Ads (728x90)

10.10.2014-1 10.10.2014-2 10.10.2014-3
ခါကာဘိုရာဇီကယ်ဆယ်ရေးလုပ်ဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော ထိုင်းရဟတ်ယာဉ်မှူး Mr. Chatchawal သည် ကျန်းမာရေးအခြေ အနေတိုးတက်မှုရှိသော်လည်း ရန်ကုန်မြို့ရှိ၊ ၀ိတိုရိယဆေးရုံတွင် (၄)ရက်ခန့် ထပ်မံ၍ အနားယူကာ ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း အဆိုပါဆေးရုံမှ တာဝန်ရှိသော ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ သိရှိရပါသည်။
လက်ရှိအချိန်တွင် ထိုင်းရဟတ်ယာဉ်မှူး Mr. Chatchawal သည် နံရိုးကျိုးအက်သည့် ဒဏ်ရာခံစားခဲ့ရသော်လည်း အသည်းနှင့် အတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းများအား ထိုးစိုက်မိသည့် အန္တရာယ်မရှိကြောင်း၊ အသက်ရှုပုံမှန်ဖြစ်စေရန် လေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ အရေပြားနှင့် ကိုယ်ခန္ဓာရှိ ဒဏ်ရာများမှာ တိုးတက်မှုရှိသော်လည်း ခွဲစိတ်ကုသမှု ထပ်မံခံယူရန် လိုအပ်မည်ဖြစ်ကြောင်း အဆိုပါ ဆရာဝန်ကြီးများက ဆက်လက်ပြောကြားခဲ့သည်။
ကာယကံရှင် မိသားစု၏ ဆန္ဒအရ လိုအပ်ပါက ထိုင်းနိုင်ငံရှိ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ကုသနိုင်ရန်လည်း အထူးလေယာဉ်တစ်စီးကို ထူးဖောင်ဒေးရှင်းမှ စီစဉ်ထားရှိပါသည်။
Mr. Chatchawal ဆေးကုသမှု ခံယူနေသည့် ၀ိတိုရိယ ဆေးရုံသို့ ထူးကုမ္ပဏီများ အုပ်စုမှ ဒုဥက္ကဋ္ဌ ဦးသီဟနှင့် တာဝန်ရှိသူများ၊ ထူးဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် တာဝန်ရှိသူများ၊ AirBagan, AGD Bank, Myanmar Treasure Resorts, Aureum Palace Hotels and resorts မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးစကားများ ပြောကြားပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။
ထို့ပြင် ယနေ့ ညနေ (၄း၀၀) နာရီအချိန်က ထိုင်းသံရုံး ကောင်စစ်ဝန်၏ ဇနီးမှ Mr. Chatchawal အားလာရောက် ကြည့်ရှုပြီး အားပေးစကားများ
ပြောကြားခဲ့ပါသည်။
(9 photos)


Ref ; +HTOO Foundation 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...