Ads (728x90)





--------------------------------------------------------------------------------------------
နည်းပညာလောကမှာ တစ်ချိန်တုန်းက သူတို့ သိသလောက်
 တတ်သလောက် ရှာဖွေတွေ့ ရှိသလောက်ကိုဝါသနာအရ
 ပြန်လည်မျှဝေ ပေးခဲ့တဲ့သူတွေတော်တော်လေး
ကိုများခဲ့ပါတယ် ကိုညီ(ညီနေမင်း)၊ သံလုံငယ်၊ ဘလော့ခရီးသည် တို့ 
ကတော့ ကျွန်တော် နည်းပညာနယ်ပယ်ထဲရောက်ခဲ့တဲ့
အချိန်မှာထင်ထင်ရှားရှားသိခဲ့တဲ့သူတွေ နောက်ပြီး နေမင်းမောင်၊
ဝင်းကမ္ဘာကျော် တို့ လည်းရှိပါသေးတယ် သူတို့ ကတော့ ကိုညီတို့ 
ထက် ပေါ်လာတာ နောက်ကျမယ်ထင်ပါတယ် နောက်ထပ် နောက်ထပ် လဲ နည်းပညာတွေ
ဆော့ဝဲလ်တွေကို မျှဝေပေးသူတွေ တော်တော်လေးကို များခဲ့ပါတယ် သို့် သော်
ယနေ့ အချိန်လောက်တော့  Copy  & Paste   Blog  များ မပေါများခဲ့သေးတာ
အသေအချာပါပဲ ဒီနေ့ ဒီအချိန်မှာတော့ Copy  & Paste ဆိုတဲ့အတိုင်းပါပဲ
ကိုယ်တိုင် ရှာဖွေ တွေ့ ရှိမှု မဟုတ်ပါပဲ ဟိုက ကူးချ ဒီက ကူးချ ပြီးရင် ဒီတိုင်းတင်ရင်တင်
ဒီတိုင်းမတင်ချင်ရင် နည်းနည်းလေး  Edit လုပ်ပီးတော့ တင် ဆိုတဲ့အတိုင်းပဲ
ဒီနေ့ ဆိုက်တစ်ဆိုက်မှာ ပို့် စ်တစ်ခုတက်လာရင် နောက်ရက် ဆိုက် ၁၀၀ လောက်မှာ
အဲ့ဒီပို့ စ် အတိုင်း တစ်ပုံစံထဲ Copy  ယူပြီး  Paste လုပ်ထားလိုက်ကြပြီ။

ဒီနေရာမှာ ဘာတွေထပ်တွေ့ ရလည်းဆိုတော့ မသမာတဲ့နည်းလမ်းတွေ
အသုံးပြုဖို့ အနေနဲ့ နည်းပညာမျှဝေတဲ့ Blog တွေတည်ဆောက်တယ်
Facebook မှာ  Group တွေ  Page တွေလုပ်ပြီး နည်းပညာတွေ
 Software တွေ ပြန်လည်မျှဝေ သယောင်ယောင် နဲ Software တွေ
Mobile Apps တွေထဲမှာ  User Data တွေကို ခိုးယူနိုင်တဲ့
ဖျက်ဆီးနိုင်တဲ့ နည်းပညာတွေထည့်သွင်းလာကြတယ်
Phishing , Rat , Trojan , Malware  , Dropper  , Backdoor အပါအ၀င်
Virus နာမည်ပေါင်းများစွာနဲ့   သုံးစွဲသူ  User တွေကို ဒုက္ခပေးဖို့  ဦးတည်လာကြ
တာ တော်တော် များများကိုတွေ့ လာရပါတယ် ဒီနေ့  နည်းပညာ  Group
တစ်ခုထဲမှာ 7 Loader လေး တစ်ခု ဒေါင်းဖို့ ဒေါင်းဖို့   Download Link
လေးပေးထားတာနဲ့  ဒေါင်းလိုက်တယ် ဒေါင်းပီးသွားတော့ အဲ့ဒီဖိုင်ကို
www.virustotal.com မှာ Upload တင်ပီး  Scan လိုက်တော့မှ
ထွက်လာတယ် အကောင်ပေါင်းများစွာ ဒီ Scan  Link  https://www.virustotal.com/en/file/e7fff3b32fbdeda5c3ff2fa0169c8c85924d6350f63d8703471f2139450c9294/analysis/ မှာ သွားကြည့်နိုင်ပါတယ် အဲ့ဒီဖိုင်တင်လားဆိုတော့ မဟုတ်သေးဘူး
နောက်တစ်ယောက်ပေးထားတဲ့ >> Windows + Office Re-Loader Activator V1.1 Final လေး အသုံးပြူ ချင်သောသူများအတွက် << ဆိုတဲ့ http://myanmaritacademy.blogspot.com/2015/01/windows-office-re-loader-activator-v11.html ဆိုက်မှာ သွားဒေါင်းပြီး ပြန်ပြီး Upload Scan လုပ်လိုက်တော့
ထပ်ပီးတော့ ထွက်လာတယ်  ဒီ  Scan Link https://www.virustotal.com/en/file/ae2ca238a954bf74c27c28efb12a490089c1d8fd4db7354f0f5c3be53b8e248c/analysis/  မှာ သွားကြည့်နိုင်ပါတယ်။

အထက်ကအကြောင်းအရာတွေကို ကျွန်တော်ဘာကြောင့်ချပြပြီး
ပြောပြနေရလည်းဆိုတော့ အယုံလွယ်သူတွေ မသိနားမလည်သူတွေ
ခံရမှာစိုးလို့ ပါ  သူတို့ ပေးထားတဲ့  Software ကိုအသုံးပြုမိလိုက်ရင်
အနည်းဆုံး  Spammer အဖြစ်ခိုင်းစေဖို့   Tools သုံးထားခဲ့မယ်ဆိုရင်
ကိုယ်မသိပဲ  Link , Photo , Video , နဲ့  စာတွေကို အလိုလျှောက်
ကိုယ် အသုံးပြုနေတဲ့ Computer တွေ Mobile ဖုန်းကနေတဆင့်
ကိုယ်အသုံးပြုနေတဲ့  Email တွေ  Facebook လို  Social Network
တွေမှာ လိုက်ဖြန့် သွားနိုင်ပါတယ်။

 အခြားသော နာမည်ပေါင်းစုံနဲ့ Virus တွေ မိမယ်ဆိုရင်တော့
 ကိုယ့်ကွန်ပျူတာထဲကအချက်အလက်တွေ
ကိုခိုးယူသွားနိုင်သလိုဖျက်ဆီး သွားနိုင်ပါသေးတယ် ကိုယ့်ကွန်ပြူတာကို
အဝေးတစ်နေရာကနေ Bot တစ်ကောင် အနေနဲ့ ခိုင်းချင်တာ ခိုင်းစေလို့ 
ရသွားနိုင်ပါလိမ့်မယ်  နောက်ပြီး မိမိ အသုံးပြုနေကျ
Social Network Account တွေရဲ့ အချက်အလက်တွေကိုလည်း
နောက်ကွယ်ကနေ ကိုယ်တောင်မသိလိုက်ရပါပဲခိုးယူသွားနိုင်ပါတယ်
( ဥပမာ - Gmail , Facebook , Twitter , Yahoo အကောင့် မျိုးတွေ )
ပါသွားနိုင်ပါတယ် နောက်ပြီး အလိုလျှောက်  Browser ထဲကို
 Run ပီးဝင်သွားတတ်တဲ့ Add on တွေလဲမိတတ်ပါတယ် အဲ့ဒါတွေမိပြီ
ဆိုရင်ကတော့ ကိုယ့်စက်ထဲမှာ ( Browser ) ၀င်သမျှ Account တွေကို
နောက်ကွယ်ကနေ အလွယ်တကူ ခိုးယူခံရနိုင်ပါတယ်။

ကွန်ပြူတာက  Software တွေတင် ဒီလိုတွေ ဖြစ်နိုင်တာလား
ဆိုတော့  Mobile Apps တွေကနေလည်း အဲ့ဒါမျိုးတွေထဲက
အချို့ နဲ့ ငြိသွားတတ်ပါတယ် ခုနောက်ပိုင်းမှာ Mobile အသုံးပြုတာ
များလာတဲ့အတွက်  Attacker တွေ  Hacker တွေက Mobile နည်းပညာ
တွေဘက်ကိုလည်း ၀င်လာပြန်ပါတယ်  Apps တွေထဲမှာ နောက်ကွယ်
ကနေ ကိုယ်မသိနိုင်တဲ့ Phishing , Rat , Trojan , Malware တွေ
ထည့်သွင်းပေးတတ်သလို  Social Network Account တွေရဲ
Access Token တွေကိုလည်း ကိုယ်မသိအောင် ခိုးယူသွားနိုင်ပါတယ်
အဲ့ဒါမျိုးတွေက အသုံးအများဆုံး  Computer Software တွေ
 Mobile Apps တွေထဲမှာ ထည့်သွင်းလာကြတာများပါတယ်
Mobile Phishing , Android Rat တွေမိသွားခဲ့ရင် ကိုယ့်ရဲ့ 
Social Network Account ခိုးယူခံရနိုင်ပါတယ် Access Token
ဆိုတာကလည်း အဲ့ဒီ ဆိုရှယ်အကောင့်တွေရဲ့ အဓိကအရေးပါတဲ့
အချက်အလက် ( ဥပမာ - သော့တစ်ချောင်း ) ပါပဲ ကိုယ့်သော့ကို
တစ်ဖက်လူက ရသွားရင် ကိုယ့်အိမ် ကို သူ့ ဘာသာ ဖွင့်ဝင်ပြီး
လုပ်ချင်ရာ လုပ်သွားနိုင်ပါတယ်။

Facebook , Gmail လို  Account မျိုးတွေဟာ အလွယ်တစ်ကူ
ခိုးယူ ( Hacked ) ခံရဖို့ မလွယ်ကူပါဘူး ဘာကြောင့် အခိုးယူခံရလည်း
ဆိုရင် သုံးစွဲသူ  User ရဲ့  Security အားနည်းချက် နဲ့ မသိနားမလည်မှု
တွေကြောင့်သာ အခိုးယူခံရတာများပါတယ် ဒီတော့ ဒါမျိုးတွေ သုံးနေပြီဆိုရင်
ဒီလိုအကြောင်းတွေကို သိထားကြဖို့ လိုပါတယ် ဒီနေ့ ခေတ်မှာ
ဘယ်သူ့ ကိုယ်မှ ယုံကြည်လို့ မရတော့ပါဘူး လွယ်လွယ်နဲ့ မယုံတတ်ကြဖို့ 
လိုပါတယ် နည်းပညာတွေ ဆော့ဝဲလ်တွေ မျှဝေပေးတဲ့သူတိုင်းကို
မဆိုလိုပေမယ့် ယနေ့ ဒီအချိန် ဒီအခါမှာတော့ နည်းပညာတွေ
ဆော့ဝဲလ်တွေကို ကိုယ်ကျိုးအတွက်ပဲ မျှဝေနေသူတွေများနေပြီဖြစ်လို့ 
သတိလေးတွေယှဉ်ပြီး သုံးစွဲစေချင်ပါကြောင်းကို ဒီစာလေးနဲ့ 
အသိပေးလိုက်ပါတယ်ဗျာ အသိပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ။


( ကျွန်တော်ပေးတဲ့  Message အကြောင်း 100 ထဲက  Message 1 ကြောင်းလောက်ကို
မှတ်ယူပြီး အသုံးတည့်ပြီး အသုံးချဖြစ်သွားရင်ကိုယ်ပဲ ကျေနပ်မိပါတယ် )

Aung Kyaw Soe ( 9.2.2015 - 5:40 PM )

မူရင်းပို့ စ်  https://www.facebook.com/CityHunter.mm/posts/449914768497517

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...