Ads (728x90)

Photo: တရုတ်နိုင်ငံက မလေးရှား သံရုံးကို လုံခြုံရေး အထူးတင်းကြပ်ထားရတယ်လို့ Breaking News တက်နေပါတယ်။ 

တရုတ်ခရီးသည် အများဆုံးပါတဲ့ မလေးရှားလေယာဉ် MH370 ပျောက်ဆုံးမှုမှာ လိုက်ပါသွားတဲ့ ခရီးသည် အားလုံး သေဆုံးကုန်ပြီလို့ မနေ့ညက တရားဝင် ကြေငြာအပြီး  ဒီကိစ္စ ကိုင်တွယ်တဲ့ နေရာမှာ မလေးရှား အစိုးရတာဝန်ရှိသူတွေက 
- ပွင့်လင်းမြင်သာမှု မရှိတာ၊ 
- တမင် သတင်းထိန်ချန်ထားတယ်လို့ ယူဆခံရတာ၊ 
- မလေးရှားက  တရုတ်ကို တမင် ပြဿနာ ဖန်တီးတာလို့ ယူဆကြတဲ့ အတွက် တရုတ်ပြည်သူ အတော်များများက မလေးရှား အစိုးရကို မကျေနပ်ကြပဲ မလေးရှား သံရုံးကို ၀င်စီးမယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဘေဂျင်းမှာ ရှိတဲ့ မလေးရှား သံရုံးရဲ့ လုံခြုံရေးကို အတူးတင်းကြပ်ထားကြောင်း သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မိသားစုဝင်တွေက Weibo ကနေတဆင့် Liangmaqiao North Street လမ်းပေါ်ကို မနက် ၁၀း၃၀ အချိန် ရောက်လာမယ်လို့ ကြေငြာထားပါတယ်။ ၁၁ နာရီ အထိတော့ မရောက်လာသေးကြောင် သိရပါတယ်။

ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားတော့ ဖြစ်လာပါပြီ...

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...