Ads (728x90)


ကောင်မလေးကပြောတယ် >>
ကျွန်မတခါတလေ သူငယ်ချင်းတွေနဲ့ အပြင်အတူသွားချင်တယ်... တစ်ကိုယ်တည်းနေရတဲ့ လွတ်လပ်မှုမျိုးကို မဆုံးရှုံးချင်ဘူး...
ကျွန်မပျော်နေတဲ့အချိန် စားချင်တာစားမယ်... အိမ်ထဲမှာပဲနေပြီး ထမင်းဟင်းချက်ပေးနေရတဲ့ မိန်းမကြီးလို တသက်လုံးမဖြစ်သွားချင်ဘူး...
ကျွန်မအလှပြင်ဖို့ ပိုက်ဆံတွေ စိတ်ကြိုက်သုံးမယ်... တနေ့တနေ့ ရှာဖွေလာတဲ့ ပိုက်ဆံတွေကို ဘယ်လိုချွေတာရမလဲတွေးပြီး အိမ်အတွက်လိုအပ်တာတွေ အမြဲစဉ်းစားနေရတဲ့သူ မလုပ်ချင်ဘူး...
ကျွန်မမိဘတွေရဲ့ ဖူးဖူးမှုတ်ခံရတဲ့ မင်းသမီးလေးပဲ ဖြစ်နေချင်တယ်... ယောက္ခမတွေ စိတ်တိုင်းကျမနေမိတဲ့အခါ ဘယ်အချိန် အပြောအဆိုခံရ အငြိုငြင်ခံရမလဲဆိုပြီး စိတ်ခြောက်ခြားစွာနဲ့ နေမသွားချင်ဘူး...
ကျွန်မ ရှင့်ရဲ့ချစ်သူအဖြစ်ပဲ ထာဝရနေသွားချင်တယ်... အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေချိန်မှာ လင်ယောကျာ်းရဲ့ နောက်မိခင်တစ်ယောက်လို ဖြစ်နေရတာကို မနှစ်သက်ဘူး...
ကောင်လေးကပြောတယ် >>
လက်ထပ်ပြီးပြီဆိုရင် အဖြစ်မနေ အိမ်မှုကိစ္စကို အဓိကလုပ်ရမှာပေါ့... အပြင်ကြီးပဲ ထွက်နေလို့ဘယ်ဖြစ်မလဲ...
လက်ထပ်ပြီးရင် မဖြစ်မနေမီးဖိုချောင်ကို ဝင်ပြီး အားလုံးစားချင်တာ ချက်ကျွေးရမှာပေါ့...
လက်ထပ်ပြီးရင် ကိုယ်တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် စဉ်းစားတွက်ချက်ပြီး ငွေကြေးတွေချွေတာစုဆောင်းရမှာပေါ့...
လက်ထပ်ပြီးရင် ကိုယ့်မိဘတွေကိုလည်း နင့်မိဘတွေလို သဘောထားပြီး ပြုစုရမှာပေါ့...
လက်ထပ်ပြီးရင် မယားဝတ်တရားအရ လင်ယောကျာ်းအပေါ် ဂရုစိုက်ပြီးလုပ်ကျွေးရမှာပေါ့...
ကောင်လေးရဲ့အပြောကြောင့် ကောင်မလေးက နားမလည်နိုင်တော့ဘူး >>
ဒါဆိုကျွန်မ ဘာအတွက်ကြောင့် အိမ်ထောင်ပြုရမှာလဲ???
ကျွန်မရှင့်ကိုချစ်တာ ရှင်ကျွန်မကို ချစ်သလောက် အတူတူ နီးပါးပါပဲ...
ဒါပေမယ့် လက်ထက်ပြီးရင် ကျွန်မက ပြောင်းလဲပြစ်ရမှာ အများကြီးပဲ...
ရှင့်ရဲ့ ဇနီးမယားတစ်ယောက်ဖြစ်ဖို့ အတွက်နဲ့...
ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းအဖြစ် ရှင်ပဲရှိတော့မယ်... နောက်ပြီး ရှင့်ရဲ့ အစာအိမ်ပြည့်ဝဖို့ ချက်ပြုတ်ပေးရမယ့် စားဖိုမှုးကြီးလုပ်ရဦးမယ်...
ရှင့်အလုပ်ရဲ့ ဝင်ငွေတွေက ကျွန်မအတွက်ပဲ ရှာကျွေးဖို့ ဖြစ်ချင်မှဖြစ်မယ်... ကျွန်မသုံးဖို့အတွက် ကျွန်မကိုယ်တိုင်လည်း အလုပ်လုပ်ရဦးမယ်...
ကျွန်မရှင့်ကို ယူလိုက်တဲ့အတွက် ရှင့်အတွက် ဘေးမှာ လူတစ်ယောက်တိုးသွားတာပဲရှိမယ်... ကျွန်မအတွက်တော့ မိသားစုတစ်ခုလုံး တိုးသွားတယ်...
ရှင်တို့က ရှင်တို့နေနေကျ ပုံစံအတိုင်း ဆက်နေလို့ရပေမယ့်... ကျွန်မကတော့ ကျွန်မရဲ့နေထိုင်မှုပုံစံတွေကို ရှင့်မိသားစုအကြိုက် လိုက်ပြောင်းပေးရဦးမယ်...
ကောင်လေးကလည်း ကောင်မလေးအပြောကို ပြန်ချေပတယ် >>
နင်နဲ့ အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ငါလည်းပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာပါပဲ...
ငါ့မှာ ကားရှိရတယ် အိမ်ရှိရတယ် ဝင်ငွေမြဲတဲ့အလုပ်အကိုင်ရှိရတယ်... နောက် နင့်ကိုတင်တောင်းဖို့ တန်ဖိုးကြီးတဲ့အရာအတွက်လည်း ကြိုတင်ပြင်ဆင်ရသေးတယ်...
ငါ့ရဲ့ အစာတစ်နပ်ကို လျှော့သင့်တဲ့အခါ လျှော့ရတယ်... နင်နဲ့လက်ထပ်ဖို့အတွက် ငွေအသုံးတွေကို ချွေတာရတယ်...
ဒီလိုမျိုးနှစ်ဦးနှစ်ဖက် ပင်ပန်းဆင်းရဲနေရတာကြောင့် နောက်ပိုင်းမိန်းမသားတော်တော်များများ အိမ်ထောင်ပြုဖို့ကို စိတ်မပါတော့ဘူး...
ကောင်လေးရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ပဲရှိနေပါစေ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ပိုက်ဆံပေးခိုင်းတဲ့ အိမ်အကူလို ပြောင်းလဲပြစ်လို့မရဘူး...
ဒါကြောင့်အမျိုးသားအပေါင်းတို့ရေ... တနေ့မှာ သင်တို့က အမျိုးသမီးတွေကို ဘာကြောင့်အိမ်ထောင်မပြုရတာလဲလို့ မမေးခင်မှာ သူတို့ဘက်ကပြန်စဉ်းစားကြည့်ပေးလိုက်ပါဦး... သင်နဲ့အိမ်ထောင်ပြုလိုက်ရလို့ သူအတွက်ဘာအကျိုးကျေးဇူးတွေများ ရရှိလာမလဲလို့???
အမျိုးသမီးတွေက အိမ်ထောင်ပြုဖို့အတွက်နဲ့ပဲ
ကိုယ့်မိသားစုကို စွန့်ခွာပြီး သူများမိသားစုကို လာပြုစုပေးရတယ်...
ဒါပေမယ့်ယောကျာ်းတွေက မလိုအပ်ဘူး...
အမျိုးသမီးတွေက အိမ်ထောင်ပြုလိုက်တာကြောင့်ပဲ...
ကြီးမားလေးလံတဲ့အသားလုံးကြီးကို ၉လကျော်လောက် အပင်ပန်းခံ ဒုက္ခဆင်းရဲခံပြီး ဂရုတစိုက်ထိန်းသိမ်းရတယ်...
မွေးဖွားတဲ့အချိန်မှာလည်း ပြင်းထန်တဲ့နာကျင်မှုဝေဒနာကိုခံစားပြီး အသက်နဲ့ရင်းပြီး မွေးရတယ်...
မွေးဖွားပြီးနောက်ပိုင်း ခန္ဓာကိုယ်ပုံသဏ္ဍာန် ပျက်ယွင်းလာတာတွေကို ခံစားရသေးတယ်
ဒါပေမယ့် ယောကျာ်းတွေက အဲ့လိုမခံစားရဘူး...
အမျိုးသမီးတွေက အိမ်ထောင်ပြုဖို့အတွက်နဲ့ပဲ...
သူ့ကိုလိုက်နေတဲ့ သူ့အပေါ်ကောင်းတဲ့ ကောင်လေးတော်တော်များများကို လက်လွှတ်ဆုံးရှုံးလိုက်ရတယ်...
လှပပြီးငယ်ရွယ်ပျိုမြစ်တဲ့အချိန်တွေကို လက်လွှတ်လိုက်ရတယ်...
ဒါပေမယ့် အမျိုးသားတွေက နုပျိုဖို့မလိုအပ်ဘူး... အသက်ကြီးလေ တန်ဖိုးပိုရှိလာလေးပဲ...
အမျိုးသမီးတွေက အိမ်ထောင်ပြုလိုက်ရတဲ့အတွက်...
မိုးမလင်းခင်ထပြီး အိမ်မှုကိစ္စတွေလုပ်ရတယ်... နောက်နားဖို့မရသေးခင် ပိုက်ဆံရဖို့အလုပ်လည်း လုပ်ရသေးတယ်... ကလေးတွေရှိလာရင် သူတို့အတွက်လည်း လုပ်ရဦးမယ်...
ဒါပေမယ့် ယောကျာ်းတွေအတွက်က အမြတ်တောင်ထွက်သေး... အိမ်အတွက် ပိုက်ဆံပိုရလာတာရယ်... လခပေးစရာမလိုတဲ့ အိမ်အကူတစ်ယောက်တောင် တိုးလာသေးတယ်...
အမျိုးသမီးတွေက အိမ်ထောင်ပြုလိုက်ရတဲ့အတွက်...
နေထိုင်မှုပုံစံမတူတဲ့ မိသားစုမှာ သင့်တော်စွာနေဖို့ ကြိုးစားရတယ်... ကိုယ့်လင်ယောကျာ်းရဲ့ သူငယ်ချင်းတွေက ဝေဖန်ကဲ့ရဲ့တာတွေကိုလည်း သည်းခံရဦးမယ်...
တချိန်မှာ လင်ယောကျာ်းက ကိုယ့်ကိုငြီးငွေ့သွားလို့ အသစ်ရှာတဲ့အခါ သူတို့တွေပျော်ရွင်ဖို့အတွက် ကိုယ်ကစတေးခံပြီး ကျန်ခဲ့တဲ့ဘုစုခရုတွေကို ကြီးပြင်းလာအောင် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး မျက်ရည်တွေကို မျိုသိပ်ကာစောင့်ရှောက်ရဦးမယ်...
မိန်းမသားတွေဟာ ကိုယ့်ဘဝကို ကာကွယ်စောင့်ရှောက်ပေးမယ့် ယောကျာ်းကိုရှာဖွေနေစဉ်မှာ... ပြန်ရလိုက်တာက ကိုယ်ကပေးဆပ်မှု ကြီးမားပြီး ကိုယ့်ကို တသက်လုံးသာယာပျော်ရွှင်မှုပေးနိုင်မယ်လို့ အာမခံချက်မရှိတဲ့သူတွေပဲ ဖြစ်နေတယ်...
ကိုယ့်နဲ့ အပင်ပန်းဆင်းရဲခံမယ့်သူ တိုးလာမယ့်အတူတူ တကိုယ်တည်းနေ အပျိုကြီးဘဝတောင် ပိုကောင်းပါဦးမယ်...
အမျိုးသားအပေါင်းတို့ရေ...
တကယ်လို့ သင့်ဘေးမှာ အခုလိုဘာကိုမှမစဉ်းစားဘဲ အဖေါ်ပြုပေးမယ့်သူရှိခဲ့တယ်ဆိုရင်...
သူ့ကို ကောင်းကောင်းတန်ဖိုးထားပါ... ဂရုစိုက်ပါ... စောင့်ရှောက်ပါ... ချစ်မြတ်နိုးပါ...
အခုရေးလိုက်တဲ့စာကိုဖတ်မိတယ်ဆိုရင် သတိရပါ...
သူက မွေးကတည်းက သင့်အိမ်မှာ သင့်မိသားစုတွေကို ဝတ်ကြီးဝတ်ငယ်ပြုလုပ်ဖို့ သတ်မှတ်ခံထားရတဲ့သူမဟုတ်ဘူး ဆိုတာပါပဲ...
သင့်ကို ချစ်တာတစ်ခုတည်းနဲ့ အရာရာတိုင်းကို လိုက်လျောပြီး သင့်အနားမှာ အတူရှိနေခဲ့ရတာပါ...
သူနာကျဉ်မှုတွေခံရတဲ့အချိန် သူ့အနားမှာ အဖေါ်ပြုပေးပါ အားပေးဂရုစိုက်ပေးပါ ကာကွယ်စောင့်ရှောက်ပေးပါ... သူ့မျက်ရည်ကို ကြင်ကြင်နာနာသုတ်ပေးရင် သင့်ကိုတသက်လုံး သစ္စာရှိသွားမယ့်သူပါ...
(‪#‎iSnow‬ >> အမျိုးသမီးများကို စာနာပါ... ကြင်နာပါ... ကာကွယ်ပါ...)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...