Breaking News
============
ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်းပျောက်ဆုံးနေသော သဘာဝခေါ်သံဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဝင် ၂ ဦးကို ရှာဖွေကယ်ဆယ်နေသော အဖွဲ့သို့ စက်တင်ဘာ (၂၇) ရက်နေ့တွင် ရိက္ခာပို့သွားသည့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်တစ်စီးသည် လမ်းခရီးတွင် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိပါသည်။
၎င်း ရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး၊ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေသော အဖွဲ့အခြေစိုက်စခန်းတည်ရာ တဟွန်ဒမ်း ကျေးရွာသို့ သွားရောက်ရိက္ခာပို့ရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းမှ နာယကကြီး ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါသွားခဲ့ကြသည်။
ရိက္ခာပို့ဆောင်ရင်း အဆက်အသွယ်ပြတ်တောက်နေသော ရဟတ်ယာဉ်သည် ပူတာအိုလေဆိပ်မှ စက်တင်ဘာ (၂၇) ရက်၊ မွန်းလွဲ နေ့လည် ၂ နာရီ၊ ၂၀ မိနစ် တွင် ပျံသန်းထွက်ခွာသွားပြီး မိနစ် ၂၀ ခန့် အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ယခု အချိန်အထိ အဆက်အသွယ်ပြန်လည် ရရှိခဲ့ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆက်အသွယ်ပြတ်တောက်နေသော ရဟတ်ယာဉ်နှင့် ပြန်လည် အဆက်အသွယ်ရနိုင်စေရန် အချိန်နှင့် တပြေးညီ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ကယ်ဆယ်ရေးရဟတ်ယာဉ် အဆက်အသွယ်ပြတ်တောက်နေကြောင်းကိုလည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ ဆက်သွယ်အကြောင်းကြား သတင်းပို့ခဲ့ပါသည်။ ကယ်ဆယ်ရေးရဟတ်ယာဉ်နှင့်အတူ ကယ်ဆယ်ရေး ပစ္စည်းရိက္ခာများလည်း ပါသွားခဲ့ပါသည်။
ထပ်မံရရှိသော သတင်းများကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
Htoo Foundation
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။