Ads (728x90)

Photo: ၁ မိနစ်သာ အပြင်းအထန် လေ့ကျင့်ခန်းလုပ်ရုံနဲ့ ကျန်းမာရေးကောင်းကျိုးတစ်ချို့ကို ရယူနိုင်

(၆) ပတ်ကြာလေ့လာချက်အရ အလေးချိန် လွန်ကဲနေပေမယ့် ကျန်းမာရေးကောင်းမွန်တဲ့ လူငယ်တွေဟာ (stationary bike) တစ်နေရာတည်းမှာရှိနေတဲ့ စက်ဘီးစီးလေ့ကျင့်ခန်းကို တစ်ပတ် ၃ ကြိမ် တဖြေးဖြေးချင်း မှ လေ့ကျင့်ခန်းအဆင့်သို့ လုပ်ဆောင်ကြပါတယ်။ Session တစ်ခုချင်းစီမှာ ၂ မိနစ်တာတို အပြေးလေ့ကျင့်ခန်းဆောင်ရွက်ပြီး နောက်တော့ ပုံမှန်ခြေထောက်ကလေး လှုပ်ပေးတဲ့ လေ့ကျင့်ခန်း ၂ မိနစ် လုပ်ပေးတဲ့အပြင် သွေးပူလေ့ကျင့်ခန်း ၂ မိနစ်နဲ့ ၃ မိနစ်ကြာ လေ့ကျင့်ခန်းအရှိန်လျော့ခြင်းနဲ့ စုစုပေါင်း ၁၀ မိနစ် စက်ဘီးထိုင်ခုံပေါ် အချိန်ပေးလှုပ်ရှားရပါတယ်။ ဒါပေမယ့် ၁ မိနစ်စာသာ အပြင်းအထန် အားထုတ်လေ့ကျင့်မှုပါပဲ။

လေ့လာမှုအဆုံးသတ်ချိန်မှာတော့ ပျှမ်းမျှအားဖြင့် ဦးနှောက်အာရုံကြောဆိုင်ရာသွေးကြောတွေ လန်းဆန်းလာခြင်း၊ သွေးတိုးရောဂါအခြေအနေပိုမိုကောင်းလာခြင်း နဲ့ ကြွက်သားတွေ သွတ်လက်ချက်ချာလာခြင်းစတဲ့ အကျိုးကျေးဇူးတို့ကို လေ့ကျင့်ခန်း ပါဝင်လုပ်ဆောင်သူတွေမှာ သိသိသာသာပြောင်းလဲမှုတွေရလာခဲ့ကြောင်း သုတေသီတွေက မြင်တွေ့ခဲ့ကြပါတယ်။ နောက်ပြီး အမျိုးသားတွေမှာ သွေးတိုးရောဂါတွေ တိုးတက်ကောင်းမွန်မှုရလာပေမယ့် အမျိုးသမီးတွေက ဒီနေရာမှာ သူတို့ (အမျိုးသားတွေ) လောက် အကျိုးဖြစ်ထွန်းမှုတွေ ရရှိမခံစားကြရတဲ့ အကြောင်း သုတေသနတွေ ထပ်မံဆောင်ရွက်ဖို့ လိုအပ်နေပါသေးတယ်။

Credit to Trend Myanmar 
K.K(ကနောင်) 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...