးပြုမှသာ ၅ ရာခိုင်နှုန်း အခွန်ကို ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ ဥပမာအားဖြင့် ဖုန်းတစ်ကြိမ်ခေါ်ဆိုလျှင် သုံး မိနစ်ကြာမည်ဆိုပါက ယင်းမိနစ်ကုန်ကျငွေအပေါ် ၅ ရာခိုင်နှုန်းဖြတ်တောက်မည့်ပုံစံဖြစ်သည်။ <<<
ဆိုပြီး သွားတွေ့ တယ် ပထမ ဖုန်းငွေဖြည့်ကတ် ဖြည့်လိုက်တဲ့အချိန်မှာ
5% အခွန်ကောက်မယ်ဆိုပြီး သတ်မှတ်ထားပေမယ့် ပြောင်းလဲလိုက်တဲ့
စနစ်မှာတော့ ဖုန်းခေါ်ဆိုတဲ့ အကြိမ်တိုင်းမှာ ခေါ်ဆိုတဲ့ မိနစ်ပေါ်မူတည်ပြီး
5% ကောက်သွားမယ် ဆိုတော့ သိပ်တော့မဟုတ်သေးဘူး တစ်ခါဖုန်းခေါ်ရင်
၁ မိနစ်ကျတယ်ပဲထားပါတော့ အဲ့ဒီမှာ ၁ မိနစ်စာခေါ်ဆိုမှုအတွက် ကုန်ကျစရိတ် ၁၀၀ ကျပ် ကျသင့်တယ်ပဲထား 5% ကောက်လိုက်ပြီ
နောက်ထပ် ၁ မိနစ်စာ ထပ်ခေါ်ရင် ထပ်ပြီးတော့ 5% ကောက်မယ် ဆိုတာကတော့ မဟုတ်သေးဘူး တစ်ခါခေါ် ၁ မိနစ်မကပဲ နာရီဝက်
၁ နာရီကြာတာမျိုးဆို ခေါ်ဆိုမှုအတွက်ကျသင့်ငွေကများသွားပြီ အဲ့ဒီမှာ
အဲ့ဒီကျသင့်ငွေထဲကနေ 5% ထပ်ကောက်လိုက်ဦးမှာ ဆိုရင်တော့
သေပီလေ ဖုန်းတောင် ခေါ်ရမှာ လက်တွန့် ကုန်မယ်။
အဲ့ဒီမှာ ဖုန်း တစ်ခါခေါ်ဖို့ ကို ၀န်လေးပြီး ရိုးရိုးဖုန်းကနေမခေါ်ပဲ
Mobile Data လေးဖွင့်ပြီးဖြစ်ဖြစ် WiFi Free ရတဲ့ နေရာတွေသွားပြီး
Viber ကနေ Facebook ကနေပဲ ဖုန်းခေါ်တာမျိုးတွေ လောက်ပဲ
လုပ်ကြတော့မှာသေချာတယ် သေချာတာကတော့ ဖုန်းခေါ်ဆိုမှုတိုင်းမှာ
အခွန် 5% ကောက်မယ်ဆိုရင်တော့ မကျေနပ်မှုတွေ ဆန္ဒပြမှုတွေတောင်
ဖြစ်လာနိုင်ပါတယ်။
အမှန်တစ်ကယ်တမ်းဆိုရင် ငွေဖြည့်ကတ် ဖြည့်ဖြည့်ချင်းမှာ 5% ကောက်မယ်ဆိုတာကမှ ဟုတ်ပါသေးတယ် အဲ့ဒါဆို ငွေဖြည့်ကတ်နဲ့ 
ငွေဖြည့်လိုက်တာနဲ့  5% ပဲကုန်တယ်ဆိုတာ တန်းသိရပါတယ်
လက်ရှိပြောနေသလို ဖုန်းခေါ်ဆိုမှုတိုင်းမှာသာ 5% လိုက်ကောက်နေမယ်ဆိုရင်တော့ ဖုန်းဘေလ် စဖြည့်ဖြည့်ချင်း ကောက်တဲ့ 5% ထက် ပိုမိုပြီးတော့ ကုန်ကျသွားနိုင်ပါတယ် ကိုယ်ဖုန်းခေါ်တာတွေက
ဘယ်နှမိနစ်လောက် ရှိသွားပြီလဲမသိဘူး တစ်ခါခေါ် တစ်ခါ 5% ကောက်တာက ဘယ်လောက်ထိ ကောက်သွားလဲမသိဘူးဆိုပြီး
ဖုန်းခေါ်မှုတွေကို လိုက်စစ်တာတွေ လိုက်ပြီးမှတ်သားတာတွေ လုပ်ရတော့မယ်ထင်ပါတယ် အဲ့လို စစ်ကြည့်လိုက် ဖုန်းခေါ်ဆိုမှုတွေ
များတယ် တစ်ခါကောက် 5% ဆိုတာတွေကလည်း အများကြီးဆိုရင်တော့
မမိုက်တော့ပါဘူး ဒါဆိုရင်တော့ မိုလ်ဘိုင်း သုံးစွဲသူတွေအတွက်
ဘယ်လိုမှ မကိုက်တော့ပါဘူး နိုင်ငံရပ်ခြားမှာဆို
Mobile သုံးစွဲသူတွေ ဆီကနေ မကောက်ခံပဲ အော်ပရေတာတွေဆီကနေပဲ
အခွန်ကောက်ခံပါတယ် နိုင်ငံရပ်ခြားကလိုပဲ အဲ့လိုသာ ဆောင်ပေးကြမယ်ဆို
အရမ်းကောင်းမှာပါ အဲ့ဒါကြောင့် ငွေဖြည့်ကတ်ဖြည့်ချိန်မှာ 5% မကောက်ပဲ
ဖုန်းခေါ်ဆိုမှုတိုင်းမှာသာ 5% လောက် 5% လောက် ကောက်မယ်ဆိုတဲ့
နားလှည့်ပါးရိုက်အကွက် မလုပ်ပါနဲ့  Mobile သုံးစွဲသူတွေဆီက
ကောက်မယ်ဆိုရင်လည်း ငွေဖြည့်ကတ် ဖြည့်ဖြည့်ချင်း မှာပဲ
5% ကောက်ခံတာ ပိုမိုပြီးအစဉ်ပြေပါကြောင်း အဲ့ဒီလိုပဲ စဉ်းစားပြီး
လုပ်ဆောင်ပေးသင့်ပါကြောင်း အကြံပြု ပြောကြားလိုပါတယ်ဗျာ။
ဘာကောင်မှတော့မဟုတ်ပါဘူး ဖြစ်သင့်တာနဲ့  ဖြစ်စေချင်တာလေး
ပြောပြရတာပါ colonthree emoticon
MPT မှ ကြေညာချက်
ကုန်သွယ်ခွန်ကြေညာချက်
မိုဘိုင်းဖုန်းသုံးစွဲသူ မိဘပြည်သူများခင်ဗျာ
၂၀၁၆ ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး၂၀၁၆ ပြည်ထောင်စု အခွန်ဥပဒေအရ သုံးစွဲသူများအားလုံးသည် ကုန်သွယ် လုပ်ငန်းခွန် ၅% ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဤကုန်သွယ် လုပ်ငန်းခွန် ၅% ကို ပြည်ထောင်စု အစိုးရကိုယ်စား ဖုန်းအော်ပရေတာများက ကောက်ခံပြီး သုံးစွဲသူ မိဘပြည်သူများ ကိုယ်စား ပြည်ထောင်စု အစိုးရသို့ ပေးသွင်းသွားမှာ ဖြစ်ပါတယ်။
7 Day မှာ ပါတဲ့ သတင်း
ဖုန်းဘီလ် အခွန်ကောက်ခံမှုကို ခေါ်ဆိုသည့် အကြိမ်တိုင်းတွင် ဖြတ်တောက်သည့် စနစ်ဖြင့် ကောက်ခံမည်။
http://www.news-myanmar.info/2016/03/blog-post_11.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...