အရှေ့ကိုကြည့်တော့လည်း မှုန်မှိုင်း
အနောက်ကို ကြည့်ပြန်တော့လည်း မှိုင်းညို့
တောင်၊ မြောက် ဘယ်နေရာမဆို အမှောင်ကကြီးဆိုး
နေရာအနှံ့က .... ပေါက်ကွဲမယ့် ဗုံးတစ်လုံးလို
အတင်းအဖျင်းတွေ၊ အပုတ်အခတ်တွေ
အသတ်အဖျက်တွေ၊ အယုတ်အပတ်တွေ
ကလိန်ကျမှုတွေ၊ အကန့်အသတ်တွေနဲ့
မြန်မာပြည်ကြီး အသားကျလို့ နေပါပြီ
မျှော်လင့်ချက်မဲ့တဲ့ မျက်ဝန်းတွေက
အာဃာတတွေ၊ အမုန်းတရားတွေ
ရန်လိုမုန်းတီးမှုတွေကို ရပ်တန့်ပြီး
ယုံကြည်မှုနဲ့ တည်ဆောက်တဲ့
ငြိမ်းချမ်းတဲ့တိုင်းပြည်ကို မျှော်လင့်နေကြပါတယ်
"အယူအဆ မတူသူတွေ ပေါင်းစည်းညှိုနှိုင်းပြီး မျှော်လင့်ချက်မဲ့နေတဲ့ မျက်ဝန်းတွေကို ကယ်တင်နိုင်ပါစေ"
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။