Ads (728x90)


မော်ဒယ်အေးချမ်းမြတ်မိုးကို ဓားဖြင့်ထိုးသတ်ခဲ့သူမှာ ၎င်းနှင့် ထူးခြားသည့် ပတ်သက်မှု မရှိကြောင်း မိသားစုဝင်များက ပြောသည်။
သြဂုတ်လ ၂၅ ရက် ညနေ က အံ့ဖြိုးပိုင်ဆိုသော လူငယ်တစ်ဦးက အေးချမ်းမြတ်မိုး၏ လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ် သည်။
ပြစ်မှုကျူးလွန်သည့် အ သက်(၂၂)နှစ်အရွယ် အံ့ဖြိုးပိုင် ဆိုသူကို ညတွင်းချင်းပင်ဖမ်းဆီး မိခဲ့ခြင်းဖြစ်သည်။
‘‘ကောင်လေးကိုတော့ မိ တယ်။ အစ်မတို့က ကယ်ကြပါဦး အော်လိုက်တော့ သူထွက်သွားတာ မြင်လိုက်တဲ့ရပ်ကွက်တစ်ခုလုံးကလည်း ၀ိုင်းဖမ်းပေးကြတယ်’’ ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးက ပြောသည်။
မောင်နှမများ အတူစားရန် ခေါက်ဆွဲထုပ်သွားဝယ်ပြီး အပြန် တိုက်ခန်းဒုတိယအလွှာတွင် အ သတ်ခံရခြင်းဖြစ်ပြီး ၎င်းတို့မိသား စုမှာ တတိယအလွှာတွင် နေ ထိုင်ခြင်းဖြစ်သည်။
ဓားဖြင့် ထိုးသည့်သံသယတရားခံမှာလည်း ဦးဝိစာရအိမ်ရာဝင်းထဲတွင် နေထိုင်သူ ဖြစ်သည်။
‘‘ကျွန်မရုံးကပြန်လာတော့ အိမ်ကအမေကပြောတယ်။ ညီမ လေးနဲ့ မတွေ့ဘူးလား။ ညီမလေး လည်း ပြန်လာနေပြီလို့ ပြော တယ်။ မတွေ့ဘူးပြောပြီး အိတ် ကိုချလိုက်ပြီး အပြင်ထွက်လာ တော့ ညီမလေးက ၀ုန်းဝုန်းနဲ့တံ ခါးခေါက်တယ်။ ‘မားမားရေကယ် ပါဦး’ လို့ အော်တယ်။ သူထိုးခံ လိုက်ရပြီ။ သွေးတွေအရမ်းထွက် နေတယ်။ တံခါးသွားဖွင့်တဲ့အခါ သံပန်းတံခါးရှိတော့တံခါးဖွင့်လို့ မရဘူးဖြစ်နေတော့ မောင်လေး က ၀ရန်တာပေါ်ကနေခုန်ချပြီး တော့ သူ့ကိုသယ်ထုတ်တဲ့အခါကျ တော့ သွေးကအရမ်းလွန်နေပြီ။ အရေးပေါ်လည်းရောက်ရော သူ ဆုံးသွားတာပဲ’’ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးကပြောသည်။

အေးချမ်းမြတ်မိုးကို သတ် သည့် အမျိုးသားမှာ ၎င်း၏ချစ် သူဖြစ်သည်ဟု လူမှုကွန်ရက်စာ မျက်နှာတွင် ပျံ့နှံ့နေသော်လည်း ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ် ဆွေအဆင့်သာရှိကြောင်း ၎င်း၏အစ်မဖြစ်သူက ပြောသည်။
‘‘အမှန်တော့ ညီမလေးကို ကောင်လေးက သဘောကျတဲ့ပုံ ပါ။ ညီမလေးက ဒါကိုသိပ်စိတ်မ ၀င်စားဘူး။ အစ်မတို့ဘက်က လည်း သိပ်သဘောမတူဘူးလို့ ပြောထားတယ်။ သူနဲ့အသိမိတ် ဆွေတွေပါ။ ဟိုးအရင်ကတော့ မိတ်ဆွေတွေပေါ့။ အခုနောက် ပိုင်းတော့သိပ်အဆက်အသွယ်မ လုပ်ကြတော့ဘူး’’ဟု မအေးချမ်း မြတ်ဖြိုးကပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ သြဂုတ် ၂၆ ရက် ည ၇ နာရီခန့်တွင် အေးချမ်း မြတ်မိုးနှင့် ၎င်း၏ရည်းစားဖြစ်သူ အံ့ဖြိုးပိုင်တို့ စကားများရန်ဖြစ်ရာ မှ အံ့ဖြိုးပိုင်က ဓားဖြင့်ထိုးရာလည်ပင်းကို ထိုးသွင်းခဲ့၍ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသွားသော မော်ဒယ်အေးချမ်းမြတ်မိုးသည် ဒုတိယနှစ်အင်္ဂလိပ် စာမေဂျာဖြင့်တက်ရောက်နေသည့် ကျောင်းသူတစ်ဦးဖြစ်သည်။ ၎င်းသည် Laurel Art Academy အနုပညာသင်တန်းကျောင်းမှရိုက်ကူးသည့် ရုပ်သံဇာတ်လမ်းတွင် ပါဝင်ရိုက်ကူးထားပြီး အနုပညာလှုပ်ရှားမှုများအဖြစ် ဗီစီဒီရိုက်ကူးခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့သည်။
သေဆုံးသူ၏ဖခင်မှာ စစ်တက္ကသိုလ်အပတ်စဉ်(၂၉)ဆင်းတပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။   အေးချမ်းမြတ်မိုး၏ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက်မွန်းလွဲတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်သည်။

7day daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...