Ads (728x90)



 
မေသော် on 2014-12-31 10:40
ကဲ ဒီနေ့ည New Year ပါတီ၊ ဖျော်ဖြေပွဲနဲ့ သူငယ်ချင်းတွေစုံကြမယ့်ပွဲမှာ ဘယ်လိုလေး ၀တ်သွားရင်ကောင်းမလဲဆိုပြီး ခေါင်းစားနေကြတဲ့ ပျိုမေတွေအတွက် နေရာတစ်ခုချင်းစီနဲ့ သင့်တော်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ရွေးချယ်ဖော်ပြပေးလိုက် တယ်နော်။
၁။ဖျော်ဖြေပွဲမှာ သောင်းကျန်းမယ့် ပျိုမေတွေအတွက်

ဒီညမှာ ဖျော်ဖြေပွဲမှာ အပြတ်သောင်းကျန်းဖို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုရင် ဒီဖက်ရှင်ကိုသာ ရွေးချယ်စေချင်ပါတယ်။ ကုတ်အင်္ကျံအရှည်ကြီးနဲ့ heel အမြင့်တွေစီးမယ့်အစား အချိန်တော်တော်ကြာအောင် မတ်တပ်ရပ်ရတဲ့အခါ အဆင်ပြေပြီး သက်တောင့်သက်သာရှိစေဖို့အတွက် ခုလို boot ဖိနပ်၊ ဘောင်းဘီရှည်၊ လည်သာဂျက်ကတ်၊ ဒါမှမဟုတ်လည်း အဆင်ပြေမယ့် ဂျက်ကတ်တစ်ထည်သာ ဆွဲသွားလိုက်ပါတော့။ ဦးထုပ်ဆောင်းရတာကြိုက်ရင်တော့ ဦးထုပ်တစ်လုံး ပါပါစေပေါ့။
၂။ကိုယ့်ချစ်သူနဲ့အတူတူရှိဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်

နှစ်သစ်ကို ချစ်သူနဲ့အတူ ကြိုဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ချစ်စရာလည်းကောင်း၊ ဆွဲဆောင်မှုလည်းရှိနေအောင် ပုံမှာပြထာားသလို long coat လေး၊ လည်သာစကတ်လေး၊ heelအမြင့်လေးနဲ့ ကာလာတောက်တောက် ပိုက်ဆံအိတ်လေးတစ်လုံးပါရင် အဆင်ပြေပြီနော်။
၃။သူငယ်ချင်းတွေနဲ့ New Year ညမှာအတူရှိဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်

သူငယ်ချင်းတွေနဲ့အတူ ဟိုသွားဒီသွားလုပ်ပြီး New Year ညကို ဖြတ်သန်းမယ်ဆိုရင်တော့ ခုလို ဒီဇိုင်းပါတဲ့ skinny ဘောင်းဘီ၊ အနွေးထည်အင်္ကျံ၊ ဒါမှမဟုတ် ဆွယ်တာအမိုက်စား၊ ဒေါက်မပါတဲ့ ဖိနပ်အပါးလေးလောက်နဲ့ အိုကေပါတယ်။
၎။ပါတီမှာ သောင်းကျန်းမယ်ပျိုမေတွေအတွက်

ဒီညပါတီသွားမယ့်သူတွေအတွက်တော့ metallic ဒီဇိုင်း၊ အပြောင်ဒီဇိုင်းလေးတွေကိုသာ ရွေးချယ်လိုက်ပါလို့၊ ပိုက်ဆံအိတ်ကိုလည်း ရွှေ၊ ငွေ၊ metallic ဒီဇိုင်းထဲကသာ ရွေးချယ်ပါ။ high heel နဲ့ နည်းနည်းပြောင်ပြောင်လက်လက် အဆင်တန်ဆာတစ်ချို့လောက်ဆို အိုကေပြီနော်။
trend myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...