Ads (728x90)


-
 
-
 
အစွန်းရောက် မူဆလင် ဘာသာရေးခေါင်းဆောင် ရှိတ်မန် ဟာရွန် မိုနစ်မှာ
ယခုဖြစ်ပွားခဲ့သော ဆစ်ဒနီမှ ဓားစာခံများကို ၁၇ နာရီကျော်ကြာ ဖမ်းဆီး
ထားခဲ့သူဟု သိရသည်။

မိုနစ်မှာ အီရန်နိုင်ငံ မန်တာဂျီ ဘူဂျာဒီတွင်မွေးဖွားခဲ့ပြီး အီရန်နိုင်ငံမှ ၁၉၉၆ တွင် သြစတေလျနိုင်ငံသို့ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ထိုနိုင်ငံတွင်ပင် မန်ဟာရွန် မိုနစ်ဟု အမည်ပြောင်းပြီး ရှိတ်ဟာရွန် ဂုဏ်ထူးကို ကိုယ်တိုင်သမုတ်ခဲ့သည်။
မူဆလင်အများစုနှင့် အဆင်မပြေပဲ ကိုယ့်ဖာသာ သီးခြားလွတ်လပ်စွာနေခဲ့သူဖြစ်သည်
ဟု မူဆလင် အဖွဲ့အစည်းများခါင်းဆောင် ဒေါက်တာ ဂျမယ် ရီဖီကဆိုသည်။
အာဖကန်တွင် သြစတေးလျတပ်များးစေလွှတ်မှုနှင့်ပါတ်သက်ပြီး အမုန်းတရားအပြည့်
ပါသောစာများဖြန့်ဝေသော ဆန့်ကျင်လှုပ်ရှားမှုဖြင့် သတင်းမီဒီယာများ စတင် အာရုံစိုက်ခြင်း ခံခဲ့ရသည်။
အဆိုပါ လှုပ်ရှားမှုတွင် သူနှင့်အတူ အဖော် အမီယာ ဒရူးဒစ် တို့ သည် ကျဆုံးသွားသော သြဇီ စစ်သားများ၏ ကျန်ရစ်သူများကို အမုန်းတရားအပြည့်
ပီးသည့်စာများပို့ခဲ့ကြသည်။
၂၀၀၉ တွင် ငြိမ်းချမ်းရေးလှုံ့ဆော်သူအဖြစ် တွေ့ခဲ့ရပြီးနောက်ပိုင်းတွင် သူ့အား
စွဲဆိုတားသည့် ပစ်မှုမျာူးကို ဆန့်ကျင်သည့်အနေဖြင့် ကိုယ်ကိုကိုယ်ကြိုးတုတ်ပြီး
ဆ န္ဒပြခဲ့သည်။
အကျဉ်းထောင်ကျခံရခြင်းမှလွတ်ခဲ့ရသော်လည်း လူမှုလုပ်ငန်းများ နာရီ ၃၀၀ လုပ်
ဆောင်ရန် နှင့် ၂၀၁၃ စက်တင်ဘာလအထိ ၂ နှစ်တိတိ ကောင်းမွန်စွာနေထိုင်ရန် အမိန့်ချခြင်းခံခဲ့ရသည်။
၂၀၁၃ နိုဝင်ဘာလတွင် ဇနီးဟောင်းဖြစ်သူ ကလေးနှစ်ယောက်မိခင် နိုလင်း
ဟေဆန်ပဲလ် ကို သတ်ဖြတ်ရန်ကြံစည်မှုနှင့် ပါတ်သက်ပြီး ရဲများ၏စောင့်ကြည့်မှုကို ခံခဲ့ရပြန်သည်။
ဇနီးဟောင်း ပဲလ် ကို မိုနစ်၏ အမျိုးသမီးအဖော် ဒရုးဒစ် က ဒါးဖြင့်ထိုးပြီးမီးရှို့
သတ်ခံခဲ့ရသည်။ မိုးနစ်ကို ကူညီအားပေးသူဟု တရားစွဲခဲ့ပြီး သူ၏အဖော်
ဒရူးဒစ်ကို သတ်ဖြတ်သူအဖြစ်တရားစွဲခဲ့သော်လည်း သက်သေမခိုင်သဖြင့် ပြန်လွှတ်
ပေးခဲ့ရသည်။
ယခုနှစ်ဧပြီလ အတွင်းက Wentworthville မြို့တွင် နက္ခတ္တဗေဒ
ပညာရှင် နာမက္ခရပညာရှင် တရားပြဆရာ နှင့် မှော်ပညာရှင်အဖြစ် လုပ်ကိုင်ရင်း အမျိုးသမီး ၇ ဦးကို လိင်ပိုင်းဆိုင်ရာ မတရားကျင့်မှုဖြင့်တရားစွဲခံခဲ့ရသည်။
ပြီးခဲ့သည့်အောက်တိုဘာလအတွင်း မိုးနစ်သည် ဆစ်ဒနီမြို့ တောင်ပိုင်းရှိ Bexley North တွင်နေထိုင်ပြီး နတ်ဆရာအဖြစ်အလုပ်လုပ်စဉ်က ကျူးလွန်ခဲ့သည်ဟု
ဆိုသော လိင်ပိုငးဆိုင်ရာ မတော်မတရားပြုလုပ်မှု ၄၀ကျော် အတွက် စွဲချက်တင်
ခံရလျက်ရှိသည်။
လတ်တလောတွင် အာမခံဖြင့် လွတ်နေပြီး ၂၀၁၅ ဖေဖေါ်ဝါရီလတွင် လိင်မှု
စွတ်စွဲချက်များကို တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းရန် ရှိသည်။
ယခုလ အစောပိုင်းက မိုနစ်က ယင်း၏ ဝဘ်ဆိုဒ်မှတဆင့် အစ္စလာမ်အာဏာနှင့်
အုပ်ချုပ်မှုကို ဆန့်ကျင်သော ရာဖီဒီအဖြစ် ခံယူခဲ့သော်လည်း ယခုအခါ မူဆလင်
တစ်ဦးဖြစ်နေပါပြီဟု ကြေငြာခဲ့သူဖြစ်သည်။
ရိုင်းပြကြမ်းတမ်းသောမှတ်ချက်များပယ်ဖျက်ပါမည်။
ကိုဇော်
ဘန်ကောက်
၀၀း၂၅
၁၆/၁၂/၂၀၁၄

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...