Ads (728x90)


ဦးလေး
တူတော်မောင် ဘောဆရာရေ . . .
ပြောစရာအကြောင်းအရာတွေက စက်ရုံ ထုတ်တွေများလားတောင် မှတ်နေရတယ်နော်။ တစ်ပတ်တစ်ပတ် ကုန်သွားတယ်မရှိဘူး။ တစ် ခါတစ်ခါပြောစရာတွေ များလွန်းလို့ ကျန်သွား တာတွေတောင်ရှိတယ်။ ဒါတွေ ထားပါဦး။ ဦး လေးသိချင်တာက ယူ-၁၈ ကစားသမားလေး တွေကစားတဲ့ မြက်ခင်းပြင်က ကန်စွန်းရိုးသာ သာဆို။ ဘယ်လိုတွေ ဖြစ်ကုန်ကြတာလဲကွာ။ တူတော်မောင်သိရင်လည်း ဦးလေးကို ရှင်းပြ စမ်းပါဦး။ တာဝန်ရှိသူတွေကတော့ ဒီလိုပွဲမျိုး ကျင်းပနိုင်လို့ အပျော်ကြီး ပျော်နေကြပုံပဲကွာ။ ဦးလေးလည်း မသိပါဘူး။ ညီတော်မောင်တစ် ယောက်က ဦးလေးကို ပြောတယ်။ ကလေး တွေကစားတဲ့ကွင်းက တော်တော်လေးဆိုးတယ် တဲ့။ ဖြည်းဖြည်းလေးလိမ့်လာတဲ့ ဘောလုံးက ခဲနဲ့ထိပြီး အပေါ်ကိုမြောက်တက်သွားသလို ဂိုး သမားမျက်နှာကို မှန်တယ်တဲ့။ ပြန်ထွက်လာ တယ်။ ဒါကို ပြိုင်ဘက်ရှေ့တန်းက ဂိုးသွင်း လိုက်တယ်တဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့ လား။ ကြားကြားချင်း ဟာသလို့ ဦးလေးထင် နေတာ။ သေချာစုံစမ်းတော့မှ တကယ်ဖြစ်နေ တာကွာ။ လက်မထောင်နေတဲ့ တာဝန်ရှိသူတွေ ဘယ်နေရာမှာ အိပ်နေကြသလဲ။ ဦးလေးက တော့ ကွင်းမကောင်းရင် ပွဲမကျင်းစေချင်ဘူး။ ဒီနှစ် မကျင်းပလို့လည်း ဘာမှမဖြစ်သွားပါဘူး ကွာ။ မြန်မာပြည်မှာ ဘောလုံးကွင်းတွေ ရှား ပါးနေတာကို ဦးလေးသိပါတယ်။ ဒါပေမဲ့ ကွင်း မရှိရင် ရှိအောင်လုပ်ရမှာက ဘယ်သူတွေလဲ။ ဦးလေးကတော့ တော်တော်လေး စိတ်ပျက်သွား တယ်။ ဒီလိုကွင်းမျိုးမှာ တာဝန်ရှိသူတွေရဲ့သား သမီးတွေကို ကစားခိုင်းမလား။ ဦးလေး သိချင် တယ်။
တူတော်မောင် ဘောဆရာရေ . . .
အယူခံကော်မတီက ဝင်တိုင်း နိုင်တယ်။ ပထမဆုံး နေပြည်တော် ဝင်တယ်။ ပြစ်ဒဏ် လျော့တယ်။ အခု ကမ္ဘောဇ ဝင်တယ်။ နိုင် ပြန်တာပဲ။ ဒါဆို ဘာလို့ စည်းကမ်းထိန်းသိမ်း ရေးဆိုပြီး ထားနေကြသေးလဲ။ အခုတော့ ပြော စရာတွေ ဖြစ်ကုန်တာပေါ့။ စည်းကမ်းထိန်းသိမ်း ရေးအကြောင်းက နှစ်တိုင်းပါနေတယ်။ ကမ္ဘော ဇတိုက်စစ်မှူးကို ၆ ပွဲပယ်တယ်။ အယူခံဝင် တယ်။ ၄ ပွဲပဲ ပြစ်ဒဏ်ချတယ်။ ဒါကတော့ များသွားပြီလို့ ဦးလေးထင်တယ်။ တူတော်မောင် ဖတ်လိုက်ရတယ်မလား။ ဦးလေးကတော့ အ ယူခံကော်မတီကို စနစ်တကျပြန်ဖွဲ့စည်းစေချင် တယ်။ အခုက အဖြစ်သဘောမျိုးဖြစ်နေတယ်။ ကြာလာရင် ဝေဖန်သံတွေ ဆူညံကုန်လိမ့်မယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆောင်းပါးလေး ရေးပါဦးကွာ။
တစ်ပတ်တစ်ပတ် ဒီလိုမျိုး ဆောင်းပါးတွေ နဲ့ ဖောင်းထုနေတဲ့ ဦးလေးကိုလည်း တစ်ချို့ က အမြင်ကပ်လောက်ပြီ ထင်ပါရဲ့။ ဒါနဲ့ တူ တော်မောင် ဦးလေးမသိလို့ မေးချင်တယ်။ သီ ဟစည်သူကို ပြန်ရွေးချယ်ဖို့ အစီအစဉ်ရှိသေး လား။ ၂ဝ၁၄ တိုက်ဂါးဖလားပွဲမှာ ဖြစ်ပျက်ခဲ့ တာတွေကို အားလုံးသိကြတယ်။ ကစားသမား ၃ ယောက် အပြင်ထွက်တယ်။ တစ်ယောက်ကို ပြန်ရွေးထားတယ်။ ဒီနေရာမှာ ဦးလေး မရှင်း တာက ဘာဖြစ်လို့ သီဟစည်သူကို မဲနေကြ တာလဲ။ ဘာလဲ သူက ရုပ်သံမှာ ပြောလိုက် လို့ များလား။ အဖွဲ့ချုပ်ကရော ဘာလို့မရှင်းရဲ တာလဲ။ ကစားသမားအပြင်ထွက်တယ်။ မှား တယ်ထင်ရင် ပြစ်ဒဏ်ချလေ။ အဲဒီတုန်းက သီ ဟစည်သူက ရုပ်သံမှာ ဖွင့်ချခဲ့လို့လား။ ဦးလေး ကတော့ အဖွဲ့ချုပ်က တာဝန်ရှိသူတွေ မတ ရားဘူးလို့ မြင်တယ်။ သူတို့လုပ်ပုံကြောင့် ဂိုး သမားကောင်းတစ်ယောက် ဆုံးရှုံးရတော့မယ် ထင်ပါရဲ့ကွာ။
တူတော်မောင် ဘောဆရာရေ . . .
သူများအမှားတွေကို ထောက်ပြပြီးပြီဆို တော့ ချီးကျူးစရာလေးတွေကိုလည်း ချီးကျူး ချင်သေးတယ်ကွာ။ ဒါက အခြားမဟုတ်ပါဘူး။ ကွင်းလယ်သာသာကနေ လှမ်းကန်သွင်းလိုက် တဲ့ ကြည်လင်းရဲ့ ဂိုးပါပဲ။ ဒီဂိုးဟာ အဆင့်မီ ဂိုးတစ်ဂိုး။ မြန်မာကစားသမားတစ်ယောက် ဒီ လိုသွင်းတာဟာ ဂုဏ်ယူစရာပါပဲ။ တူတော် မောင် မှတ်မိဦးမလားမသိဘူး။ ရခိုင်တိုက်စစ် မှူး အင်ဒရေဟာ ဇေယျာရွှေမြေနဲ့ပွဲမှာ အခု လိုပဲ ကွင်းလယ်ကနေ ဂိုးသွင်းဖူးတယ်။ အဲဒီ ဂိုးကြောင့်ပဲ ဇေယျာရွှေမြေဂိုးသမား ညီညီလွင် လည်း အသင်းနဲ့လမ်းခွဲသွားခဲ့ရတယ်။ ဒါကြောင့် ဒီလိုဂိုးမျိုးကို မြင်ရဖို့ ၃ နှစ်လောက် စောင့် လိုက်ရသလိုပဲနော်။
ဒါနဲ့တူတော်မောင်ရေ။ ကလပ်အသင်းမှာ ဒဏ်ရာရနေတဲ့ မောင်မောင်လွင်တို့ ငြိမ်းချမ်း အောင်တို့ကို လက်ရွေးစင်နည်းပြကြီးက ခေါ် ပြီး လေ့ကျင့်ပေးတယ်။ ဒါကို ဟံသာဝတီက ကန့်ကွက်တယ်။ ဦးလေးကတော့ ဟံသာဝတီ မှန်တယ်လို့ ထင်တယ်။ နားရမယ့်အချိန်မှာ မ နားဘဲ လေ့ကျင့်ခန်းလုပ်တော့ ပိုမဆိုးသွားဘူး လား။ ဒါကြောင့် နည်းပြဆရာအနေနဲ့ သိပ် လောဘမကြီးဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် ပြောစရာတွေ ဖြစ်ကုန်လာလိမ့်မယ်။ ဒီကိစ္စကို တူတော်မောင်ရော ဘယ်လိုမြင်လဲ။
တူတော်မောင် ဘောဆရာရေ . . .
မေးမယ် မေးမယ်နဲ့ မမေးဖြစ်တာ ရှိနေ သေးတယ်။ မြန်မာလိဂ်ဆုပေးပွဲက ဘယ်တော့ ကျင်းပမှာလဲ။ ဟိုနေ့စမယ်။ ဒီနေ့စမယ်နဲ့ လေ လုံးတွေ ပစ်နေကြတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျ အဖျားရှုးသွားကြတယ်။ ဒါဟာ အဖွဲ့ချုပ် ရဲ့ ထုံးစံလိုဖြစ်နေပြီ။ ဦးလေးကတော့ ဒီနေ့ အချိန်ထိ စနစ်တကျမလုပ်တတ်တဲ့ အဖွဲ့ချုပ် က အာဆီယံမှာ အကောင်းဆုံးအဖွဲ့ချုပ်ဆု ၂ နှစ်ဆက်ရတာ အခြားနိုင်ငံက အဖွဲ့ချုပ်တွေက ဦးလေးတို့ အဖွဲ့ချုပ်တွေထက် ညံ့ကြတယ် ထင် ပါရဲ့။ ဒါကိုရော တူတော်မောင် ဘယ်လိုမြင်လဲ။ ဦးလေးကတော့ ဘာမှကို မပြောချင်တော့ပါဘူး ကွာ။


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...