Ads (728x90)


-

ဒီမနက်  Facebook တက်လာတော့ ဖုန်းကြားရှင်းအဖွဲ့ နဲ့ မြန်မာစစ်တပ်
တိုက်နေတယ်ဆိုတဲ့သတင်း  FIFA U-20 World Cup​ အုပ်စုမဲခွဲပွဲတွေပြီးလို့ 
မြန်မာအသင်း ဘယ်အသင်းတွေနဲ့ တွေ့ ဆုံတယ်ဆိုတဲ့သတင်း
နောက်ဆုံးသတင်းက သပိတ်ကျောင်းသားတွေသတင်း ၃ ခုကို
အများဆုံးဖတ်ရတယ်။

ပထမသတင်း ဖုန်းကြားရှင်နဲ့ မြန်မာစစ်တပ် တိုက်နေတာကို ဖုန်းကြားရှင်ဘက်က
ဝင်နာပေးနေတဲ့သူတွေ ဒုနဲ့ ဒေးတွေ့ ရတယ် ကျွန်တော်မေးချင်တာက အဲ့ဒီလို
အစိုးရကို အတိုက်အခံလုပ်နေတယ်ဆိုပြီး ကိုယ့်နိုင်ငံ ကိုယ့်မြေကိုယ့်ရေထဲကို
ကျူးကျော်စစ်အဖြစ် တိုးဝင်လာပြီး တိုက်ခိုက်နေတာကိုအားပေးနေရအောင်
ခင်ဗျားတို့ တွေက ဖုန်းကြားရှင်မွေးထားတဲ့ သားသမီးတွေလား ခင်ဗျားတို့ 
အဖေအရင်မဟုတ်ဘူးဆိုရင် ခင်ဗျားတို့ ပထွေးတွေမို့  ဖုန်းကြားရှင်ဘက်က နာပြီး
ဖုန်းကြားရှင်မှ ဖုန်းကြားရှင်ဆိုပြီးအားပေးနေကြတာလား လို့ မေးလိုက်ချင်တယ်
ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့် ခင်ဗျားတို့ ဖုန်းကြားရှင်အဖွဲ့ ကိုအားပေးနေတဲ့အတွက်
ခင်ဗျားတို့ တစ်တွေ မျိုးမစစ် မျိုးမချစ်တွေ ဖြစ်နေပြီဆိုတာပဲ။

ဒုတိယသတင်း ကတော့   FIFA U-20 World Cup သတင်း အုပ်စုမဲခွဲပွဲပြီးဆုံးလို့ 
မြန်မာအသင်းက အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် တို့ နဲ့ အုပ်စု (က) မှာ
ကျရောက်နေပြီး ပထမဦးဆုံး အမေရိကန်အသင်းနဲ့ ထိပ်တိုက်တွေ့ ဆုံရမှာ ဆိုတဲ့
သတင်းတွေနဲ့  မထမဦးဆုံး ကမ္ဘာ့ဖလားမှာ မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်
ရလို့ အခြားနိုင်ငံက လူတွေနဲ့  မြန်မာအသင်းက ဘယ်လိုဘယ်ညာတော့
လေတိုက်လို့ ရပြီဆိုပြီး ၀မ်းသာ အားရပျော်မြူးနေကြတဲ့သူတွေ တော်တော်
များများကို တွေ့ ရပါတယ် ကျွန်တော်လည်းအတိုင်းမသိဝမ်းသာမိပါတယ်။


တတိယသတင်း ကတော့ ပုံတွေမြင်လိုက်ကတည်းက အော့နှလုံးနာပြီး
စိတ်ပျက်လက်ပျက်ကို ဖြစ်သွားရတာပါပဲ အဲ့ဒါက ကျောင်းသား သပိတ်နဲ့ 
ပါတ်သက်ပြီးတင်ထားတဲ့ သတင်းတွေ  Status တွေ ပုံတွေကို မြင်တွေ့ လိုက်ရ
လို့ ပါပဲ ပုံထဲမှာ မူကြိုအရွယ် မူလတန်းအရွယ်  အရွယ်စုံကလေးတွေ
ကျောင်းသားသပိတ် ထဲမှာ ၀င်ရောက်ပြီး ဆန္ဒပြနေကြတဲ့ပုံတွေနဲ့ 
ကလေးတွေပါ ပါဝင်လာလို့ ဘယ်လိုဖြစ်တယ် ဘယ်ညာဖြစ်တယ်ဆိုပြီး
ဝမ်းသာအားရ ဂုဏ်ယူ ဂုဏ်ပြုနေကြသူတွေ တော်တော် များများကို
မြင်တွေ့ ရတယ် သြော်... စိတ်ပျက်ဖို့ တော်တော်ကောင်းပါလား
အမှား အမှန် အဖြူအမဲ မခွဲခြားတတ်ကြတော့ပါလားလို့ မြင်မိသွားတယ်။

မူကြိုအရွယ် မူလတန်းအရွယ်ဆိုတဲ့ ကလေးတွေနေရာကနေ
စဉ်းစားကြည့်ကြစေလိုတယ်ဗျာ ဒီအရွယ်ကလေးတွေ ဘာများ
နားလည်နိုင်မှာလည်း စားမယ် သောက်မယ် ပျော်မယ် ပါးမယ်
ဟိုဟိုဒီဒီသွားမယ် ကစားမယ်ဆိုတာမျိုးပဲ သူတို့ စိတ်ထဲမှာ ရှိတာပါ
ဒီအရွယ်လေးတွေက အမျိုးသားပညာရေး ဥပဒေဆိုတာ နကန်းတစ်လုံး
မသိနိုင်ပါဘူး ဒါတောင် ဘာလို့ များ ဆန္ဒပြသူတွေကြားထဲဝင်ပြီး
ဆန္ဒပြနေကြတာလည်းဆိုတော့ အဖြေကရှင်းပါတယ် မြှောက်ပေးသူ
လမ်းညွှန်သူ ဦးဆောင်သူတွေ ရှိနေလို့ ပါပဲ ကျွန်တော့်အမြင်မှာတော့
ကလေးသူငယ်တွေကို မဆိုင်တဲ့နေရာမှာ အသုံးချလိုက်တာလို့ ပဲ
မြင်မိတယ် ဓားခုတ်ရာကို လက်ဝင်လျှိုခိုင်းပြီး ဒီကလေးငယ်လေးတွေကို
လူသားတံတိုင်း အဖြစ် အကာအကွယ်ဒိုင်းအဖြစ် အသုံးချလိုက်တာပါပဲ။

နိုင်ငံရေးအတွက် အသုံးချသည် ဖြစ်စေ အမျိုးသားပညာရေးဥပဒေဆိုတာကို
အကြောင်းပြသည်ဖြစ်စေ ဒီလို ကလေးသူငယ်လေးတွေကို ရှေ့ တန်းတင်ပြီး
ဓားစာခံအဖြစ် မလုပ်သင့်ဘူးဆိုတာပါပဲ လုံးဝမှကို ရှုပ်ချပါတယ် ပြန်စဉ်းစားကြပါ
ဒီကလေးငယ်တွေပါမှ ကျောင်းသား သပိတ်ဆိုတာ စစ်မှန်တယ် ထိရောက်တယ်
လို့ များ ယူဆနေကြတာလား ယခင်ရက်တွေတုန်းက ကျောင်းသားသပိတ်သာ
ပြောတယ် ဆန္ဒပြသူတွေက ကျောင်းသားတွေလည်းမဟုတ်ဘူး အဖိုးကြီးအဖွားကြီးတွေ
လို့ ပြောကြလို့ များ  ဒီကလေးငယ်တွေကို ရှေ့ ထုတ်ပြီး ဒါကကျောင်းသားလေးတွေ
ဆိုပြီးတော့ ထုတ်ပြတာလား ဆိုတာကတော့ မသိတော့ပါဘူး မလုပ်သင့်တာကို
ဆက်ပြီး မလုပ်ကြစေချင်ပါဘူး ဒီကလေးငယ်လေးတွေရဲ့ မိဘတွေအနေနဲ့ လည်း
ငယ်ရွယ်သေးတဲ့ ကိုယ့်သားသမီးလေးတွေရဲ့ ရှေ့ ရေးကို ကြည့်ပြီး ဒီလိုကိစ္စတွေလုပ်ဖို့ 
အားမပေးသင့်ပါဘူး တင်းတင်းကြပ်ကြပ်တားမြစ်သင့်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ကိုပြင်ဆင်ချင်တာကို ထောက်ခံပေမယ့် တစ်လွဲ နိုင်ငံရေး
တွေနဲ့ မရောယှက်စေချင်တာတော့အမှန်ပါပဲ ပညာဆိုတာက သင်ပေးသူထက်
လက်ခံသင်ယူသူက ပိုပြီးအဓိကကျပါတယ် အမျိုးသား ပညာရေးကို နိမ့်ကျတယ်
ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားတွေ မွေးထုတ်မပေးနိုင်ဘူး
လို့  မြန်မာပြည် ပညာရေးကို ပြောနေကြတဲ့သူများကို သိစေချင်သည်က
ဒီနေ့ တက္ကသိုလ်ကျောင်းသူ/ကျောင်းသား တွေ ၁၀၀% မှာ ၉၀% လောက်က
အပျော်ကျောင်းတက်နေတယ်လို့ ပဲ သတ်မှတ်ထားကြသူတွေများပါတယ်
ကျောင်းတက်ရက်ထက် ကျောင်းပျက်ရက်တွေက ပိုများတာတွေကို
လေ့လာကြည့်ရင် တွေ့ ရှိနိုင်ပါတယ်  ဒီတော့ မြန်မာ့ပညာရေးက နိမ့်ကနေသည်လား
မြန်မာ့ ပညာရေးကို သင်ကြားနေတဲ့ ကျောင်းသူ/ ကျောင်းသားတွေရဲ့ 
ပညာရေးအပေါ်မှာ ထားတဲ့ စိတ်ဓာတ်တွေက နိမ့်ကျနေသည်လားဆိုတာကတော့
ကိုယ်တိုင်ပဲ အဖြေထုတ်ကြစေချင်ပါသည် သူများအမှားဆိုတာကို ထောက်ပြ
နေတာထက် ကိုယ့်အမှားက ဘာလည်းဆိုတာကို ပြန်ကြည့်ပြီး
ပြင်ဆင်သင့်တာကို  ကိုယ် ကိုယ်တိုင် အရင်ပြင်ဆင့်ပါကြောင်းကိုတော့
ဒီစာလေးနဲ့ ပဲ အသိပေးရင်ပြောကြားလိုက်ရပါတယ်ဗျာ။

Aung Kyaw Soe ( 10.2.2015 - 4:15 PM )

မူရင်းသတင်း - https://www.facebook.com/CityHunter.mm/posts/450384968450497




Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...