



B4 ရဟတ်ယာဉ်သည် ယနေ့ ၁၄း၂၀ အချိန်တွင် ပူတာအိုမှ Capt. အောင်မြတ်တိုး၊ Capt. Chatchawal၊ မိမိ၏ personal assistant ဖြစ်သော ခါကာဘိုရာဇီတောင်ထွဋ်ဝယ် ခြေချနိုင်ခဲ့သော ပထမဆုံးလူသားဖြစ်သည့် တိဗက်မြန်မာလူမျိုး နမားဂျွန်ဆင်၏တူ ရွှေရင်တော်ကြီး တို့လိုက်ပါခဲ့ပြီး ပျောက်ဆုံးတောင်တက်သမား နှစ်ဦးကို ရှာဖွေနေသည့် မြေပြင်စခန်းအတွက် ရိက္ခာနှင့် တောင်တက်ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး အထေက်အကူပြု ပစ္စည်းများတင်ဆောင်လျက် ထွက်ခွာခဲ့ပါတယ်။
နောင်မွန်းမြို့ကို ဖြတ်သန်းစဉ် မိုးရွာသွန်းပြီး ရာသီဥတု အခြေအနေ ဆိုးဝါးလျက်ရှိတဲ့ အတွက် အမြင့်ပေ ၆၀၀၀ ကျော်မှ ပျံသန်းခဲ့ကြောင်း၊ ဆီလုံလောက်စွာ ပါဝင်ကြောင်းကို ပူတာအိုလေကြောင်းထိန်းချုပ်ရေးတာဝါသို့ ၁၄း၃၉ အချိန်တွင် ဆက်သွယ်ပြောကြားခဲ့ပြီး တဟွန်ဒမ်းကျေးရွာသို့ ဆက်လက်ပျံသန်းခဲ့ပါတယ်။
Capt Chatchawal မှာ EC130 နဲ့ EC135 ရဟတ်ယာဉ်မောင်း ဖြစ်ပါတယ်။ Advance Aviation Co., ကို လွန်ခဲ့တဲ့ ၄ နှစ်မှာ စတင်တာဝန်ထမ်းဆောင်ပြီး ယခင်က ထိုင်းနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ရဟတ်ယာဉ် pilot ဖြစ်ပါတယ်။ အသက် ၅၉ နှစ်အရွယ် ရှိပြီး သားတစ်ယောက် သမီးတစ်ယောက် ရှိပါတယ်။ ချင်းမိုင်မှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မိမိမဒွယ်တောင် ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်မှာ မိမိကိုလာရောက်ကယ်ဆယ်ခဲ့တဲ့ရဟတ်ယာဉ်မှူး ဖြစ်ပါတယ်။
ရွှေရင်တော်ကြီးမှာ မြန်မာနိုင်ငံမြောက်ဘက် အစွန်ဆုံးကျေးရွာမှ ဖြစ်ပြီး မြန်မာတိဗက်လူမျိုး ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိသူဖြစ်ပြီး မိမိရဲ့ personal assistant အနေနဲ့ လုပ်ကိုင်နေသူတစ်ဦး ဖြစ်တဲ့အပြင် ခါကာဘိုရာဇီတောင်ထွဋ်ဝယ် ခြေချခဲ့တဲ့ နမားဂျွန်ဆင်ရဲ့ တူ တော်စပ်သူဖြစ်ပါတယ်။ ခါကာဘိုရာဇီတောင်တက် ခရီးတွင် ပျောက်ဆုံးသွားသူနှစ်ဦးအား ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ရန် သွားရောက်စဉ်မှာ အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်ပါတယ်။
မိမိတို့အနေနဲ့ မြေပြင်၊ ဝေဟင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသင့်အနေအထား ပြင်ဆင်ထားပြီး ဒေသအာဏာပိုင်များနဲ့ နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မိမိအနေနဲ့ တောင်းဆိုပါတယ်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။