Ads (728x90)

30.9.2013-1 30.9.2013-2 30.9.2013-3
ပူတာအိုမြို့သို့ ပြီးခဲ့သော စက်တင်ဘာ ( ၂၈ )နေ့က ရောက်ရှိခဲ့သည့် အီတလီနိုင်ငံသား (၃)ဦးနှင့် နီပေါလူမျိုး (၁) ဦး တို့ပါဝင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ၊ ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ရဟတ်ယာဉ်မှူးများနှင့် ဆွေးနွေးမှုများပြုလုပ်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုများတွင် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး ရဟတ်ယာဉ် B3 ရဟတ်ယာဉ် (အနက်) တွင် နီပေါ ရဟတ်ယာဉ်မှူး Sidနှင့် နီပေါနိုင်ငံမှ တောင်တက်ကျွမ်းကျင်လမ်းပြ Sherpa ၂ ဦး တို့သည် မြန်မာကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့်အတူ လိုက်ပါလျက် ရေးဆွဲထားသည့် ကယ်ဆယ်ရေးအစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး ရဟတ်ယာဉ် B3 (အပြာ)တွင် မြန်မာကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ အီတလီရဟတ်ယာဉ်မှူး တစ်ဦးနှင့် အီတလီကယ်ဆယ်ရေးအဖွဲ့ဝင် (၂)ဦးလိုက်ပါပြီး နောင်မွန်းဧရိယာနှင့် ကယ်ဆယ်ရေးအစီအစဉ် ရေးဆွဲခဲ့သည့် လမ်းကြောင်းအတိုင်း ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိပါသည်။

သဘာဝခေါ်သံဖောင်ဒေးနှင်းမှ ပျောက်ဆုံးတောင်တက်သမား (၂)ဦးကို ထူးကုမ္ပဏီများအုပ်စုမှ ဝန်ထမ်းများဖြစ်ကြသည့် ရဲမင်းသူ၊ စိုင်းကျော်သူထွေး၊ စိုင်းကျော်ဝဏ္ဏစိုး၊ နမားဂျွန်ဆင်နှင့် ဒေသခံများသည် ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် အပြင်းအထန် အားထုတ်ကြိုးပမ်း ရှာဖွေခဲ့ကြပါသည်။

လွန်စွာကျယ်ပြောမြင့်မားမတ်စောက်လွန်းသည့် ခါကာဘိုရာဇီတောင်၏ အမြင့်ပေ ၁၆၂၀၀ တွင် ပျောက်ဆုံးတောင်တက်သမားတို့ ချန်ရစ်ခဲ့သည့် အိတ်အနီတစ်လုံး၊ အမြင့်ပေ ၁၇၃၀၀ တွင် ကျောပိုးအိတ်အပြာ တစ်လုံးတို့ကို ခက်ခဲစွာရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုပစ္စည်းများကို ကောင်းမွန်စွာသယ်ယူလာခဲ့ပြီး ပူတာအိုခရိုင် ဒေသအာဏာပိုင်များရှေ့မှောက်တွင် ဖွင့်လှစ် ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒေသအာဏာပိုင်များ လက်ဝယ်သို့ ပကတိအတိုင်း အပ်နှံထားခဲ့ပါသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံမှ Blue Sky Rescue ၄ ဦး ရှေ့ပြေးအဖွဲ့အနေဖြင့် ပေပေါင်း ၁၃၂၀၀ အမြင့်ရှိသည့် Base Camp သို့ ရောက်ရှိလာပါသည်။ Blue Sky ကယ်ဆယ်ရေး တောင်တက်အဖွဲ့အား ထူးဖောင်ဒေးရှင်းမှ တောက်တက်အဖွဲ့များက လိုအပ်သည့် ကူညီမှုများ ပြုလုပ်ပေးခဲ့ပါသည်။

ထို့ပြင် ခါကာဘိုရာဇီကို တက်ရောက်မည့် ဂျပန်နိုင်ငံမှ တောင်တက်အဖွဲ့နှင့် ညှိနှိုင်းပြီး ပျောက်ဆုံးတောင်တက်သမားများ တက်ရောက်သည့်လမ်းအတိုင်း ရှာဖွေရေးလုပ်ငန်းများ ပူးပေါင်းကူညီနိုင်ရန်အတွက် စီစဉ်ထားပြီး နောက်ထပ် တက်ရောက်မည့် အမေရိကန်တောင်တက် အဖွဲ့များကိုလည်း ရှာဖွေရေးလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

စက်တင်ဘာ(၂၉)ရက်နေ့ ညနေပိုင်းက ရန်ကုန်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေးအဖွဲ့ဝင်(၁၀)ဦးသည် ယနေ့ နံနက် ထပ်မံ ရောက်ရှိလာသည့် Blue Sky အဖွဲ့ဝင်(၃)ဦးနှင့် ပူးပေါင်းကာ ပူတာအိုမြို့သို့ ထူးဖောင်ဒေးရှင်းနှင့်အတူ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်လက် ထွက်ခွာသွားခဲ့သည်။

ပျောက်ဆုံးတောင်တက်သမား ၂ ဦးကို ထူးဖောင်ဒေးရှင်းက ဦးစီးပြီး ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် AirBagan, AGD Bank, Myanmar Treasure Resorts, Aureum Palace Hotels and resorts တို့က ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးနေပါသည်။
30.9.2013-4 30.9.2013-5 30.9.2013-6

ထူးဖောင်ဒေးရှင်းမှ ပြန်လည်ကူးယူဖော်ပြပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...