Ads (728x90)

--------------------------------------------------------------------

ဆူး ကနေ ပိုက်ဆံဝင်ဖို့ ခက် သလား ? ဆိုရင်
အစပိုင်းတော့ နည်းနည်း အားပိုထည့်နိုင်ရင် ကောင်းပါတယ် ။
တကယ်တမ်းက social network တစ်ခု ( ဖေ့စ် ဘွတ်ခ် ) သုံးသလို
ရေရှည် ပုံမှန် သုံးသွားဖို့က အဓိက ပါပဲ ။
:)

ဆူး ကနေ ပိုက်ဆံဝင်ဖို့ နည်းပညာနဲ့ ပတ်သက်တဲ့ Tricks / scripts တွေ ကျွန်တော် မသုံးထားပါဘူး ။
သေချာမသုံးတတ်လို့ရယ် :D ၊
အခန့်မသင့်လို့ ဆူး server မှာ error တွေ ဘာတွေ သွားဖြစ်မှာ စိုးလို့ရယ်ပါ ။
ငွေ လိုချင်ဇော နဲ့ လူတွေကို လိမ်ညာပြီး Post တွေ ရှယ် ခိုင်းတာမျိုးလည်း မလုပ်ပါဘူး ...

ဆူး ကို ကျွန်တော်ကတော့ ရေရှည် အတွက် ရည်ရွယ်ပြီးသုံးတာမို့လို့
သိပ်လောမကြီးဘဲ ဆိုရှယ် ဆိုဒ် တစ်ခုလို
ဖေ့စ် ဘွတ်ခ် ကို ကျွန်တော် သုံးခဲ့ / သုံးနေသလိုပဲ သုံးနေတာပါ ။

ကျွန်တော့် မိတ်ဆွေတွေကို ဆူး ကို ဖိတ်ခေါ်တယ် ။
သူတို့ဟာ ကျွန်တော့်ရဲ့ followers တွေ ( ကျွန်တော် ဖိတ်ခေါ်ထားတာမို့လို့ ) အလိုလို ဖြစ်လာသလို
ကျွန်တော်ကလည်း သူတို့ကို တတ်နိုင်သလောက် follow ပြန် လုပ်ပေးပါတယ် ။
သူတို့တင်တဲ့ ပုံတွေ စာတွေကို တတ်နိုင်သလောက် like လုပ်ပေးတယ် ။
ကိုယ့်မှာ ပြောစရာတစ်ခုခု ရှိရင် ဝင်ပြီး comment ပေးပေးတယ် ။
( ကိုယ်က အဲလို ဝင်လုပ်ပေးတာဟာ သူ့ကို ဝင်ငွေ တစ်စိတ်တစ်ပိုင်းလည်း ရစေမှာမို့
ဘယ်လောက် ကောင်းလိုက်လဲဗျာ ... ) :)

တကယ်ကတော့ ဆူး ဟာ သုံးတတ်ရင် ပျော်စရာကြီးပါ ။
နိုင်ငံတကာက ဝင်ငွေရှာလိုသူတွေ / တိုးတက်အောင်မြင်မှု တစ်ခုခုလိုချင်နေသူတွေ /
အပြောင်းအလဲကို သိပ်မကြောက်ဘဲ စမ်းသပ်ရှေ့တိုးရဲသူတွေ တဖွဲဖွဲ ဝင်ရောက်လာနေတာမို့ ပါ ။
သူတို့နဲ့ သွားပြီး မိတ်ဖွဲ့ရတာလည်း ဘယ် network နဲ့မှ မတူဘဲ အလွန် လွယ်ကူ ဖော်ရွေကြပါတယ် ။

ဒီ site အောင်မြင်ဖို့ကို ဆူး founders တွေ ထက်တောင်
ကျွန်တော်က ပိုပြီး ဖြစ်စေချင်နေမိသလားလို့တောင်
တခါတလေ တွေးမိတယ် ( အရူးထ တာပေါ့လေ :P )

ကျေးဇူးပါ ။

ဆိုရှယ် ဆိုဒ် တစ်ခုမှာ
ကိုယ့်ရဲ့ အသိပညာ ဗဟုသုတ အတွေ့အကြုံနဲ့ ဘဝ ဖြတ်သန်းမှူတွေနဲ့ပတ်သက်လို့
မူရင်း ပုံ/စာတွေကို တင်တဲ့လူတွေ ...
အချင်းချင်း အားပေးကြတဲ့လူတွေဟာ ...
ဒီ ဆိုရှယ် ဆိုဒ် က သူတို့ ( သုံးစွဲသူ တွေ ) ရဲ့ မောင်းနှင်အားကြောင့် ရလာတဲ့
ကြော်ငြာဝင်ငွေ နဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်တယ် ။
" ရ သင့်တယ် ... "လို့ တစ်လောကလုံးကို စွန့်စွန့်စားစားချပြ လိုက်တဲ့ အတွက်
ဆူး ကို ကျေးဇူးတင်တာ ပါ ။

အကြိမ်ပေါင်း များစွာ ကျွန်တော် ပြောခဲ့သလိုပါပဲ ။
ဒါက အယူအဆ တစ်ခုရဲ့ တိုက်ပွဲပါပဲ ။
ခင်ဗျား ထောက်ခံရင် ခင်ဗျားလည်း ဝင်ကူပြီး တိုက်ပေးလို့ ရပါတယ် ။

ဆူး ကြ ရ အောင် ဗျား ... :D

မှတ်ချက် ။
ဖေ့စ် ဘွတ်ခ် က ဆူး ကို သတိထားမိပြီး လန့်နေတယ်လို့ ထင်ပါတယ် ။
ဆူး နဲ့ ပတ်သက်လို့ စာတင်လိုက်ပြီဆိုရင် ကို မယုံနိုင်လောက်အောင် ကန့်သတ်လိုက်တာမို့
စာသားတွေမှာ ဆူး လို့ ပဲ သုံးထားလိုက်ရပါတယ် ။ :)

( ကျွန်တော်တောင် အဲဒီ ဆူး တွေ ကို ဖတ်ပြီး ရယ် ချင်လာပြီ ။
ခင်ဗျားလည်း ရယ် ချင်ရင် မညှာမတာ သာ ရယ်ချလိုက်ပါဗျာ ။ ) :P

လေးစားလျှက်
ကိုဇင်ဇေ
" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ "

PSS : စာလေးကို တဆင့်ပြန်ရှယ်ရင် credit လေးပေး ပေးဖို့တော့ ကြိုတင် တောင်းဆိုထားပါရစေဗျာ ။
#tsu #success #tips #myanmar #guide #help


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...