Ads (728x90)


****************************************
 နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်လည်းဖြစ် အဆောက်အအုံ ဌာနမှူးလည်းဖြစ်တဲ့ ဦးသန်းဦး ဟာ RIT ကနေ Mining မေဂျာနဲ့ ဘွဲ့ရပြီး စစ်တပ်ထဲမှာ ဒုတိယဗိုလ်မှူးကြီးရာထူးအထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်ယခင်စစ်အစိုးရလက်ထက်မှာ သူ့ယောက်ခထီးဖြစ်သူ စိုးစံဘော်ဒါပိုင်ရှင် ဗိုလ်မှူးမောင်လတ်ကတဆင့် ဒုတပ်ချုပ် ဦးမောင်အေး ကိုချဉ်းကပ်ပြီး နေပြည်တော်စည်ပင်ကိုပြောင်းလာတာဖြစ်ပါတယ်ရောက်ရောက်ခြင်းပဲ မြို့တော်ဝန်က သူ့ရဲ့ ဘွဲ့နဲ့လားလားမျှမဆိုင်တဲ့ အဆောက်အအုံ ဒုဌာနမှူးရာထူးပေးပြီး ဌာနကို အုပ်ချုပ်စေခဲ့ပါတယ် ။သိပ်မကြာခင်မှာပဲ ဌာနမှူးရာထူးကို တိုးပေးခဲ့ပါတယ် ။ အခုအခါမှာတော့ ကော်မတီဝင်ရာထူး သို့တိုးမြှင့်ပေးခဲ့ပြီး ငွေကြေးအမြောက်အများသုံးစွဲရတဲ့ ၊ လာဘ်စားလို့အလွန်ကောင်းတဲ့ အဆောက်အအုံ ဌာနမှူးရာထူး ကိုပါတွဲဖက်တာဝန်ထမ်းဆောင်စေခဲ့ပါတယ် ။ ဦးသန်းဦး ဟာ စရောက်ကတည်းက လက်အောက်ဝန်ထမ်း အမျိုးသမီးငယ်တွေကို ပျိုပျိုအိုအို တွေ့မရှောင်စတမ်း သူ့ရဲ့ ကာမလိုအင်ကိုဖြည့်ဆည်းပေးစေခဲ့တယ်လို့နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပါတယ်။ သူ့အလိုလိုက်လျောတဲ့မိန်းကလေး ဆိုရင် အလွန်မျက်နှာသာပေး တတ်သလို ငြင်းဆန်တဲ့ မိန်းကလေးဆိုရင် တော့ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီး မကောင်းတဲ့ ဌာနတွေ ကိုပို့ပစ်လေ့ရှိလို့ မိန်းကလေးအများစုဟာ သူ့အလိုလိုက်ပေးနေရတဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။ တနေ့မှာတော့ သူဟာ အိမ်ထောင်ရှင် အင်ဂျင်နီယာ ဝန်ထမ်းငယ်တစ်ဦးကို ချဉ်းကပ်ရာမှာ မိန်းကလေးကလက်မခံဘဲ လိမ်မာပါးနပ်စွာ ငြင်းပယ်ခဲ့ပါတယ် ။ အဲ့ဒါကို မဆင်ခြင်ဘဲ နောက်ထပ် နှစ်ကြိမ်ထပ်မံ ကြံစည်ခဲ့တာ ကြောင့် ကာယကံ ရှင်မိန်းကလေးက မြို့တော်ဝန်ထံတရားဝင်စာဖြင့်တိုင်ကြားခဲ့ပါတယ်။ ဒုတိယမြို့တော်ဝန်မှ နှစ်ဖက်ခေါ်ယူ ညှိနှိုင်းပေးခဲ့ပေမယ့် ညှိနှိုင်းမရတာကြောင့် နောက်ဆုံးမှာ တွဲဘက်အတွင်းရေးမှူး ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကိုဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာမှာ ကာယကံရှင်အမျိုးသမီးငယ်က ဦးသန်းဦးရဲ့ မူရင်းအသံဖိုင်နှင့်တကွ စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ တင်ပြ ထွက်ဆိုခဲ့ပါတယ် ။ အခြားဝန်ထမ်းမိန်းကလေးငယ် လေးဦးမှလည်း အလားတူဖြစ်စဉ်မျိုး သူတို့လည်းကြုံတွေ့ခဲ့ရကြောင်းလာရောက်ထွက်ဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုအပြီးမှာ ဦးသန်းဦးကို ရေသန့်ဌာနသို့ ပြောင်းရွှေ့ အပြစ်ပေးခြင်းဖြင့်သာ ပြီးဆုံးခဲ့ပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက ဝန်ကြီးတာဝန်ကို နှစ်ပေါင်းများထမ်းဆောင်ခဲ့ရာမှာ လာဘ်ပေးလာဘ်ယူမှုတစုံတရာ နာမည်ဆိုးမရှိခဲ့တဲ့ မြို့တော်ဝန်ဦးသိန်းညွန့်တစ်ယောက် ဦးသန်းဦးဆီက ဘယ်လိုပံ့ပိုးမှုတွေရနေလို့ အရေးမယူသလဲဆိုတာတော့စဉ်းစားစရာပါ။
 ( ကာယကံရှင်မိန်းကလေး ရဲ့မျက်နှာကိုထောက်ထားပြီး မူရင်းအသံဖိုင်ကိုမတင်ပေးဘဲထားတာပါ) 
Lay Nge Lay FB
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...