Ads (728x90)


====================================

ပျောက်ဆုံးလေယာဉ်နဲ့ ပါတ်သက်ပြီး မနေ့ကပဲ မလေးရှား ဝန်ကြီးချုပ် နာဂျစ်က အဆုံးသတ် လိုက်ပါပြီ။ လေယာဉ်ဟာ လူသူမနီးတဲ့ အိန္ဒိယ သမုဒ္ဒရာထဲမှာ ခရီးစဉ် အဆုံးသတ်သွားခဲ့တယ်လို့ ထုတ်ပြန်လိုက်တာပါ။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ အားလုံးအတွက်လည်း ဝမ်းနည်းရပါကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

သဘာဝ မကျတာ တစ်ချို့ ရှိနေပါတယ်။ နာဂျစ် အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင် နာရီပိုင်းအလိုမှာ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေဆီကို ဖုန်း မက်ဆေ့ တစ်စောင်ဆီ ပေးပို့ခဲ့ပါတယ်။ အဲ့ဒါကတော့ လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ အဆုံးသတ်သွားခဲ့ပြီး လိုက်ပါသွားသူ တစ်စုံတစ်ယောက်မှ အသက်ရှင် မကျန်ရစ်ဘူး ရယ်လို့ မက်ဆေ့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

မလေးရှား အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ဟာ ယူကေက လာတဲ့ ဆက်တလိုက် အချက်အလက်တွေအရ ယေလာဉ်ရဲ့ နောက်ဆုံးတည်နေရာဟာ မြေပြင်မှ ဆင်းသက်လို့ ရနိုင်မယ့် နေရာတွေနဲ့ အလှမ်းဝေးလွန်းတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ အဆုံးသတ်သွားခဲ့တဲ့ အချက်အလက်အရ ထုတ်ပြန်သွားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ အချက်အလက်လောက်နဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေ “တစ်ယောက်မှ အသက်ရှင် မကျန်ရစ်ဘူး။” ရယ်လို့ မိသားစုတွေဆီကို အတိအကျ သတင်းထုတ်ပြန်လိုက်တာကတော့ မလွန်လွန်းဘူးလား။ ဆက်တလိုက် အချက်အလက်တွေ မှန်ကန်လို့ လေယာဉ်ဟာ အဲ့ဒီနေရာမှာ အဆုံးသတ်သွားခဲ့တယ်ပဲ ထားအုံး။ တစ်ယောက်ယောက် အသက်မရှင်နိုင်တော့ဘူးတဲ့လား။

မလေးရှား အစိုးရမှာ လက်ရှိ သက်သေ ပြစရာ ဘာမှ မရှိပါဘူး။ သေဆုံး အလောင်း မပြနိုင်ဘူး။ လေယာဉ်ပျက်ရဲ့ တောင်ပံတစ်စ၊ ထိုင်ခုံလေး တစ်လုံးတောင် မပြနိုင်ဘူး။ မျက်မြင်သက်သေ မပြနိုင်ဘူး။ ခိုင်လုံတဲ့ သတင်းထုတ်ပြန်မှု မလုပ်နိုင်သေးဘူး။ အဲ့ဒီလို အချိန်မှာ “တစ်ယောက်မှ အသက်ရှင် မကျန်ရစ်ဘူး။” ရယ်လို့ မလေးရှားဖက်က ထုတ်ပြန်လိုက်တာဟာ မရိုးသားဘူးလို့ပဲ ယူဆပါတယ်။ မလေးရှားဟာ ဒီကိစ္စကို စောစောစီးစီး အဆုံးသတ်ချင်နေတဲ့အတွက် အခုလို ထုတ်ပြန်လိုက်တယ်လို့ပဲ ယူဆပါတယ်။

သြစတေးလျဖက်က ပျက်စီး အပိုင်းအစ ဖြစ်ဖွယ် ရှိတယ်လို့ ယူဆရတဲ့ အပိုင်းအစ ၂ ခု ဂြိုဟ်တုကနေ တွေ့ထားပါတယ်။ လေယာဉ်ရှာဖွေရေးကနေလည်း တစ်စုံတရာ တွေ့ရှိထားပါတယ်။ ဒါပေမယ့် ဒါဟာ MH370 က ပျက်စီးအပိုင်းအစ ဖြစ်တယ်ရယ်လို့ အခုအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။ ဒီ့ထက် ဆိုးတာက သြစတေးလျဖက်က ဒီနေ့ရှာဖွေရေး မလုပ်ပါဘူး။ ရာသီဥတု ဆိုးရွားနေတဲ့အတွက်ပါလို့ အကြောင်းပြသွားပါတယ်။

နောက်ဆုံး အချက်အလက်အရ လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ အဆုံးသတ်သွားခဲ့တယ် ထားအုံးတော့ လေယာဉ်ဟာ ပေါက်ကွဲသွားတာလား၊ ရေထဲကို အစင်းလိုက် ထိုးဆင်းသွားတာလားဆိုတာလည်း ဘာမှ အတည်တကျ သက်သေ မပြနိုင်သေးပါဘူး။ ဆင်းစရာ လေယာဉ်ကွင်းတွေနဲ့ ဝေးကွာနေတယ်ပဲ ထားအုံးတော့ လေယာဉ်ဟာ ရေပြင်ပေါ်မှာ အရေးပေါ် ဆင်းသက်နိုင်တာပဲ မဟုတ်လား။ ပြီးတော့ ရေထဲမှာ အသက်ရှင်ဖို့ သက်ကယ် ဝတ်စုံ အလုံအလောက် လေယာဉ်ပေါ်မှာ ပါသွားတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုအောင် သေချာပါမယ်။ လေယာဉ် ပျက်ကျသွားတယ် ထားအုံးတော့ သက်ကယ် ဝတ်စုံနဲ့ တစ်စုံတစ်ယောက်ဟာ ရေထဲမှာအစားမစားပဲ ၅ ရက်လောက် မျောနေနိုင်တာပဲ မဟုတ်လား။ ၅ ရက်အတွင်းမှာ ကျွန်းငယ် တစ်စုံတရာ ရှာဖွေ တွေ့ရှိနိုင်စရာ အခွင့်အလမ်း ရှိနေသေးတယ် မဟုတ်လား။

အခုလို သက်သေတစ်စုံတရာ အခိုင်အမာ မပြနိုင်သေးခင်မှာ မလေးရှား အစိုးရဖက်က “အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မရှိဘူး။” ရယ်လို့ မိသားစုတွေဆီကို မက်ဆေ့ပို့ခဲ့တာဟာ ရိုးသားမှု မရှိတဲ့ အဆုံးသတ်မှု တစ်ခုလို့သာ မြင်မိကြောင်းပါ။

၂၅-၃-၂၀၁၄

 
Unlike · · · 2 hours ago ·

  • You, Ram Mar, Saw Morris and 3 others like this.
  • Ram Mar ထူးခြား မှု တစ်ခု ကဗျာ ... ကျနော် လည်း မပြော ရဲဘူး ဘယ် မလေး လူမျိုးကိုမှ .. ကျနော် နဲ့  သိပ်ရင်းနီးတဲ့ ဆာရ၀ ရဲသား တစ်ယောက် ကတော့ အဲဒီ လေယာဉ် ကို အဲဒီ မနက်ပိုင်း မှာ ပဲ မလေးလေတပ် က ပစ်ချ လိုက်ပြီ တဲ့ .. အစအန တွေ ဖျောက်ဖျက်ပြီး မှ လေယာဉ် ပျောက်သွားတယ် လို့  ကြေငြာတာ တဲ့ .. ယုံရတာတော့ မဟုတ်ပါဘူး
  • Nat Ywar Thar ကျနော် အဲ့ဒါကိုတော့ သိပ်မယုံဘူးဗျ။ ပစ်ချတယ်ဆိုရင် ပေါက်ကွဲမှု ဖြစ်ရမယ်။ ပေါက်ကွဲမှု ဖြစ်ရင် ဂြိုဟ်တုက သိနိုင်မယ်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာမယ့် လေထု ရုတ်တရက် ရွေ့လျား သွားမှုကို စုံစမ်းလို့ ရနိုင်မယ်လို့ ကြားဖူးပါတယ်။ အဲ့ဒီလို လေထု လှုပ်ရှားသွားမှုမျိုး မတွေ့ရဘူးလို့ အမေရိကန် လျှို့ဝှက် စုံထောက် ဂြိုဟ်တုက ထုတ်ပြန်ထားတာ တစ်ခါတွေ့လိုက်ပါတယ်။
  • Ram Mar ဟာာဗျာာာ ပေါက်ကွဲ တိုင်း လေထု လှုပ်ရှားမှု ဖြစ်တာ မဟုတ်ပါဘူးဗျာ ... ပေ ၁ လောက် နဲ့  အထက် မှာ ပေါက်ကွဲ တာမှာ လေထု လှုပ်ရှားမှု ကို ရေဒါ က ဖမ်းလို့ ရတာပါ .. လေယာဉ် ကို ပစ်ချ လိုက်လို့  အတောင်ဖြစ်ဖြစ် အမြီး ဖစ်ြဖြစ် ထိပြီး မြေပြင် တောအုပ်ထဲ ကို ပြတ်ကျပြီး မှ ပေါက်ကွဲ ရင် ဘယ်ရေဒါက မှ ဖမ်းဖို့ မလွယ် တော့ဘူး ..မီးတောင် ကြောင့် တစ်နိုင်ငံလုံး မှိုင်းရှုပ်နေတဲ့ အချိန် နေရာတိုင်း မီးတောက်တွေ မီးခိုး တွေ ပလူပျံနေတဲ့ နိုင်ငံမှာ လေယာဉ်တစ်စီး ပေါက်ကွဲ ပြီး မီးလောင်တာလောက် ကို ရှာဖို့ ဆိုတာ မလွယ်ဘူးဗျ ..
  • Nat Ywar Thar နောက်ထပ် စိတ်ဝင်စားတာ တစ်ခု ရှိသေးတယ်ဗျာ။ ခု ရှာဖွေရေး စရိတ်တွေကို ဘယ်သူက ကုန်ကျနေတာလဲ ဆိုတာ။ နိုင်ငံတကာက ကိုယ့်စရိတ်နဲ့ ကိုယ် ဝိုင်းရှာပေးနေကြတာလား၊ ဒါမှ မဟုတ် မလေးရှားက အကုန်အကျ ခံနေရသလား ဆိုတာ ကွဲကွဲပြားပြား မသိဘူး။ ကုန်ကျစရိတ် မနည်းလောက်ဘူး။ မလေးရှားဖက်က အဲ့ဒါတွေကိုများ စောစောစီးစီး အဆုံးသတ်ချင်နေတာလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်တယ်။ ကုန်ကျစရိတ် အတော်တော့ များမယ်။
  • Ram Mar တရုတ် တွေ ပြေတာတော့ ကိုယ့်စာရိတ် နဲ့  ကိုယ် ရှာကြတာ တဲ့ဗျာ ... ဒါမယ့် မလေး နိုင်ငံ တစ်ခုတည်းက သုံးစွဲ ထားတဲ့ ငွေကို ရေတွက် ကြည့်ရင် အဲလို လေယှဉ် အစီး ၃၀ ဖိုးထက် တော့ နည်းမယ် မထင်တော့ဘူးဗျ
  • Soe Min Maung Soe ဘယ်မှာပစ်ချတာလဲ ကမ်းလွန်မှာလားကုန်းတွင်းမှာလား??အတော်မဖြစ်နိုင်တဲ့ကိစ္စပါ
  • Nat Ywar Thar မလေးရှားဖက်က ထုတ်ပြန်မှု တွေ မရိုးသားတာတွေလည်း အတော်များပါတယ်။ လေယာဉ်ပျောက်တာ ၁ နာရီ ၅၀ မိနစ်လို့ အစဆုံး ထုတ်ပြန်တယ်။ သတင်းထုတ်ပြန်တာ ၇ နာရီ ၂၀။ ဒီကြားထဲ ၅ နာရီလောက် ဘာတွေ လုပ်နေလဲ။ ရေဒါ စခန်းက ဝန်ထမ်းရဲ့ ပြောပုံအရ သူ့အတွေ့အကြုံ သက်တမ်းတစ်လျှောက် ဒီလို အဆက်အသွယ် လုံးဝ ပြတ်သွားတာမျိုး မကြုံဖူးဘူးတဲ့။ ဒီလို ထူးဆန်းလွန်းနေတဲ့ ကိစ္စတစ်ခုဟာ ၅ နာရီလောက်အထိ လျှို့ဝှက်ထားခဲ့တာလား။ ပြီးတော့ မလေးရှားစစ်တပ် ရေဒါက လေယာဉ် ပြန်လှည့်လာတယ် လို့ ထင်ရတဲ့ အချက်အလက် ရထားရဲ့သားနဲ့ ဗီယက်နမ်နားက တောင်တရုပ် ပင်လယ်ထဲမှာ ရှာခိုင်းနေတာ ဘာ့ကြောင့်လဲ ဆိုတာ တွေးစရာတွေ အများကြီးပဲ။ ယုံချင်စရာကို သိပ်မရှိပါဘူး။ သေချာတာ တရုပ်ကြီးတော့ အခဲမကျေ ဖြစ်နေတော့မှာပဲ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...