ပါလက်စ္စတိုင်းတို့မှ ဂျုးလူမျိုးများအပေါ် တိုက်ခိုက်သတ်ဖြတ်ရန် လှုံ့ဆော်ထားသော post များကို ပယ်ဖျက်ပစ်ရမည်မှာ ဖေ့စ်ဘုတ်၏၀တ္တရားဖြစ်သည့်အပြင် ဥပဒေအရ တာဝန်လည်းရှိကြောင်း တရားလိုများဘက်က ထည့်သွင်းတင်ပြထားသည်။
“အစ္စရေးနိုင်ငံတ၀န်းတွင် ပြီးခဲ့သောလကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို မီးထိုးပေးသကဲ့သို့ဖြစ်သော ဖေ့စ်ဘုတ်ပေါ်မှ ပါလက်စ္စတိုင်း အစွန်းရောက်ဝါဒီတို့၏ ဗီဒီယိုဖိုင်များ၊ ထုတ်ပြန်ကြေညာချက်များ၊ ကာတွန်းများကို ဖေ့စ်ဘုတ်က ပယ်ဖျက်ရန် ငြင်းဆန်ခဲ့သည်။ ဖေ့စ်ဘုတ်ကြောင့် လှုံ့ဆော်သူများနှင့် အကြမ်းဖက်တိုက်ခိုက်သူများအကြား အဆက်အသွယ်ရစေပြီး ဓါးထိုးမှုများနှင့် အခြား တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်”ဟု စွဲချက်တွင် ရေးသားထားသည်။
အဆိုပါအမှုကို အသက် ၇၆ နှစ်အရွယ် ဂျုးလူမျိုးအမေရိကန်နိုင်ငံသား ရစ်ချတ်လန်ကင်းက နယူးယောက်တရားရုံးတွင် တနင်္ဂနွေနေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အမှုဖွင့်သူ လန်ကင်းသည် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တွင် အောက်တိုဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သော ဘတ်စ်ကားပေါ် ဓါးထိုးမှုကြောင့် ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။ ၎င်းဓါးထိုးမှုကြောင့် ခရီးသည် ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာလက ဆက်တိုက်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံသား ၁၀ ဦးသေဆုံးခဲ့ရပြီး ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပါလက်စ္စတိုင်း ၅၀ ဦး သေးဆုံးခဲ့ရသည်။
အစွန်းရောက်တို့၏ ဖေ့စ်ဘုတ်ပေါ်မှ ဂျုးလူမျိုးသတ်ဖြတ်ရေး လှုံ့ဆော်ချက်များက လူသတ်သမားများကို အကြမ်းဖက်လုပ်ရပ်များ ကျုးလွန်စေရန် တွန်းအားပေးခဲ့ကြောင်း၊ အချို့သော post များတွင် လူကို ဓါးဖြင့်ထိုးသတ်ရန် အကောင်းဆုံးနေရာများကို ရုပ်ပုံနှင့်တကွ စနစ်တကျ ညွှန်ကြားထားကြောင်း၊ သို့ဖြစ်၍ ထိုသို့သော ဖေ့စ်ဘုတ်စာမျက်နှာများ၊ ပို့စ်များကို ပယ်ဖျက်ပေးရမည်ဖြစ်ကြောင်းလည်း စွဲချက်တွင် ပါရှိသည်။
အဆိုပါ တရားစွဲဆိုမှုတွင် ငွေကြေးရလိုမှု အပါဝင်ဘဲ စွဲချက်ကို အမေရိကန်နှင့် အစ္စရေးအခြေစိုက် ရှေ့နေ သုံးဦးက ရေးသားထားခြင်းဖြစ်ပြီး စာမျက်နှာ ၇၆ မျက်နှာ ပါဝင်သည်။
RT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။