Ads (728x90)


^^^မီးကြီးအကြောင်း^^^
ဗွေးတုတ်ရွာကနေ ရွာနီးချုပ်စပ် တစ်ခုလုံး သူကြီးသမီး အကြီးမ မီးကြီး အကြောင်းကလည်း ပြောစမှတ်ကို တွင်ရဲ့ ….
ရွှေစလွယ်ရ တကြီးဘိုးသီရဲ့ နှစ်လုံးပြူး၊ တကြီးကတော် ဒေါ်မေခရဲ့ သမီးထိ ဓါးကြည့် ဆိုတာအပြင် ညီမငယ် ဂီဂီရဲ့ လေးဂွကို ဘယ်လောက်ပဲ ကြောက်ရ ကြောက်ရ ဒီဗွေးတုတ်ရွာ အလှကွမ်းတောင်ကိုင်ရဲ့ မေတ္တာပန်းကို ရရှိဖို့ အရဲစွန့် ကြိုးစားနေသူတွေကလည်း ဒုနဲ့ဒေး …. ဘယ်လောက်လဲ ဆိုရင် ရွာနီးချုပ်စပ်အပြင် အချို့ မျက်စိလည်လမ်းမှားရောက်လာတဲ့ မြို့သားတွေတောင်ပါရဲ့ ….
ရွာအလှူပွဲတွေတိုင်း မီးကြီးများ ကွမ်းတောင်ကိုင်ပြီး မခို့တရို့များ လမ်းလျှောက်သွားရင်၊ ညနေချိန် မီးကြီး ရေခပ်ဆင်းချိန်များဆို ရွာကာလသားတွေအပြင် ရွာနီးချုပ်စပ်က ကာလသားတွေပါ လာငေးကြ ငမ်းကြရရဲ့
အဲ့လောက် အလှဂုဏ်သတင်းကြီးတဲ့ မီးကြီးလေ … တစ်ခါကပေါ့
လွန်ခဲ့တဲ့ (၁)နှစ်
ရွာမြောက်ပိုင်းက သူရင်းငှားလုပ်တဲ့ ဦးဖိုးထော်နဲ့ သူကြီးအိမ်မှာ ထမင်းချက်တဲ့ ဒေါ်ဂွက်ထော်တို့ရဲ့သား တရုတ်ကြီးနဲ့ ရွာမျက်နှာဖုံး ဦးရေနံချောင်းနဲ့ ဒေါ်ဝက်မတို့ရဲ့ သမီး နန်းအိတို့ မင်္ဂလာဆောင်မှာပေါ့ဗျာ
ဒီနေရာမှ တစ်ခု ဖြတ်ပြောရရင် …. ဆင်းရဲသားနင်းပြား တရုတ်ကြီးကို ချမ်းသာတဲ့ နန်းအိတို့ မိဘတွေက ဘယ်လိုမှ လက်မခံခဲ့ပါဘူး။ ချက်စူတရုတ်ကြီးက နန်းအိကို ခိုးပြေးဖို့ ကြိုးစားတာကို နန်းအိ မိဘတွေ မိတာရယ် တကြီးဘိုးသီက သူ့အိမ်မှာ ထမင်းချက်တဲ့ ဒေါ်ဂွက်ထော်ကို သနားလို့ ၀င်ကူညီခဲ့တာရယ်ကြောင့် ဒီမင်္ဂလာပွဲလေး ဖြစ်လာရတာပေါ့
တကြီးမျက်နှာ၊ ရွာမျက်နှာဖုံး ဦးYaynan Chungတို့ မျက်နှာကြောင့် မင်္ဂလာပွဲက စည်စည်ကားကား ….. ရွာဓလေ့အတိုင်း မိန်းကလေးတွေက နံနက်မင်္ဂလာအလှူအတွက် ချက်ပြုတ်ဖို့ ပြင်ဆင်ကြသလို ယောင်္ကျားလေးတွေကလည်း မီးထိုး၊ ရေခပ် ကူညီကြနဲ့ ……… ဒီရွာမေလုံမပျို အုပ်စုထဲမှာ တကြီးသမီး မီးကြီးလည်းပါရဲ့ ….
ဒီပြဿနာကို စခဲ့တာက ချက်ကြီး Aüñg Kÿáw Sôë Npg …..
အလှူမဏ္ဍပ်မှာ ကူညီသလိုနဲ့ ရေနွေးအိုးထဲ ထန်းရေတွေ ထည့်သောက်နေတာ
အရီးလေး ဒေါ်ဝက်မက ရေခပ်ခိုင်းလို့ သွားခပ်တဲ့အချိန် ….
တကြီးသမီးမီးကြီးက ရေဆာလို့ ထွက်လာရင်း ချက်ကြီးရဲ့ ရေနွေးအိုးတွေ့ပြီး ငှဲ့သောက်ရော
ပထမတစ်ခွက်သောက်တော့ အရသာကတမျိုး …. ဘာလဲဟ ဆိုပြီးမီးကြီး ထပ်သောက်တယ် …မဆိုး … ကောင်းတယ်ဟ ဆိုပြီး ရေငတ်ငတ်နဲ့ သောက်လိုက်တာ တစ်အိုးလုံးပြောင်ကော
မီးကြီး မလှူမဏ္ဍပ်ဘက် ပြန်လျှောက်တယ် ….
မျက်နာက နီရဲနေတယ် ….
ဖြူတဲ့အသားက ပန်းသီးလိုပဲ …
အားလုံးလန့်ပြီး မီးကြီး ဘာဖြစ်လဲ မီးကြီး ဘာဖြစ်လဲ ၀ိုင်းမေးကြကော ….
ဒီချိန် ချက်ကြီးကျော်စိုး ပြန်ရောက်လာပြီး
“ဟေ့ ငါ့ဒီရေနွေးအိုး ဘယ်သူသောက်သွား” ဆိုတဲ့ အသံကြားကော
မီးကြီး ဘာမပြော ညာမပြောနဲ့ ကဆုန်ဆိုင်း ပြေးပါလေရော ……
နောက် ၃ မိနစ်လောက် ကြာတော့ ဖုန်းတထောင်းထောင်းနဲ့ ဖုန်လုံးကြီး အလှူမဏ္ဍပ်ထဲ လွှင့်လာတော့ အားလုံး ကြောက်အားလန့်အားနဲ့ ကြည့်လိုက်တော့
မီးကြီး
ထမိန်ကို တိုတိုဝတ် …. နွားလှည်းကို လက်တစ်ဖက်ကမောင်း … လက်တစ်ဖက်က နှစ်လူးပြူးကြီး ကိုင်ပြီး မဏ္ဍပ်ထဲ မောင်းချလာတာ … အနောက် ခပ်လှမ်းလှမ်းမှာလည်း တကြီး လင်မယား အူယားဖားယား ပြေးလိုက်လာရဲ့ ….
ဘယ်သူလဲ ငါ့ကိုရစ်တာ …ဘယ်သူလဲ ငါ့ကို စတာ …. ငါ့ရေနွေးသောက်သွားတာဘယ်သူလဲလို့ ဘယ်ကောင် ပြောတာလဲ "ပြော" ဆိုပြီး သေနတ်ကြီး တရမ်းရမ်းနဲ့ ချိန်နေတာ
ချက်ကြီးကျော်စိုး ပြေးတာမှ မှုန်နေတာပဲ
ချက်ကြီးပြေးတာတွေ့တော့ မီးကြီး မူးမူးနဲ့လိုက်ရင်း သေနတ်နဲ့ လှမ်းပစ်တာ “ဒိုင်း” ဆို ကျည်ထွက်သွားလို့ ချက်ကြီးဆို ၀တ်ထားတဲ့ ဘောင်းဘီပေါ် ချီးတွေပါ ပါကျတယ် …
“ငါ့ကိုဘာမှတ်လဲ သေသွားမယ် …. ဟင်းဟင်း တကြီးသမီးနော် … ငါ့နာမည် မီးကြီး” ဆိုပြီး ချက်ကြီးကျော်စိုး မျက်နှာ သေနတ်နဲ့ တေ့ပြီး ပစ်မယ်လုပ်တာ အားလုံး ၀ိုင်းဆွဲလို့ ချက်ကြီး မသေတာ
“ငါ တောင်းပန်ပါတယ် … ငါ့ကို မသတ်ပါနဲ့ …. ငါ့ကို မသတ်ပါနဲ့” လို့ ပြောရင်း ချက်ကြီး သေးတွေ ချီးတွေထွက်ပြီး မေ့သွားလို့ တော်တော်ကို နှာနှပ်ယူရတယ် …..
ရွာသူတစ်သိုက်အပြင် ကာလသားတွေလည်း ရွာကွမ်းတောင်ကိုင် မခို့တရို့ မီးကြီးရဲ့ ကြမ်းချက်ကို ပါးစပ်အဟောင်းသား အံ့အားသင့်ကြ
ဒါတောင် မီးကြီးက မပြီးသေးဘူး …. တွေ့တဲ့လူကို ခြေထောက်နဲ့ လိုက်ကန်နေလို့ တကြီးကတော် ဒေါ်မေခ မနည်းဆွဲခေါ်သွားရတယ်
တကြီးလည်း ကျည်ထွက်သွားတဲ့ ကိစ္စ အတော် ရှင်းယူရတယ်။
အဲဒီကတည်းက မီးကြီး ထန်းရည်သောက်မှာကို တစ်ရွာလုံး အကြောက်ကြီး ကြောက်ကြရဲ့ …
တစ်သက်လုံး ချိန်ရုံဘဲချိန်တဲ့ တကြီးသေနတ် မီးကြီးလက်ရောက်မှ ကျည်ထွက်တော့တယ်။
မီးကြီးက ပုံမှန်ဆို မခို့တရို့ အဲ မူးသွားရင်တော့ တာနှောယက္ခထက်ဆိုး၏
ကံကောင်းလို့ တရုတ် ကြီးနဲ့ နန်း အိတို့ မင်္ဂလာပွဲ မပျက်တာ ….
အဲဗျ … အဲဒီမင်္ဂလာပွဲကိုတော့ ရွာကွမ်းတောင်ကိုင် မတက်ရောက်တော့ပါဘူး ရှက်လို့ဆိုပြီး (၂)လလောက် အိမ်ထဲက အိမ်ပြင် မထွက်ဘူးလေ
တကြီးသမီး အကြီးမ မီးကြီး Yu Yu Yu က အဲ့သလို ….


ဗွေးတတ်ကုန်းရွာဘောလုံးပွဲ အပိုင်း(၆)ကို ဆက်လက်စောင့်စား ဖတ်ရှုပေးကြပါဦး

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...