Ads (728x90)


တစ်ချို့ ကပြောကြတယ် အမှုကဖြစ်ပီးနေတာကြာပီ ခုမှ ပြန်နှူးနေကြတယ်တဲ့  ဟုတ်ကဲ့ ဗျာ အဲ့ ဒါဆို ကျွန်တော်ပြောပြပါ့ မယ် အမှုဖြစ်တာက 19.4.2013 မနှစ်ကဖြစ်တာပါ စီရင်ချက်ချတာကတော့  21.1.2014 ဒီနှစ် ၁ လပိုင်းကမှ စီရင်ချက်ချတာပါ ဘာကြောင့် ခုမှ ဒီသတင်းကို ဖြန့် ရလဲဆိုတာကို ဒီလောက်ဆို သိကြမယ်ထင်ပါတယ် တနှစ်ကျော်ကြာမှ စီရင်ချက်ချခဲ့ တာပါ အဲ့ ဒီစီရင်ချက်က တရားမျှတမှုမရှိဘူး မှန်ကုန်မှုမရှိဘူးထင်လို့  အထောက်အထားတွေနဲ့ တကွ Online မှာ Share လုပ်ခဲ့ ကြတာပါ ဒီတော့  သူငယ်ချင်းတို့ အနေနဲ့  ခုမှ ဘာလို့  လာဖွနေကြတာလဲ ဆိုတဲ့ စကားမပြောကြပါနဲ့ တော့  ... 
 ယနေ့ ဖေဖေါ်ဝါရီ ၄ရက် ၂၀၁၄ နေ့ နံနက် ၁၀း၀၀နာရီက ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးတွင် ၈၈မျိုးဆက် အမျိုးသမီး ဋ္ဌာနမှဦးဆောင်၍ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦးဖြစ်သော မနော်မေသူသူဇော်သေဆုံးမှုနှင့်ပတ်သက်၍ သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးဋ္ဌာန၊ရုံးအဖွဲ့၊ ဥပဒေရေးရာဋ္ဌာန၊ မဏ္ဍိုင် Law Academy၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ကျောင်းသား ကျောင်းသူများ ၊ သေဆုံးသူမနော်မေသူသူဇော်၏ မိသားစုဝင်များနှင့် သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို - သေဆုံးသူ မနော်မေသူသူဇော်သေဆုံးမှုနှင့်ပတ်သက်၍ တရားရုံးများ၏ စီရင်ချက်များအပေါ် ကျေနပ်နှစ်သက်ခြင်းမရှိသဖြင့် အမူစစ်ဆေးစဉ် ကာလအတွင်းကြုံတွေ့ခဲ့ရသည့် တရားမမျှတမှုနှင့်ပတ်သက်၍ အများ ပြည်သူသိရှိနိုင်စေရန်၊ - အင်တာနတ်စာမျက်နှာများတွင် ပေါ်ပေါက်ပျံ့နှံ့နေသော သတင်းများနှင့် ပတ်သက်၍ မူရင်းအဖြစ်အမှန်နှင့်လွဲချော်၍ လိုရာဆွဲချဲ့ကားရေးခြင်း များကြောင့်အမှုဖြစ်စဉ်တွင် သက်ဆိုင်ရာကာယံကရှင်များ၊မိသားစုများ အတွက် နစ်နာမှုများဖြစ်ပေါ်ပြီး မလိုလားအပ်သည့် ပြဿနာပဋိပက္ခများ မဖြစ်ပေါ်စေရန် ၊ - မြန်မာနိုင်ငံ၏တရားစီရင်ရေးတွင် ပြည်သူလူထုက ယုံကြည်သော တရား စီရင်ရေးဖြစ်ပေါ်စေရေးအတွက် တရားရုံး၏စီရင်ချက်၊ အမိန့်စသည်တို့သည် တရားမျှတမှုရှိပြီး တရားရုံးက ချမှတ်သည့်အမိန့်တစုံတရာအပေါ် ကာယကံ ရှင်မိသားစုများသာမက၊အများပြည်သူပါ လက်ခံကျေနပ်မှုရရှိစေရင် ပွင့်လင်း မြင်သာမှု၊ မှန်ကန်တည့်မတ်မှုရှိစေရန်၊ - အစိုးရတာဝန်ရှိသူများ၊ အာဏာပိုင်များ၊ တရားရေးနှင့်ဥပဒေရေးရာ အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအရေးဆောင်ရွက်နေသည့် ဋ္ဌာနများ အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားတို့အား ပိုမိုတန်ဖိုးထားလေးစားကြစေရန်၊ အမျိုးသမီးတို့အား ထိရောက်စွာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်၊ အမျိုးသမီးများဘ၀ကို ပိုမိုစိတ်ချလုံခြုံပေးနိုင်ရေးအတွက် ရည်ရွယ်၍ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးဋ္ဌာနှင့် ဥပဒေရေးရာဋ္ဌာနတို့မှပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သေဆုံးသူ မနော်မေသူသူဇော်၏ မိခင်မှ အမူဖြစ်စဉ်များကိုရှင်းလင်း ပြောကြားခဲ့သည်။ မဏ္ဍိုင်Law Academyကလည်း တရားဥပဒေကြောင်းအရ မနော်မေသူသူဇော်နှင့်မိသားစုအတွက် ဆက်လက်ကူညီဆောင်ရွက်သွားမည့် အကြောင်းကို ပြောကြားခဲ့ပြီး၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂကျောင်းသား တာဝန်ခံများမှ ကျောင်းသားထုအခွင့်အရေး၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ၊ ကာအိနြေ္ဒပိုင်းဆိုင်ထိပါးနှောင့်ယှက်စော်ကားခံရမှုများနှင့်ပတ်သက်ပြီး ဆန့်ကျင် ရှုတ်ချကြောင်း၊စော်ကားနှောင့်ယှက်သူများကိုထိရောက်သည့်အရေးယူအပြစ်ပေး မှုမှုများပြုရန်၊ အမျိုးသမီးထုနှင့် ကျောင်းသူများအပေါ် ပိုမိုကာကွယ်စောင့်ရှောက် မှုများပေးနိုင်ရန်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် - သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးဋ္ဌာန၊ဥပဒေရေးရာဋ္ဌာန၊ သေဆုံးသူ၏ မိသားစုများမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို နံနက် ၁၁း၃၀ တွင် ပြီးဆုံးခဲ့သည်။ - အမျိုးသမီးဋ္ဌာန ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

Aüñg Kÿáw Sôë Npg shared 88 Generation Students - Women's post.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...