♦
ယေဘူယ ပြောရရင်တော့
1. ကိုယ့် wall ကို လာကြည့်တဲ့ လူများလေ
ဝင်ငွေ ပိုရလေ ဖြစ်မှာပါ ။
2. နောက် တစ်ခုက Tsu network ကို တခြား ကိုယ့်သူငယ်ချင်းတွေ ကို ဝင်ရောက်ဖို့
ဖိတ်ခေါ်ပေးရင်လည်း ဝင်ငွေ တစ်ချို့ သွယ်ဝိုက်ပြီး ရမှာ ပါ ။
( နည်းလမ်း ၁ လောက်တော့ ဝင်ငွေ မရနိုင်ပါဘူး )
♦
ပုံလေး ရှယ်ရင် ၁ ဒေါ်လာ ရမယ်ဆိုပြီး
လိုက်လုပ်နေတာတွေကို သွား မလုပ်ပါနဲ့ ။
အဲဒါက မသိနားမလည် တဲ့လူတွေကို သူတို့ အကျိုးစီးပွါးအတွက်
အသုံးချ နေတာပါပဲ ။
ကိုယ့် ရဲ့ wall ပေါ်ကို လာကြည့်တဲ့ လူ တွေရဲ့
view count ပေါ်မှာမူတည်ပြီး အကျိုးခံစားခွင့်ပေးမှာပါ ။
♦
ခွဲဝေပေးမယ့် ပုံစံက ဒီအတိုင်းပါ ။
အသုံးပြုသူ A က B ကို
B က C ကို
C က D ကို တစ်ဆင့် ပြီး တစ်ဆင့် ဖိတ်ခေါ်ထားတယ် ဆိုကြပါစို့ ...
တကယ်လို့ အသုံးပြုသူ D တင်လိုက်တဲ့ ဒေတာတွေကို ဖတ်ရှုနေရင်း
Tsu က ကြော်ငြာကနေ ရတဲ့ ဝင်ငွေ စုစုပေါင်း ရှိတယ် $100 ဆိုပါစို့ ...
Tsu က 10% ဖြစ်တဲ့ $10 ယူပါမယ် ...
အသုံးပြုသူ D က ( သူ့ wall ကနေ ကြည့်သွားတဲ့ ကြော်ငြာဖြစ်တဲ့အတွက် )
ကျန်တဲ့ ဝင်ငွေထဲက 50% ဖြစ်တဲ့ $45 ရပါမယ် ။
အသုံးပြုသူ D ကို မိတ်ဆက်ပေးခဲ့တဲ့ C က 33.3% (1/3) of the original $90 ဖြစ်တဲ့
$29.70 ရပါမယ် ။
အသုံးပြုသူ C ကို မိတ်ဆက်ပေးခဲ့တဲ့ B က 11.1% (1/3 of 1/3 = 1/9) of the original $90 ဖြစ်တဲ့
$9.99 ရပါမယ် ။
အသုံးပြုသူ B ကို မိတ်ဆက်ပေးခဲ့တဲ့ A က
3.70% (1/3 of 1/3 of 1/3 = 1/27) of the original $90 ဖြစ်တဲ့
$3.33 ရပါမယ် ။
ဒီ နမူနာအတိုင်းဆို ရှင်းမယ်ထင်ပါတယ် ။
ဒါဟာ Tsu က officially ကြေငြာထားတဲ့အတိုင်းပါပဲ ...
♦
ပြီးတော့ အမေရိကန် အခြေစိုက် ဆိုတော့ Sanction သေချာမရုတ်သေးသ၍
ကျွန်တော်တို့ မြန်မာတွေ လုပ်ရကိုင်ရတော့နည်းနည်း ခက်မှာ သေချာတယ် ။
စိတ်ရှည်ရှည်နဲ့ social network တစ်ခုလိုပဲ သဘောထားပြီး သုံးရင်းသာ စောင့်ပါဗျာ ။
ပိုက်ဆံ အတွက် အရမ်းကြီးတော့ အာရုံမထားပါနဲ့ဦး ။ ... :)
ပိုက်ဆံ အတွက် ပဲအာရုံထားရင်
ဒီ network ပျက်စီးရာ ပျက်စီးကြောင်း လုပ်တာနဲ့တောင် တူနေပါဦးမယ် ။
( Paid to click နဲ့ တူသွားပြီး တကယ့် ကြော်ငြာရှင်တွေ စိတ်ပျက်သွားမှာ မို့လို့ပါ ။ )
♦
ဒီတော့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ နေ့စဉ် facebook သုံးသလို သာ သုံးသွားပါ ။
ပိုက်ဆံ ပိုလိုချင်လို့ Post များများတင်လည်း ရပါတယ် ။
တစ်နေ့ Post ၂၄ ခု ထက်တော့ ပိုတင်လို့ မရပါဘူး ။
သူများ post ကို share ရင်လည်း တစ်နေ့ ၈ ခု ထက် ပို လို့ မရပါဘူး ။
ဘာပဲ လုပ်လုပ်ပါ ။
ဒီ network ကို spammers' network ကြီး ဖြစ်မသွားဘဲ
social network စစ်စစ် ဖြစ်လာအောင် တတ်နိုင်သလောက်
ကိုယ့်အသိစိတ်နဲ့ကို
ထိန်းသိမ်း ပေးနိုင်ရင်တော့ အကောင်းဆုံးပါဗျာ ။
နောက် တစ်ခုက လောဘဇော တက်ပြီး သူများ စာတွေ ပုံတွေကို
Credit ဖြုတ်ပြီး ဖော်ပြတာမျိုးတွေ မလုပ်ကြဖို့
ကျွန်တော်ပဲ အမုန်းခံပြီး ကြိုတင်ပန်ကြားပါရစေ ။
Tsu network ရဲ့ အဓိက ရည်ရွယ်ချက်က
မူရင်း စာ/ပုံ ဖန်တီးသူတွေကို အကျိုးအမြတ်များများရစေချင်တာပါ ။
ဒီ Business model က သိပ်လှပါတယ် ။
အောင်မြင်သွားရင် Tsu သာမက ခင်ဗျားတို့ ကျွန်တော်တို့ အပါအဝင်
အားလုံးသော social network users တွေ အတွက် အကျိုး ရှိမှာပါ ။
" ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ "
- ကိုဇင်ဇေ ( https://www.tsu.co/zinzae )
( Founder & Trainer @ Active English Class )
#Myanmar #makemoney #tsumination #success
ပြန်လည် Share လုပ်သူ Aung Kyaw Soe
( https://www.tsu.co/aungkyawsoe )
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။