Ads (728x90)




====================

ပျောက်ဆုံးလေယာဉ် MH370 နဲ့ပါတ်သက်တဲ့ သတင်းတွေ တင်ပေးဖြစ်တယ်။ အင်တာနက်ကနေ နေ့တိုင်းလိုလို အဲ့ဒီ လေယာဉ်နဲ့ ပါတ်သက်တဲ့ သတင်းလိုက်ဖြစ်ခဲ့တယ်။

အဲ့ဒါကလည်း ကျွန်တော် ၇ နှစ်လောက် လုပ်ခဲ့ဖူးတဲ့ အလုပ် တစ်ခုဖြစ်ခဲ့တော့ သတင်းဖတ် ဖြစ်စဉ် အကျဉ်းလေး တင်ပေးဆိုတာ ကျွန်တော့်အတွက် ပေါ့ပေါ့ပါးပါးပဲ မို့ Online က သတင်း Update သိချင်နေသူတွေ အတွက် စေတနာ သက်သက်နဲ့ တင်ပေးဖြစ်တာပါ။…

မနေ့ကတော့ အဲ့ဒီလေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ အဆုံးသတ်သွားပြီ ဆိုပြီး မလေးရှားဝန်ကြီးချူပ်က တရားဝင် ပြောခဲ့တယ်။

သတင်းတွေ တောက်လျှောက် လိုက်နေတဲသူ၊ သိနေတဲ့သူတစ်ယောက် အနေနဲ့ ဒါဟာ ဖြစ်နိုင်သလား ဆိုပြီး စဉ်းစားမိတယ်။ လေယာဉ်ပျက်ကျတယ်လို့ ပြောလိုက်တာဟာ ခရီးသည် ၂၃၉ ဦးစလုံး လေယာဉ်နဲ့အတူ အိန္ဒိယ သမုဒ္ဒရာထဲမှာ သေဆုံးသွားပြီလို့ သွယ်ဝိုက် အတည်ပြု ပြောလိုက်တာပဲ မဟုတ်လား…

ဒီည ထမင်းစားရင်း Fox News ကြည့်ဖြစ်တော့လည်း မလေးရှားသံရုံးရှေ့ ဆန္ဒပြကြတဲ့ ကျန်ရစ်သူ တရုတ် မိသားစု ၀င်တွေက “မလေးရှား အစိုးရဟာ အမှန်တရားတစ်ခုခုကို ဖုံးကွယ်ထားတယ်” ဆိုပြီး ပြောနေတာ ကြားလိုက်ရတယ်။ တကယ်လို့ မလေးရှား အစိုးရ တစ်ခုခု ဖုံးကွယ်ထားတာသာ မှန်ရင် ဒါဟာ ဘာလဲ…. ဘာဖြစ်နိုင်သလဲ…

တကယ့်ကို စဉ်းစားရ ကြပ်တဲ့ ကိစ္စပါ.. အခု လေယာဉ် အစိတ်အပိုင်းတွေ အိန္ဒိယ သမုဒ္ဒရာထဲမှာ တွေ့တယ် ဆိုရုံနဲ့တော့ အဲ့ဒီနေရာမှာ လေယာဉ်ပျက်ကျခဲ့တယ် ဆိုတာ ယုံကြည်လို့ ရနိုင်ပါ့မလား…

တစ်ယောက်ယောက်က ဒီနေရာမှာ ဒီလို အစိတ်အပိုင်းတွေ လာပစ်သွားတာရော မဖြစ်နိုင်ဘူးလား… ဒါက မဖြစ်နိုင်ပေမယ့် တွေးကြည့်မိတယ်။ မတွေးလို့လည်း မဖြစ်ဘူး …. မာယာ ပရိယာယ် များလွန်းတဲ့ လောကကြီးပဲလေ…

လေယာဉ် ပျံသန်းမှု မှတ်တမ်း လို့ ကျွန်တော် နားလည်ထားတဲ့ Black Box ရှာမတွေ့မချင်း ဒီအဖြေကလည်း ပဟေဠိတစ်ပုဒ် အနေနဲ့ ဖြစ်နေအုံးမှာပါပဲ… Who knows (God knows) ဆိုတဲ့ စကား အတိုင်းပဲပေါ့…

Zaw Lwin Win
Like · · · 4 hours ago · Edited ·

  • Nat Ywar Thar ကျနော်ကတော့ မလေးရှား အစိုးရကို မယုံပါ။
  • Ram Mar ကျနော် လေ့ မယုံဘူးဗျာ ... တရုတ် ကို သွားတဲ့ လေယာဉ်က အန္ဒိယသမုဒ္ဒရာ ထဲ မှာ ပျက်ကျရတယ်လို့  .. အာဖရိက ကို သွားတာလဲ မဟုတ်ပဲ နဲ့ 
  • Swe Thet UK ကပေးတဲ့သတင်းကြောင့်
    အတည်ပြုလိုက်ပါ
    လေယဉ်နောက်ဆုံးရောက်နေတဲ့နေရာဟာအိန္ဒိယအိုးရှင်းတဲ့
  • Zaw Lwin Win ကျွန်တော်သိသလောက် မလေးရှား အစိုးရကို ယုံတဲ့သူ မရှိသလောက်ပဲဗျ
  • Aye Mi Khine လေယာဉ်လမ်းကြောင်းပြန်ကွေ.သွားလို.အိန္ဒိယသမုဒ္ဒ၇ာထဲပျက်ကျတာပေါ. သတင်းတွေသေချာပြန်ဖတ်ကြည်.လေ
  • Ko Wai Gyi စိတ်ထဲမှာအခုချိန်ထိ မလေးအစိုးရက တစ်ခုခု ထိန်ချန်ထားတယ်လို့ ထင်နေတယ် လေယာဉ်က ဘာကြောင့်ပြန်ကွေ့တာလဲ အရေးပေါ်ဆိုလဲ နီးစပ်ရာမှာဆင်းရမှာ စဉ်းစားစရာတွေအများကြီး ကျနော်တို့မသိနိုင်တာတွေ လက်လှမ်းမမှီတာတွေ အများကြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်နေရုံမှတပါး
  • Aye Mi Khine ခေါင်းရျုပ်ခံပြီးစဉ်းစားနေ၇င်ကိုယ်.ပြီးတော.မှာမဟုတ်ဘူး... ဘယ်နိုင်ငံမှလဲငွေတွေသန်းချီအကုန်ခံပြီးပျက်ကျချင်မှာမဟုတ်ဘူး ဘလက်ဘောက်စ်၇ှာတွေ.၇င်အကုန်သိလိမ်.မယ်..တ၇ုတ်တွေကသူများထက်ကိုပိုလွန်းတယ်..မလေး၇ှားကလူတွေတောင်သူတို.လောက်အဖြစ်မသည်းဘူး..ကိုယ်ချင်းမစာလို.မဟုတ်ဘူး သွား၇ှာ၇တဲ.နိုင်ငံကလူတွေမှအများကြီး..သူတို.အမျိုးသေတာလောက်ဘဲဆူဖို.လောက်ဘဲသိတယ်။။
  • Kathy Myint ဟာသလုပ်တာမဟုတ်ပါဘူးဗျာ!

    ကိုရီးယားဇာတ်လမ်းတွဲကြီးလိုပဲနော် o_O
  • Ko Swe မလေးရှားမှမဟုတ်ပါဘူး ဘယ်ကုလားအစိုးရကိုမှမယုံဘူး အကိုရေးတာကိုသဘောကျပါတယ်
  • Soe Win လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တောင်ကိုးရီးယား လေယာဉ်တစီးထင်တယ်။ ရုရှားပိုင် ဆာခါလင်ကျွန်းပေါ်လမ်းမှားဖြတ်ပျံသန်းမိလို့ ပစ်ချခံရတာ ရုရှားက ဖုံးထားပေမဲ့ အမေရိကန်က ဂြိုလ်တုကနေသိလို့ ကမ္ကာကို အရင်အသိပေးခဲ့ဘူးတယ်။ ဆိုလိုတာက မလေးရှားလေတပ်က မှားယွင်းပြီး ပစ်ချတာတော့ မဖြစ်နိုင်ဘူး။ အကြမ်းဘက် အပိုင်စီးခံရတယ်ဆိုရင်လဲ အဆက်အသွယ်မပြတ်မှီ မသင်ကာစရာ တခုခုတော့ အချက်ပြတာရှိရမယ်။ အကြမ်းဘက်သမားများမသိနိင်တဲ့ လှို့ဝှက် ဆက်သွယ်မှု ခလုပ်တခုခုတော့ အခုခောတ် နောက်ဆုံးပေါ် လေယာဉ်တွေမှာ ရှိနိုင်တယ်။ (ဘဏ် ဓါးပြတိုက်နေပြီဆိုတာသိတာနဲ့ လှို့ဝှက် ခလုပ်နှိပ်ပြီး သက်ဆိုင်ရာကို အချက်ပေးလိုက်တာမျိုး။ (Security System connected to local police station)။ လေယာဉ် အကြောင်းနားလည်တတ်ကျွမ်းတဲ့သူ တဦးဦးက အဲဒီ အချက်ပေး ဆက်သွယ်ခလုပ်တွေကို တမင် ပိတ်ပစ်ပြီး နာရီ အတော်ကြာကြာ ပျံနေတယ်လို့ ပညာရှင် တတ်ကျွမ်းသူအချို့က ယူဆကြတာ CNN အင်တာဗျူးတွေမှာ ကြည့်ခဲ့ရတယ်။ အီဂျစ်လေယာဉ်တဦးက သူ့လေယာဉ်ကို အမေရိကားကနေ အီဂျစ် အပြန် မှာ ပင်လယ်ထဲ ထိုးစိုက်ဆင်း သတ်သေဘူးတယ်။ စင်ကာပူ Silk Air လေယာဉ် အင်ဒိုနီးရှားဘက် မှာ ပျက်ကျတော့ လေယာဉ်မှုးမှာ (ငွေကြေးဆိုင်ရာ ?? စိတ်ရေးရာ??) ပြသနာ ရှိနေတာ နောက်ပိုင်းမှာ တွေ့ရတယ်။ မလေးအစိုးရဟာ သူ့လေယာဉ်မှူးတွေရဲ့ နောက်ခံ အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် မစုံစမ်း မရှာဖွေတာ အားမရ စရာ အမှန်ဘဲ။ သူတို့ဘာသာရေးနဲ့ ဆိုင်တဲ့ အကြောင်းတခုခုရှိလို့ ဖုံးကွယ်ချင်ပုံရတယ်။
  • Nyi Lwin ဒါကြိုတင်ကြံစီမှုလို့ယူဆပါတယ်၊ နည်းပညာကျွမ်းကျင်မှုနဲ့ နိုင်ငံပေါင်းစုံကို လုံခြုံရေးစိန်ခေါ်မှုတရပ်ပါ။ အဓိက က လေယဉ်မှူးတွေ ခန့်တဲ့အခါမှာ အထူးသတိထားကြဖို့ မီးမောင်းထိုးပြနေတာမဟုတ်ဘူးလို့ ဘယ်သူငြင်းနှိုင်မှာလဲ....

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...