သိပ္ပံပညာရှင်တွေဟာ ဆေးလိပ် ဖြတ်ဖို့ကြိုးစားပြီး မအောင်မြင်ပဲ ပြန်သောက်ချင်နေသူတွေကို သူတို့ရဲ့ ဦးနှောက်ကို ကြည့်ပြီးသတ်မှတ်နိုင်ခဲ့ပါတယ်။
ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပြီး မအောင်မြင်ခဲ့သူတွေဟာ တစ်ပတ်အတွင်း သူတို့ရဲ့ ဦးနှောက်အတွင်းမှာ ပြောင်းလဲမှု အနည်းငယ်ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ထိုပြောင်းလဲမှုတွေက ဆေးလိပ်မပြတ်နိုင်အောင်ပြုလုပ်လိုက်တယ်လို့လည်း သိရပါတယ်။
ဆေးလိပ်ဖြတ်ဖို့ အောင်မြင်ခဲ့သူတွေရဲ့ ဦးနှောက်မှာ မတွေ့ရတဲ့ ထိုပြောင်းလဲမှုတွေဟာ ဦးနှောက်ရဲ့ အလုပ်လုပ်တဲ့ မှတ်ဥာဏ်စနစ် အတွင်းမှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်သုတေသီတွေဟာ ဆေးလိပ်သောက်သုံးသူတွေ ဆေးလိပ်ဖြတ်လို့ရနိုင်မယ့် နည်းလမ်းကို လေ့လာကြည့်တဲ့အခါမှာ ၈၀ ရာခိုင်နှုန်း မှန်ကန်ခဲ့တာကတော့ ပထမဆုံး ၇ ရက်ပဲဖြစ်ပါတယ်။
ပထမဆုံး ဆေးလိပ်စဖြတ်တဲ့ ၇ ရက်မှာ ဆေးလိပ် မသောက်ပဲ နေနိုင်ပြီးပါက အနည်းဆုံး ၆ လ လောက်တော့ ဆေးလိပ်မသောက်ပဲ ကောင်းကောင်းနေနိုင်သွားပါလိမ့်မယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေကို ပထမဆုံး ၇ ရက်မှာ ကူညီပေးတာ အထိရောက်ဆုံးဖြစ်မှာပါ။
Ref:dailymail.co.uk
Trend Myanmar

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။