Ads (728x90)


နေရာ - တကြီးအိမ်ဝိုင်း
ဗွေးတုတ်ကုန်းရွာ တစ်ခုလုံး အုံးအုံးကျက်ကျက်ကို ဖြစ်နေသည်။ ဒီနေ့က ရွာဂုဏ်ဆောင်မည့် ဘောလုံးအသင်း ဖွဲ့စည်းမည့်နေ့ကိုး ....
ရွာဘောလုံးကွင်းကလည်း ယခုမှ ဖောက်ရမှာ။ မြေ၀ိုင်းကျယ်ကျယ်ရှိတာလည်း တကြီးဘိုးသီအိမ်ဘဲ ရှိတာဆိုတော့ လူရွေးပွဲ ကျင်းပမည့် တကြီးအိမ်ဝိုင်းထဲ ရွာကာလသားတွေ ပျားပန်းခပ်မျှ ရှိနေ၏
ရွာဂုဏ်ဆောင် ဘောလုံးအသင်း ဖွဲ့စည်းဖို့ တကြီးအပါအ၀င် ရွာလူကြီးများ အလုပ်ရှုပ်နေကြသလို တစ်ရွာလုံး လူကြီးကလေး ခွေးပါမကျန် တကြီးခြံဝိုင်းနား အုန်းအုန်းကျက်ကျက်ကို ဖြစ်နေရဲ့
လူရွေးပွဲကြီး ကျင်းပမည့် တကြီးအိမ်ဝိုင်း အပြင်မှာလည်း
နန်း အိ မုန်းဟင်းခါး
နန်းခင်လိုက်ဒေး ကွမ်းယာ / Ko Light Day
Maryar Ko အသုပ်စုံ
Ma Ma Sandar အာလူး၊ သခွားသီး တုတ်ထိုး
Thihasoe Soe အေးအေးလေးရေခဲရေ
အစရှိတဲ့ ဈေးကွက်မြင်တဲ့သူတွေရဲ့ ဆိုင်တွေကလည်း လွှတ်ကိုရောင်းကောင်းရဲ့
“ငါ့ကို အကြော်နဲ့ မုန့်ဟင်းခါးတစ်ပွဲပေး … ဟဲ့ နန်းအိ ဟင်းရည်ပိုထည့်နော်” ဆိုတဲ့ တကြီးသမီးအကြီးမ မီးကြီး Yu Yu Yu ရဲ့ အသံ
“မာယာ အသုပ်ချိုချိုလေးတစ်ပွဲနော် … အသဲနှလုံးလေးပါ ထည့်သုပ်ပေး” ဆိုတဲ့ ထန်းတောက Yangon Yarzarဂွတိုရဲ့ ပြီတီတီအသံ
“ဟဲ့ နန်းခင်လိုက်ဒေး ကွမ်းယာ ဗမာဆေးဖာလာ အမြန်ပေးစမ်းပါ …. ဟိုမှာ လူရွေးတော့မယ်”ဆိုတဲ့ လူရွေးပွဲ ၀င်မယ့် မမမျိုးလို့ ခေါ်တဲ့ နေမျိုး သူရိယ ရဲ့ အလောတကြီး အသံ
"သောက်မလားကို့ ... သောက်မလားကို့" ဆိုတဲ့ သီဟစိုးစီုးရဲ့ ရေခဲရေ ရောင်းနေသံ
“မမစန္ဒာ … ဟိုလေ သခွာသီးတုတ်ထိုးတော့ စားချင်ဘူး … ပန်းသီး တုတ်ထိုးလေးများ ရမလား” ဆိုတဲ့ ရွာအပျိုဟိုင်းကြီးကို ကြောင်နေတဲ့ Ye Min Thu ရဲ့ ညုတုတု အသံတွေ … အသံတွေ အားလုံး
ဒူ ဟူ ဟူ ဆိုတဲ့ တကြီးအိမ်က မောင်းသံကြားပြီး မီးကိုရေနဲ့ ငြိမ်းသလို တိတ်ဆိတ်သွားရဲ့
အဟမ်း အဟမ်း
တကြီးဘိုးသီ သူ့အိမ်ဝိုင်းထဲ ရောက်နေတဲ့ တစ်ရွာလုံးက လူတွေကို ဝေ့ကြည့်ရင်း ချောင်းဟန့်လိုက်တယ်
နောက် အောင်မြင်ခန့်ညားတဲ့ အသံဝါကြီးနဲ့
“ကဲ ရွာသူရွာသားတွေ … အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး …. ထမိန်ချောင်းအုပ်စုမှာ ပါတဲ့ ကျေးရွာ(၄)ရွာ ဘောလုံးပွဲ လုပ်မယ် …. ဆုပေးချင် ပေးမယ် …. မပေးရင် မပေးဘူး … ငါကိုယ်တိုင် မင်းတို့အသင်း အုပ်ချုပ်သူ လုပ်မယ် … ရွေးချယ်ရေးအဖွဲ့စကားကို နားထောင်ရမယ် ….. ရွေးချယ်ရေးအဖွဲ့တွေကလည်း ငါတူ ငါ့သား ဆိုပြီး မရွေးချယ်နဲ့ ... ဒိုင်းရအောင်ချမယ်… ဒါပဲ”
သူကြီးဘိုးသီ ဒေါသကြီး စိတ်တိုတတ်တာ သိပေမယ့် ရွာသူရွာသားတွေက သြ၀ါဒ စကားကိုတော့နည်းနည်းကြာကြာ ပြောမယ်ထင်တာ။ တကြီးကတော် ဒေါ် M Ay K Ha လည်း အဲ့လောက် တိုတုတ်ရလားဆိုတဲ့ အကြည့်။ တကြီးသမီး အငယ်မ ဂီဂီ Hnin Theingi Hlaing Npg ရဲ့ အဖတို့များ စကားနည်းရန်ကော ဆိုတဲ့ အကြည့်တွေကို မသိကျိုးကျွံပြုပြီး သူကြီးဘိုးသီ Thiha Kyaw Zaw ထိုင်ချလိုက်တယ်။ ရွာသူရွာသားတွေခဗျာ ဘာလုပ်ရမှန်းမသိ ကြီးကြည့်ကြောင်ကြည့်။
တကြီးဘိုးသီတို့များ စကားနည်းပုံက အဲ့သလို



 "ဗွေးတုတ်ကုန်းရွာဘောလုံးပွဲ" အပိုင်း(၇)    ကိုစောင့်မျှော်အားပေးကြပါဦး...

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...