Ads (728x90)


January 23, 2014 at 12:34am
ကျုပ်ဖေးစ်ဘုတ်ပေါ်မှာ တွေ့နေရတဲ့ စိတ်ညစ်စရာကိစ္စတစ်ခုကို ပြောပါရစေ၊၊
ဥပဒေ ကျွမ်းကျင်သူများ - အကြံဥာဏ်ပေးစေလိုပါတယ် - အဖြစ်က ညီမတစ်
ယောက် အသတ်ခံရမှုပါ - သူ့အစ်မနဲ့ သူငယ်ချင်း တွေက ဖေးစ်ဘုတ် ပေါ်မှာပဲ
အော်နေကြရှာတယ်၊၊ ၂၂-၀၁-၂၀၁၄ နေ့စတေးတပ်စ်အရ ၉ လ နဲ့ ၂ ရက်ကြာ
ခဲ့ပြီလို့သိရတယ်၊၊ ၂၀-ဧပြီ -၂၀၁၃ (စနေနေ့မှာ) အသတ်ခံခဲ့ရပုံပါ၊၊





သေဆုံးသူနာမည်က မေသူသူဇော် - ၁၉ နှစ် - ဘ -ဦးဇော်ထွန်းလို့ သိရတယ်၊၊
-လှိုင်မြစ် ကနေ အလောင်းပြန်တွေ့တယ် - အင်းစိန်မှုခင်းဆရာဝန်နဲ့ ပေါင်းပြီး -
ရဲလက်မှတ်အတုလုပ်-- သတ်မှတ်ရက် ထက်စောစော သဂြိုလ်လိုက်တာပါ၊၊
သေဆုံးသူမှာ လက်ကျိုးထားတာကို ပြင်ပဒဏ်ရာ တစုံတရာမတွေ့လို့ မှုခင်းဆရာဝန်
ရဲဝင်းက မှတ် ချက်ရေးထားတယ်၊၊ တရား ရုံး က မိမိ ကိုယ်သတ်သေမှုလို့ပဲ ပြီးသွား
ခဲ့တယ်၊၊ သေဆုံးသူရဲ့  အစ်မက မယုံနိုင်ဘူး၊၊မတရားဘူးလို့ တထစ်ချ ယုံကြည်တယ်၊၊
သူ့စာမျက်နှာပေါ်မှာ လေ့လာကြည့်လို့ရတယ်၊၊





ကျုပ် စပ်စုလို့ရေးတာ မဟုတ်ဘူး၊၊ မတရားမှု ဖြစ်တဲ့ ကိစ္စကို မကျေနပ်လို့ပါ
Rule of Law ကို highlight လုပ်ချင်ပါတယ်၊၊ ဒီလိုကိစ္စတွေ မြန်မာပြည်မှာ
အများကြီးရှိတယ်၊၊ မတရားဘူးလို့ ခံစားရရင်

အမှုကို ပြန်လည်စိစစ် မပေးသင့်ဘူးလား၊၊ ??
သူ့အစ်မကိုယ်တိုင်က ဖေးစ်ဘုတ်မှာ ရေးပြီးသားမို့လို့ ထပ်ရေးကူတာ ဖြစ်ပါတယ်၊၊
ဘာလို့လဲဆိုတော့.... ဖေးစ်ဘုတ်ပေါ်မှာ နားလည်တဲ့သူတွေ ရှိမှာဖြစ်တာတစ်ကြောင်း၊
လူမသိတသိအမှုကို ဖုံးဖိခဲ့ပေမယ့် လူသိများသွားရင် ပြန်လည် သုံးသပ်ပေးလိမ့်မယ်
လို့ ယုံကြည်တာတစ်ကြောင်း...တရားမျှတဖို့တွက် မျှော်လင့်ချက် ရှိပါတယ်၊၊
တရားဥပဒေ ကျွမ်းကျင်သူတွေ အကူအညီ ပေးစေလိုပါတယ်၊၊
လမ်းကြောင်းပေးစေလိုပါတယ်၊၊



တစ်ခုပဲစိုးရိမ်ပါတယ်... သူ့အစ်မက ဒီလိုရေးနေတော့ သူအတွက် ကောင်းပါ့မလား
၊ ရန်သူက သူ့ကို ရန်မူနိုင်သလား စိုးရိမ်မိပါသည်၊၊




ဒါက သူ့အစ်မဖြစ်တယ်
https://www.facebook.com/khanmon.htwe

ဆက်စပ် မှတ်ချက် တချို့ 
https://www.facebook.com/nayyi.zan

ဒါက သက်သေစာရွက် တချို့ 
https://www.facebook.com/photo.php?fbid=434789139983739
  • You, Khanmon Htwe and 42 others like this.
  • Shwe Oupe ဘယ်မှာဖြစ်တာလဲကွ
  • Mary Yd Seng Myen mung kaw gaw dai hku re sai
    Masu lu masu sha.. ..
  • Thet Khaing အားလုံးဝိုင်းဝန်းလိုက်ကြရအောင်
  • Ah Hpu ဟုတ်ပါတယ် - ကနေ့ စထားရအောင်ပါ - တစ်လှမ်းချင်းပေါ့ဗျာ Ashin Pan u may be interested in
  • Ah Hpu ဘယ်အချက်တွေလိုတယ်ဆိုတာ ရှေ့ နေပညာတတ်တဲ့ သူတွေ ကမန့်ရေးပေးပါ ... အချက်အားလုံးစုံတာနဲ့ ဒီ့ထက် ၂ ဆ လူသိအောင် ရှယ်ရမယ် ..ကျုပ်တို့ ၀ိုင်းလုပ်ရင် ကျယ်ဝန်း ရမယ်လေ
  • Mary Yd Seng ကူညီမယ် ရှယ်တဲ့နေရာမှာ
  • Ko Wunna သူငယ်ချင်းအားပူ ရှေ့နေကြီး ဦးရော်ဘတ်စန်းအောင် ကိုမေးကြည့်ပါလား
    သူဒါမျိုး စိတ်ဝင်စားနိုင်တယ် သူဆိုပိုပြီးတို့ထက်ပိုသိနိုင်မယ်ထင်တယ်
  • Ko Wunna ဒါကသူ့ရဲ့ဖေ့ဘုတ်အကောင့်<<https://www.facebook.com/robert.sanaung >>>
  • Ashin Pan ဒါလောက်  အသေးစိတ် မှုခင်းကိစ္စမျိုးကျတော့ ကျနော်လဲ မသိဘူးဗျ။ ဒါပေမယ့် FB မှာ ပြောနေမယ့်အစား သူတို့ဟာ ရှေ့နေကောင်း တဦးနဲ့ တိုင်ပင်သင့်တယ်။ FB မှာ ဖွရင် မတရားလုပ်ထားသူတွေက အထောက်အထားဖျက်ဆီးဖို့ လမ်းပြသလို  ဖြစ်သွားနိုင်တယ်။ ခင်ဗျား friend ထဲ ရှေ့နေပါရင် ကောင်းမှာ ကို Ah Hpu
  • Ah Hpu ကျေးဇူးပါ ကိုဝဏ္ဏ
  • Ko Wunna အန်ကယ် ဦးRobert San Aung ခဗျားး...ကျနော်တို့ကိုကျေးဇူးပြုပြီး
    အကြံဥာဏ်လေးပေါးဦး..၊ကျနော်တို့တကယ်ကို အရေးကြီးလို့ပါ
    ကျေးဇူးအများကြီးတင်ပါတယ် အန်ကယ်လ်ရေ
  • Ko Htut Myanmar ကာယကံရှင်မိသားစုကမကျေနပ်ရင်အမှုဖွင့်လို့ရပါတယ်။သက်ဆိုင်ရာနယ်မြေရဲစခန်းမှာတိုင်ချက်ဖွင့်မှစုံစမ်းစစ်ဆေးတဲ့အဆင့်ရောက်မှာ။သူ့မိသားစုကတိုင်ချက်ဖွင့်ဖို့လိုမယ်။တခြားဘက်ကလဲဝိုင်းကူညီကြပေါ့
  • Ah Hpu All your comments are appreciated! thank you. The SISTER is following up the comments for she may get some valuable idea.
  • Ko Htut Myanmar ဝါရင့်ရှေ့နေတွေနဲ့တိုင်ပင်ပြီးမှအမှုဖွင့်တာပိုကောင်းမယ်။ဘယ်လောက်ကြာကြာတိုင်ချက်ဖွင့်ရင်ပြန်စစ်ရတယ်။လွှတ်တော်ကိုလည်းစာပို့ပြီးတိုင်ထားသင့်တယ်
  • Mary Yd Seng Naywunna Oo လာဖတ်လှည့်ပါ သူငယ်ချင်း..
  • Naw Kareng ဒီလိုမတရားမှုကိုတော့ အများသူငါသိအောင် ရှယ်သွားမယ်နော်။
  • Shin TaRa ကလော်သွားပီ အားးးပူ -
  • Kowin Aung အလောင်းကို ပြန်စစ်ဆေးခွင့်တင်ပေါ့။
  • Robert San Aung ဘယ်မြို့မှာ၊ဘယ်နေ့ရက် နာရီက၊ဘယ်လိုဖြစ်သွားရတာ၊မီးသင်္ဂြီုလ်သလား၊ရိုးရိုးမြေမြှုပ်သလာရှင်းအောင် ရေးမထားတာရယ်၊တင်ထားတဲ့စာတွေကလည်းဖတ်မရတော့အကြံပေးရခက်ပါတယ်
  • Ah Hpu ခုသိတာတစ်ခုက မြေမြှုပ်သဂြိုလ်ခဲ့ပါသည် တဲ့၊၊
  • Ah Hpu @@Khanmon Htwe>> ရေ.. follow လုပ်ထားပေးပါ၊၊ အားတဲ့ခါ မေးခွန်းတွေ ဖြေပေးထားပါ - တစ်ယောက်တည်း စဉ်းစားတာ ထက် အများစဉ်းစားတာ ပိုကောင်း တာပေါ့နော် - ခုဏ မေးနေသူက ရှေ့ နေတစ်ဦးပါ
  • Kowin Aung တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ(ပြည်သူ့လွှတ်တော်)ကိုတင်ပါ။မီဒီယာကို ဆက်သွယ်ပါ။

Post a Comment

Blogger Disqus
  1. အမှန်တရားအတွက် ရင်ဆိုင်ရမယ်

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...