Ads (728x90)
-
------------------------------------------------
ငြိမ်းချမ်းရေးကို အမှန်တစ်ကယ်လိုလားတယ် အပစ်အခတ်တွေကို တစ်ကယ်ပဲ
ရပ်စဲစေချင်တယ် ပြည်တွင်းစစ်တွေကို လုံးဝမှ ရပ်တန့် စေချင်တယ်ဆိုရင်တော့
လွယ်ပါတယ် အလုပ်သင့်ဆုံး လုပ်ရပ်က ဘယ်တိုင်းသားတိုင်းကိုမဆို
ဘာအကြောင်းပြချက်နဲ့ မှ လက်နက်ကိုင်ခွင့် မပြုသင့်တော့တာပါပဲ။
ဘာကြောင့်လည်းဆိုရင် အဓိက ကတော့ ပြည်တွင်းစစ်တွေဖြစ်ပြီး
မငြိမ်းမချမ်းဖြစ်နေတာ ဒီတိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေကြောင့်ပါပဲ
 အလင်းဝင်လာသူတွေလက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်လာသူတွေလို
လက်နက်ကိုင်ချင်နေသေးတယ်ဆိုပါလျှင် နယ်ခြားစောင့်တပ်အဖြစ်
အမိနိုင်ငံကို အမှန်တစ်ကယ် အကျိုးရှိစေမယ့် ကာကွယ်ပေးနိုင်တဲ့
တိုင်းရင်းသား လက်နက်ကိုင်တပ်မတော် အဖြစ်နဲ့ ပဲ လက်နက်
ကိုင်ဆောင်သင့်ပါတော့တယ် ဒါကဖြစ်သင့် ဖြစ်ထိုက်တဲ့အကြောင်းအရာပါ
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် ဆိုသူတွေ( အလင်းဝင်ထားသူများကိုမဆိုလိုပါ )
 ဒီနိုင်ငံနဲ့  ဒီလူမျိုးတွေအတွက် ဘာတွေများကောင်းကျိုးတွေလုပ်ပေးခဲ့ကြပြီးပြီလည်း
 ဒီနေ့ ဒီအချိန်အထိတော့ ကောင်းကျိုးတွေ တစ်ခုမှလုပ်ဆောင်ပေးခဲ့တာ
မတွေ့ ခဲ့ရသေးပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေ ဘာကြောင့်လက်နက်ကိုင်တာလည်း
မေးကြည့်လိုက်ရင် တိုင်းရင်းသားတွေအတွက်(တိုင်းရင်းသားတွေကိုယ်စား)
လွတ်မြောက်ရေး တပ်မတော်အဖြစ်လက်နက်ကိုင်သည် ယုံကြည်ချက်ကြောင့်
လက်နက်ကိုင်သည်ဆိုတာမျိုးပဲရှိတယ် ဟုတ်ပီဗျာ တိုင်းရင်းသားတွေအတွက်
လက်နက်ကိုင်တာဆို တိုင်းရင်းသားတွေ အတွက်ဘာလုပ်ပေးခဲ့ပြီးပြီလည်း
ကျွန်တော်သိသလောက်ဆိုရင် လမ်းတံတားတွေကို မိုင်းခွဲဖျက်ဆီး တယ်
ကျေးရွာတွေမှာ ဆပ်ကြေးကောက်တယ် တိုင်းရင်းသားလူငယ်လေးတွေကို
အတင်းအဓမ္မလူစုတယ် လက်နက်မကိုင်ချင်တဲ့သူကိုလည်း ဇွတ်အတင်း
ဆွဲသွင်းပြီးကိုင်ခိုင်းတယ် နောက်ပြီး အစိုးရတပ်တွေကို လစ်ရင်လစ်သလို
ဝင်ဝင်ပစ်တယ်  အဲ့လို ၀င်ပစ်တော့ တပ်မတော်ဘက်က ပြန်ပစ်တော့
တိုက်ပွဲတွေဖြစ်တယ် တိုက်ပွဲတွေဖြစ်တော့ လူတွေသေတယ် တိုင်းရင်းသားတွေ
မနေနိုင်တော့ ထွက်ပြေးတယ် စစ်ဘေးဒုက္ခသည်တွေဖြစ်ကုန်တယ်
ကဲ.. စဉ်းစားကြည့်တော့ဗျာ သူတို့ လက်နက်ကိုင်တာ တိုင်းရင်းသားတွေ
အတွက် အကျိုးရှိလား ပြည်သူတွေအတွက်အကျိုးရှိလား နိုင်ငံအတွက်ရော
အကျိုးရှိလား ဘာတစ်ခုမှ အကျိုးမရှိတာတော့ အားလုံးအမြင်ပဲလေ။
စစ်ဖြစ်ပြီဆိုရင် နှစ်ဦးနှစ်ဖက် သေကြ ကျေကြ တာချည်းပါပဲ ပြည်တွင်းစစ်ဖြစ်တော့
စစ်သားပဲသေသေ တိုင်ရင်းသားလက်နက်ကိုင် ဆိုသူတွေပဲ သေသေ ဒါက
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားတွေ သေတာပါပဲ ဘယ်သူ့ ဘက်မှ အကျိုးမရှိပဲ
တိုင်းပြည်အတွက် အလုပ်အကျွေးပြုနိုင်တဲ့သူတွေ ဆုံးရှုံးရတာပဲ အဖတ်တင်ပါတယ်
ဒီတော့ စဉ်းစားသုံးသပ် ပြီး လုပ်သင့်လုပ်ထိုက်တာကိုပဲ ပြတ်ပြတ်သားသား
လုပ်ကြစေချင်ပါတယ် မငြိမ်းချမ်းတဲ့ စစ်ပွဲတွေကြားမှာ ဘယ်သူမှ နားအေးပါးအေး
စိတ်ချမ်းသာ လက်ချမ်းသာနေနိုင်ကြမှာမဟုတ်ပါဘူး။
အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ကြိုးစားနေလည်း လက်နက်တွေကိုင်ဆောင်
နေသ၍ အချည်းအနှီးပဲ ဖြစ်နေဦးမှာပါ ရှေ့ မှာ အယောင်ပြ လက်မှတ်ထိုးနေခဲ့ပြီး
လစ်ရင် လစ်သလို အလစ်ဝင်ဝင်တိုက်နေရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းရေးဆိုတာ
ရလာမှာမဟုတ်ပါဘူး ဒီလိုဆိုရင် ပြောလာဦးမယ်ထင်တယ် တိုင်းရင်းသားလက်နက်
ကိုင်တွေကို လက်နက်မကိုင်ခိုင်းဘူးဆိုရင် တပ်မတော်ကိုလည်း လက်နက် မကိုင်
ခိုင်နဲ့ တော့လေဆိုတာမျိုးကို ဟုတ်ကဲ့ အဲ့ဒါဆိုရင်တော့ အမှားကြီးမှားတဲ့ အကြံ
ပေးမှုမျိုး ဖြစ်သွားပါလိမ့်မယ် နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံတော်ကို ကာကွယ်ဖို့ 
တပ်မတော် ဆိုတာ မရှိမဖြစ် မဖြစ်မနေကို ထားကိုထားရပါတယ် တပ်မတော်ဆိုတာ
မရှိရင် အိမ်နီးချင်း နိုင်ငံတွေရဲ့  ထိပါးစော်ကားမှုတွေခံရမယ် နိုင်ငံကို ၀င်သိမ်းတာမျိုး
တွေလုပ်လာမယ် အဲ့ဒီကျရင် အမိမြေကို ကာကွယ်မယ့် တပ်မတော်ဆိုတာ
ရှိမနေရင် မြန်မာနိုင်ငံ ဆိုတာပါ ကမ္ဘာ့မြေပုံထဲက ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒီတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ချင်တဲ့သူများ အနေနဲ့ အပစ်အခတ်ရပ်စဲရေး
သဘောတူညီမှု လက်မှတ်ထိုးတယ်ဆိုတာထက် အမိမြေကို အကျိုးမပြုတဲ့
လက်နက်ကိုင်ဆောင်သူများကိုသာ လက်နက်မကိုင်ဆောင်ကြဖို့  အဆိုပြုပြီး
ကြိုးစားသင့်ပါကြောင်းကို ဒီစာလေးနဲပဲ အသိပေးပြောကြားလိုက်ပါတယ်ဗျာ
တတ်ပါလိမ့်မယ် ဒီတော့ လုပ်သင့်လုပ်ထိုက်တာတွေကိုသာ အမြန်ဆုံး
လုပ်ကြစေချင်ပါကြောင်း ထပ်လောင်းပြီးပြောကြားပါရစေ။
( စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာကို ရဖို့ အတွက်ဆိုရင် စစ်မှန်တဲ့ ကောင်းမွန်တဲ့
လမ်းစဉ်ကို ရွေးခြယ်နိုင်ဖို့ လိုပါလိမ့်မယ် )
Aung Kyaw Soe ( 15.2.2015 - 2:05 AM )
ငြိမ်းချမ်းရေးဆိုတာကို လိုလားတဲ့ ပြည်သူတွေထဲကပြည်သူတစ်ဦး။
မူရင်းပို့  => https://www.facebook.com/CityHunter.mm/posts/452319701590357
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...