- (၂ဝ၁၄ ငြိမ်းချမ်းရေးပွဲတော်အကြောင်း ရှင်းလင်းပွဲကို ရန်ကုန်မှာ ဒီကနေ့ ပြုလုပ်ပါတယ်။ ပုံမှာ တွေ့ရတာကတော့ အခမ်းအနားမှူး၊ ဦးနေဘုန်းလတ်၊ ဦးဇာဂနာ၊ ဦးဇော်သက်ထွေး၊ ဦးဘိုကြည်၊ ဂီတသမားစောဖိုးခွားတို့ ဖြစ်ပါတယ်)
ငြိမ်းချမ်းရေး အမှတ်တရပွဲအတွက် ပေးအပ်မယ့် ဆုတံဆိပ်က ဖလား မဟုတ်ဘဲ ဘောလုံးပုံစံ ဖြစ်နေတာကြောင့် ဆုဖလား မဟုတ်ဘဲ ဆုဖလုံးလို့လည်း ခေါ်ဆိုနိုင်ပါမယ်။
ကန်နေတုန်း အငြင်းပွား အချင်းများမှုဖြစ်ရင်လည်း ငြိမ်းချမ်းစွာဖြေရှင်းကြမယ်၊ ဘောလုံးကန်တယ်ဆိုတာ ပုတဲ့သူရော ရှည်တဲ့သူပါ ဝင်ကန်နိုင်တာကြောင့် တခြားသော အားကစားနည်းများနဲ့ယှဉ်ရင် ကန့်သတ်ချက်နည်းပါးတယ်၊ ဒါကြောင့် ဘောလုံးကို ရွေးခဲ့တာလို့ ဆိုပါတယ်။
ဘောလုံးကွင်းထဲရောက်ရင် အားလုံးက တန်းတူဖြစ်သွားမယ် – ယူနီဖောင်းတို့ ဘာတို့ချွတ်ပြီး အသင်းဝတ်စုံပဲ ၀တ်ရမယ် ဆိုတာကြောင့် အလွှာပေါင်းစုံ စိတ်တူကိုယ်တူ ပါဝင်တဲ့ လှုပ်ရှားမှု ဆိုတဲ့ သင်္ကေတကို ရနိုင်ပါမယ်။
အဲဒီနေ့ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲတခုတည်း မဟုတ်ဘူး၊ ကဗျာရွတ်တာမျိုးလို အနုပညာတင်ဆက်မှုတွေ ရှိမယ်၊ လူရွှင်တော် ၃ ဖွဲ့လောက် အချိန်ပိုင်းတင်ဆက်မယ်၊ ပရိသတ်က နှစ်သက်ရာကို ကွင်းထဲ လိုက်ခံစားနိုင်မယ် လို့ သိရပါတယ်။
အောင်ဆန်းကွင်းမှာ ဒီလို အစီအစဉ်မျိုး ပြုလုပ်ခွင့်ရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အဲဒီနေ့ ကွင်းထဲကို ချီတက် ၀င်ရောက်လာမယ့် အရပ်ဘက်အဖွဲ့အစည်း အရေအတွက်ကလည်း ခုချိန်ထိတော့ ၆၁ ဖွဲ့ ရှိနေပါပြီ။
အဲဒီနေ့မှာ သူတို့က ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆိုချက်တခုကို ထုတ်ပြန်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
Irrawaddy
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။