Ads (728x90)



၁။ ကျွန်ုပ်ယခုရှာဖွေနေသည်မှာ အမှန်တရားနှင့် တရားမျှတမှုဖြစ်ပါသည်။

၂။ ယခုလက်ရှိအချိန်တွင် မမြသန္တာထွေး၏ အမှုတွဲအား သမ္မတရုံးမှ ကိုင်တွယ်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း သတင်းအတိအကျ ရရှိထားပါသည်။

၃။ အဆွေတော်တို့၏ ဆောင်ရွက်ချက်ကြောင့် ကျွန်ုပ် ရုံးတော်တွင်တရားဝင်ထွက်ဆိုခွင့်ရမည်ဖြစ်သည့်အပြင် တရားစွဲဆိုခွင့်ပါ ထပ်မံရရှိတော့မည်ဖြစ်ပါသဖြင့် က်ျအခွင့်အလမ်းအား ဖန်တီးပေးရန် ကူညီဆောင်ရွက်ပေးသည်ဟု ယူဆကာ အထူးပင် ကျေးဇူးတင်ရှိပါသည်။

၎။ က်ျ အမှုမှန်ပေါ်ပေါက်စေရန်အတွက် အသက်အန္တရာယ် ကိုပင် ရန်ရန်ရှာလာနိုင်သော အခြေအနေအထိ မျှော်လင့်ထားသော ကျွန်ုပ်အတွက် တရားဥပဒေဘောင်အတွင်းမှဆိုလျှင် မည်သူ့ကိုမျှကြောက်မည်မဟုတ်ပါကြောင်း အဆွေတော်တို့ သိသာထင်ရှားစေအပ်ပါသဖြင့် ထပ်လောင်းအတည်ပြုအပ်ပါသည်။

၅။ ကျွန်ုပ်တင်ထားသည့် post များကို ဂရုတစိုက်ဖတ်ရှုသည့်အတွက် များစွာ ကျေးဇူးတင်ရှိရပါသည်။

၆။ ကျွန်ုပ်ဘက်မှလည်း အဆွေတော်တို့ ယခုဆောင်ရွက်မည့် ကိစ္စရပ်များကို ရှေးမဆွကပင် ကြိုတင်ခန့်မှန်းသိရှိပြင်ဆင်ထားပြီးဖြစ်သည့်အတွက် ၄င်း post များကို အဆွေတော်တို့ ယခုထက်ပိုရ်ျ ကောင်းမွန်စွာနားလည်စွာသိရှိနိုင်ရန် နောက်တစ်ခေါက်/နှစ်ခေါက်ခန့်ထပ်မံ ဖတ်ရှုကြည့်စေရန် အကြံပေးလိုပါသည်။ ထိုအခါ ၄င်း post များသည် ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့သော အမှုတွဲတွင် ပါဝင်ခဲ့သောအချက်အလက်များ(အဆွေတော်တို့ကောင်းစွာ မြင်ဖူးသိရှိနားလည်ဖတ်ရှုပြီးသောအကြောင်းအရာများ) ချည်းဖြစ်ကြောင်း မြင်တွေ့ရပါလိမ့်မည်။

၇။ အဆွေတော်တို့အား ကျွန်ုပ်၏ အတွေ့အကြုံအား စိတ်ရင်းမှန်ဖြင့်မျှဝေလိုပါသည်။ ဒေါသရှေ့မထားပါနှင့် အမှားပါတတ်ပါသည်။ သင်တို့သည် ယခုမှ အနာပေါ်တုတ်ကျခြင်းဖြစ်ပါသည်။ ကျွန်ုပ်မှာ ကျွန်ုပ်၏နှလုံးသဲပွတ်ကို ညှစ်ကိုင်ဆွဲယူလိုက်ဘိသကဲ့သို့ နာကျင်ခဲ့ရသူဖြစ်ပါသည်။ ဒေါသတည်းဟူသော ဆင်ရိုင်းကို အသိဥာဏ်ပညာတည်းဟူသောချွန်းဖြင့် ထိန်းသိမ်းပြီး လိုရာပန်းတိုင်အရောက်လျှောက်လှမ်းသွားသည့် ကျွန်ုပ်၏ နည်းနာနိသယ ကို အသင်တို့အား ကျွန်ုပ် လမ်းညွှန်ပြသလိုပါသည်။ (ကျွန်ုပ်သည် အဆွေတော်တို့ထင်ထားသည်ထက် အဆွေတော်တို့အကြောင်းအား ပိုမိုသိရှိထားပြီးဖြစ်ပါသည်။)

၈။ နောက်ဆုံးအနေဖြင့် ကျွန်ုပ် အကြောင်းတစ်ခုခုကြောင့် လူ့လောကထဲမှ ထွက်ခွာသွားလျှင်ပင် အသင်တို့အား အမည်နှင့်တကွ တရားစွဲဆိုထောင်ချပေးနိုင်ပါရန် လူဦးရေအတိအကျ ၊ အမည်စာရင်း အတိအကျဖြင့် ကျွန်ုပ်၏ ရှေ့နေအဖွဲ့အား အပ်နှံထားပြီးဖြစ်ကြောင်း ဒီနေရာမှ အတိအလင်းကြေညာအပ်ပါသည်။

ကျော်သီဟ
B.E (Chemicla)
သန်လျင်နည်းပညာတက္ကသိုလ်
(မိတ်ဆွေများအား ဥပဒေဘောင်အတွင်းနေထိုင်တတ်စေရန်အတွက် အသက်ကိုပင် ပဓာနမထားဘဲ အကြံဥာဏ်မျှဝေဆောင်ရွက်နေသူ)
  • U Bo Htun and 34 others like this.
  • S.m. Thaw အမှုချိန်မကြာဘဲ အမြန်ဆုံး အပြီးသတ်အောင်ပွဲရရှိပါစေလို့ ထပ်တူထပ်မျှ ဆန္ဒပြု ဆုတောင်းနေပါတယ်.. fighting Brother!!
  • Kyaw Thiha တရားက မစွဲသေးဘူးကိုစိုးရေ။ စွဲဖို့ပြင်ဆင်နေကြောင်း သတင်းအတိအကျရရှိထားတယ်။
  • မင်း ပိုင် စိုး အောင်မြင်ပါစေဗျာ
  • May Saw Oo အောင်မြင်ပါစေ အကိုရေ
  • အညာသူမလေး မိကျော် အကိုဆန္ဒတွေပြည့်ဝပါစေ
  • Myo Chit Thu နေပြည်တော်ကတရားရုံးတွေမှာဆိုရင် သူ့ဆရာဦးသိန်းညွန့်က တရားသူကြီးတွေကိုဖိအားပေးထားမှာအသေအချာဘဲ ။ တရားရုံးချုပ်အထိတက်နိုင်အောင်အားတင်းထား Kyaw Thiha
  • Thuthu Aung အောင်မြင်ပါစေ
  • Naypyitaw Min ဆက်လုပ်ပါ ဒီလိုကောင်တွေကြည့်အရာရှိ
    ဖြစ်တာ နောက်အရာရှိတွေလဲသင်ခန်းစာ
    ရတာပေါ့ အောင်မြင်ပါစေဲ
  • Zaw Naing Phay အောင်မြင်ပါစေ...သူငယ်ချင်း
  • Phyoe Waiaung သူတို့ မတရားအနိုင်ကျင့်ပြီး တရားစွဲတာလုပ်မယ်ဆို ကျနော်တို့ပါ ပါမယ်ဗျာ
  • Khin Thitsar Aye cha than lists ko
  • Khin Thitsar Than oo ko pyaw thar
  • Yan Naing Lynn အမှန်တရားကိုဖော်ထုတ်ရင်းအသက်သေသွားလည်းဂုဏ်သိက္ခာမသေပါဘူး လောကမှာလူသေပုတ်နဲ့လူရှင်ပုတ်ဆိုပြီးအပုတ်နှစ်မျိုးရှိတယ် သေလို့ပုတ်တာမဆန်းပေမယ့် အသက်မသေဘဲနဲ့ဂုဏ်သိက္ခာပုတ်တာကလူ ရှင်ပုတ်လို့ခေါ်ပါတယ် အဲဒီအပုတ်နံ့ကပိုနံပါတယ်
  • U Thein Aye ကိယ့်လူ တော်တယ်။
  • Shwe A Sinn အောင်မြင်ပါစေအကို
  • Su Mon Oo အစ်ကိုဆက်ပီးအားပေးနေမယ်နော်
  • Minhan Tun အစ်ကိုရဲ့စိတ်ဓါက်ကိုလေးစားပါတယ် အောင်မြင်ပါစေ
  • U Bo Htun အောင်မြင်ပါစေ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...