Ads (728x90)

 Photo: တရုတ်နိုင်ငံရှိ မလေးရှား သံရုံးကို MH370 လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ ချီတက် ဆန္ဒပြနေ..
*****************************************
ရိုက်တာ သတင်းအရ တရုတ်နိုင်ငံ ဘေဂျင်းမြို့က မလေးရှား သံရုံးရှေ့မှာ ပျောက်ဆုံးလေယာဉ် MH370 ကြောင့် သေဆုံးသွားခဲ့ပြီလို့ ကြေငြာခံရတဲ့ ခရီးသွားတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်
 လူရာနဲ့ချီပြီး ဆန္ဒပြနေကြောင်းနဲ့ မလေးရှား သံရုံးကို ရဲတပ်ဖွဲ့ဝင်တွေက တန်းစီရပ်တန့်ပြီး ကာကွယ်ပေးနေရတယ်လို့ သိရပါတယ်။ 

သူတို့ အဓိက ပြောကြားခဲ့တာက “မလေးရှား အစိုးရ နဲ့ လေကြောင်းလိုင်းတို့က လိမ်လည် ခဲ့တယ် “ ဆိုတာပါပဲ…   "Malaysian government has cheated us" ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဆန္ဒပြသူတွေကို သံရုံး အဆောက်အဦးနား မကပ်အောင် ထိန်းထားခဲ့ပါတယ်။

“ကျွန်တော်တို့ ၁၈ ရက်ကြာအောင် သီးခံစောင့်ဆိုင်းခဲ့တယ်။ ဒီနေ့အထိလည်း စောင့်တုန်းပဲ၊ ကျွန်တော်တို့ ဘယ်လောက်အထိ ဆက်စောင့်ရအုံးမှာလည်း”  ဆိုပြီး Zhang ဆိုတဲ့ အမျိုးသမီးကြီးက ရိုက်တာ သတင်းဌါနကို ပြောပါတယ်။

အခြား သတင်းတစ်ရပ်မှာတော့ မလေးရှား လေကြောင်းလိုင်း စီအီးအိုက ဒီလို ကျန်ရစ်သူတွေရဲ့ မိသားစုဝင်တွေ ခံစားနေရတာမြင်ရတာဟာ သူ့အတွက် ရင်နာမဆုံးဖြစ်၇ကြောင်း ဒီလေယာဉ် MH370 နဲ့ ပါတ်သက်ပြီး သူ့မှာ တာဝန်အရှိဆုံးလို့ ယူဆတဲ့ အတွက် တာဝန်ကနေ မိမိဆန္ဒအလျောက် နုတ်ထွက်တော့မယ်လို့ သတင်းစာ ဆရာတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။…

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...