Ads (728x90)

Photo: ဘောလုံးပွဲကြည့်ရင်း လူမှုရေးလုပ်မယ်
-----------------------------------------
 ရန်ကုန်နှင့် ကမ္ဘောဇ စီးချင်းထိုးမည့် ဇန်န၀ါရီ ၂၆ ရက်နေ့ ကွန်မြူနတီဖလား တိုက်ပွဲက တဖြည်းဖြည်းနှင့် နီးကပ်လာ ပြီဖြစ်သည်။ ထိုပြိုင်ပွဲသည် လူမှုရေး လုပ်ငန်းများအား ကူညီလှူဒါန်းရေးနှင့် ဘောလုံးရာသီသစ် ဖွင့်လှစ်ခြင်းအတွက် ယှဉ်ပြိုင် ကစားမည့်ပြိုင်ပွဲဖြစ်ရာ ရရှိသော ကွင်းဝင်ကြေး အားလုံးသည် ဆင်းရဲနွမ်းပါးသော မိဘမဲ့ ကလေး သူငယ်များ၊ အားကိုးရာမဲ့ အိုမင်းမစွမ်း သက်ကြီးရွယ်အိုများ၊ HIV/AIDS ဝေဒနာခံစားနေရသူများထံ သေချာပေါက် ရောက်ရှိသွားမည် ဖြစ်သည်။ ဘောလုံးသမားများကလည်း ချွေးထွက်ရကျိုး၊ ပင်ပန်းရကျိုးနပ်သည်။ ပရိသတ်ကလည်း ငွေကျပ် (၅၀၀) သို့မဟုတ် (၁၀၀၀)မျှဖြင့် လူမှုရေးလုပ်ငန်းများအတွက် လှူဒါန်းပြီးသား ဖြစ်သွားပါ မည်။ ရန်ကုန်နှင့် ကမ္ဘောဇ အသင်းများခေါ်ယူထားသည့် ကစားသမားသစ်များ၏ ခြေစွမ်း၊ အသင်းလိုက် ခြေစွမ်းကို တွေ့မြင်နိုင်မည် ဖြစ်သကဲ့သို့ အသင်းကြီးနှစ်သင်း၏ ပြင်းထန်သော ပြိုင်ဆိုင်မှုကိုလည်း ရသမြောက်စွာ ရှုစားနိုင်မည် ဖြစ်သည်။ အထူးတန်း လက်မှတ်တစ်စောင် တန်ဖိုး (၁၀၀၀)ကျပ်နှင့် ရိုးရိုးတန်း လက်မှတ်တစ်စောင် တန်ဖိုး (၅၀၀) ကျပ်က လူတစ်ယောက်အတွက်တော့ မများပါ။ သို့သော် တစ်ပွဲလုံးစာ ရရှိသော ကွင်းဝင်ကြေးကြောင့် အထက်ဖော် ပြခဲ့သည့် အကူညီလိုအပ်နေသူများ အတွက်တော့ တန်ဖိုးရှိလွန်းသော လက်မှတ်တစ်စောင်သာ ဖြစ်ပါလိမ့်မည်။ ဒီလက်မှတ် တစ်စောင်ကို ကျွန်တော်တို့ ဘောလုံးလောကသားများဖြစ်သည့် ပရိသတ်များ၊ အဖွဲ့ချုပ်နှင့် ကလပ်အသင်းများ၊ ကစားသမားများ၊ မီဒီယာများ၊ အားလုံးတန်ဖိုးထားကြမည်ဟု ယုံကြည်ပါသည်။ အားအင်လိုအပ် နေသော၊ ကူညီဖေးမမှု လိုအပ်နေသော၊ စောင့်ရှောက်မှု လိုအပ်နေသော အဘိုးအဘွား ညီအစ်ကိုမောင်နှမများက ကျွန်တော်တို့၏ လက်မှတ်တစ်စောင်ကို မျှော်လင့်နေကြပါ၏။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...