Ads (728x90)

Photo: မလေးရှားသတင်း
====================

 အေးဂျင့်ကတော့ ရစ်ပြီ... ကျန်သေးတဲ့ လူတွေအခု moving လုပ်ဖို့  ပြင်ဆင်နေကြပြီးဖြစ်ပြီး တခြားနေရာကို သွားဖို့  ထိုင်စောင့်နေကြရပါတယ်၊ အခုလာတဲ့အထဲမှာ သံရုံးကလူတွေ တစ်ယောက်မှ မပါလာပါဘူါ်။ ရှောင်နေတယ်လို့  ထင်ပါတယ်၊ 

အလုပ်သမားတွေက ကုလားကြီး Moeaf Myanmar ကို  ပရီမီယာ က KL-Yangoon လက်မှတ်လှူထားတာ ရှိကြောင်းနှင့် Miri-KL လက်မှတ်ကိုလည်း ငွေတွေလှူဖို့  စုနေကြတယ်လို့  ပြောတော့ ဘယ်အလှူမှာ မဆက်သွယ်ဘူးလို့  ပြောဆိုပါတယ်၊ မင်းတို့  အလုပ်သမားတွေက  မင်းတို့ကဒုက္ခသည်မဟုတ်ဘူး အဲလိုအလှူခံရင် ဖမ်းခံရမယ်ဆိုပြီး ပြောသွားပါတယ်၊ သံရုံးကိုဆက်တော့လည်း အလှူရှင်မရှိဘူးလို့ ပြောသွားပါတယ်၊

မင်းတို့ ကောင်တွေ ငွေမရှိရင် အလုပ်တလ ဆင်းကြ အလုပ်ပြန်လုပ်ကြ.. လူတစ်ယောက်ကို ၇၀၀ ၈၀၀ လျှော်မှ ပြန်ရမယ်လို့  ဆိုသွားပါတယ်၊

သူတို့ လျှော်ကြေးတွက်ပုံကလည်း ဒီလိုပါတဲ့... လစာ ၅၀၀ ရတဲ့လူက အလုပ်ထွက်ရင် ၆၀၀ ရာလျော်ရမယ်တဲ့၊ တကယ်လို့  ၈၀၀ ရတဲ့လူက အလုပ်ထွက်ရင် ၃၀၀ လျှော်ရမယ်တဲ့၊ အဲဒါအကြမ်းဖျင်းတွက်တာပါတဲ့၊ ၁၁၀၀ အတိအကျတော့ မဟုတ်ပါဘူးတဲ့.. ၅၀ လောက်လည်း စွန်းနိုင်မယ်လို့  ထင်ကြပါတယ်၊ ဘယ်လို သင်္ချာတွက်နည်းတော့ မသိပါ၊ ရေရေရာရာ တွက်နည်းလည်း မဟုတ်ပါ၊ 

ကျနော်က မေးခိုင်းလိုက်တာတော့ "တကယ်လို့ လျှော်ကြေးငွေနဲ့  လေယာဉ်လက်မှတ် ရှိမယ်ဆိုရင် passport ပေးနိုင်မှာလား" မေးတော့ အဲလိုဆိုရင် ကြသပတေးနဲ့ ပြန်လို့ ရမယ်လို့ ပြောပါတယ်၊

အခုပြောင်းတယ်ဆိုတာကလည်း လျော်နိုင်တဲ့သူက ဇေယျာအဆောင်ကိုလိုက်ရမှာ ဖြစ်ပြီး မလျှော်နိုင်တဲ့သူက လမ်းမှာထွက်နေရမည်လို့ ဆိုပါတယ်၊ 

အေးဂျင့်ဇေယျာနဲ့  လာတဲ့လူ ၁၀ယောက်ကျတော့ ဇေယျာက သူလျှော်ပေးလိုက်ပါတယ်၊ အခု အာဘာဖီးကလူတွေဘဲ လျှော်ကြေးငွေနဲ့  လေယဉ်လက်မှတ်ငွေ လိုနေကြပါတယ်၊

ကူညီပေးနိုင်မယ့် သူတွေ ဘယ်သူတွေ ရှိလဲ ဗျာ ကူညီနိုင်သူများ ကူညီပေးကြပါဦး
မလေးသတင်းအဆက်
===============

အာဘာဖီး အေးဂျင့် ဖြစ်သူ ရိုင်းလီလာပြီး နောက် ၃ ရက်နေရင် အကုန်ပြန်လွတ်ပေးမယ်တဲ့... လျော်စရာမိလိုပါဘူးတဲ့...

ဒါပေမယ့်... မင်းတို့ ကောင်တွေ ပထမ အင်တိုနဲ့ ရန်ဖြစ်ခဲ့နေရာမှာ သွားနေရမယ်တဲ့... အဲဒီခြံဝင်းကြီးထဲမှာ နေရမယ်.. အဲမှာ နေ့ ရက်စာ ထမင်းကြွေးမယ်..

မနေရင်တော့ ထမင်းမကြွေးဘူးကွာ လို့ ပြောသွားပါတယ်၊

အလုပ်သမားများကတော့ အခု ဂိုဒေါင်မှာ နေချင်ကြပါတယ်၊ ဆက်ထားလို့ လည်း အဆင်ပြေနေရင်းသားနဲ့  အလုပ်သမားများကို အာဘာဖီးအေးဂျင့်ကတော့ သေတွင်းသို့ ပို့ ဆောင်ပေးချင်သလို လုပ်ချင်နေပါတယ်...

အခုအလုပ်သမားများတော့ လမ်းဘေးမှာဘဲနေပြီး ထမင်းအငတ်ခံမယ်လို့ ပြောထားကြပါတယ်..

အာဘာဖီးအေးဂျင့်ကတော့ အကြံကုန် ဂဠုန်ဆားချက်နေပါတယ်...
 
 မလေးရှားသတင်း (4.1.2014 -11:10 AM )
+++======+++

အာပါဖီးက ပြောသွားတဲ့ ဒုက္ခသည် မဟုတ်ဘူးဆိုတဲ့သူတွေ company က ခုနက ပေးသွားတဲ့ ထမင်းထုတ်လေးတွေကို ဒီလိုဘဲ စားရတာပါ၊

ကြည့်ကြပါအုံးဗျာ..ဓါတ်ပုံကို ဒုက္ခသည်မဟုတ်ဘူးလို့  လုပ်ချင်ပါသေးတယ်....

မလေးရှားသတင်း(4.12.2014- 12:04 PM )
===========

အခုမြန်မာ ၆၈ ယောက်ဟာ ၂၁ ယောက်စီနေရာသို့  ကားဖြင့် လာနေကြပါပြီ၊ စုစုပေါင်း ၈၉ ယောက် ပြန်လည်တွေ့ ပြီး သူတို့ ဟာ အေးဂျင့်ဇေယျာ ထားတဲ့နေရာတွင် နေဖြစ်ကြမှာပါ၊
အများပြည်သူသိစေရန်
(4.12.2014- 12:12 PM )
******************
ယခုအလုပ်သမားများ လေယာဉ်လက်မှတ်အတွက် အလှူခံခြင်းမှာ မောင်ငယ် Bug Lab နဲ့ ရှင်မင်းယာတို့၏ တွန်းအားပေးမှု၊ ကိုယ်ကိုတိုင်လည်း မလုံခြုံသောနေရာမှာ အလုပ်သမားများကို မနေစေချင်တော့သည့် စိတ်ဖြင့်လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။ သံရုံးမှ ခိုင်းစေခြင်းလည်း မဟုတ်ပါ. ၁ ယောက်စာအတွက်သော်၎င်း ၊ ၂ ယောယက်စာအတွက်သော်၎င်း မျှော်လင့်ပြီး အလှူခံပို့စ်တင်ရာမှ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်း ၊ ကိုသူရတို့ ၏ ဆက်သွယ်ကူညီမှုကြောင့် KL to Ygn လက်မှတ်အတွက်အဆင်ပြေသွားပြီးကျန်ရှိနေသော Miri to KL အတွက်သာ အလှူခံနေခြင်းဖြစ်ပါသည်

ထိုအလှူငွေသည်

၁။ အလုပ်သမားများ စာချူပ်ဖောက်ဖျက်သောကြောင့် အေးဂျင့်သို့ ပေးလျော်မည့် ငွေမဟုတ်ပါ .တကယ်စာချူပ်ဖောက်ဖျက်သည်မှာ အေးဂျင့်များ သာဖြစ်သည်. အပြောတမျိုး အလုပ်တမျိုး လွှတ်လိုက်သောကြောင့် ဒီလိုကိစ္စများ ဖြစ်နေခြင်းဖြစ်သည်.

၂။ စတင်အလှူခံစဉ်တည်းက အလုပ်သမားများလေယာဉ်လက်မှတ်အတွက် အလှူခံခြင်းဖြစ်သောကြောင့် သံရုံးသို့ မည်သည့်ကိစ္စနှင့်မျှ ပေးဆာင်ရမည့်ငွေမဟုတ်ပါ .

၃။ သံရုံးမှ အလုပ်သမားအရာရှိ သို့ အလုပ်သမားများအတွက် ကျွန်မတို့ ပေးမည်မှာ လေယာဉ်လက်မှတ်များ ဖြစ်ပါသည်။

ထပ်မံပြီးအားယားနေသောကြောင့် ကျွန်မတို့အား ဝေဖန်လေကန်ပြီး ပြောဆိုချင်ပါက ဘေးမှာရှိတဲ့ဟာတခုကို ပါးစပ်ထဲ ထဲ့ငုံထားပါ . ငုံစရာမရှိပါက လိပ်စာပေးပါ . အိမ်တိုင်ရာရောက် ရှိတာဖြတ်ပြီး ငုံဖို့ပို့ပေးပါမည် . ကျေးဇူးတင်ပါသည်
— with Bug Lab and Qing Minya.
 
(4.12.2014- 12:38 PM )
Myanmar Overseas Employment Agencies Federation Moeaf Myanmar Open ဖြေမယ်ဆိုလို့  ပြန်ပြီး follow up လုပ်တာပါ၊ အားလုံး transparent ဖြစ်အောင်ပေါ့ဗျာ၊

  •  
    (4.12.2014- 9:31 PM )
    အာဘာဖီး ပြောတာကတော့....
    "သူတို့သည် ဒုက္ခသည်များမဟုတ်ပါ။ တရားဝင် ပါမစ်နှင့် နေသောသူများ၊ အေဂျင်စီများမှ တရားဝင်ပို့ထါးသောလူများဖြစ်ပါသည်။ အေဂျင်စီများမှ တာဝန်ခံပြီး သူတို့၏ဆန္ဒ အတိုင်းမြန်မာပြည်သို့ပြန်ပို့ပေးခြင်းဖြစ်ပါသည်။"
    =======

    အာပါဖီးအေးဂျင့်ကတော့ ပထမ အလျှော်တောင်းတယ်... အလျှော်တောင်းမရလျှင် လေယဉ်ခတောင်းတယ်.. သူတို့ ပြောပုံက ပြန်ချင်လို့  ပြန်တယ်လို့  ဖြစ်ရသေးတယ်၊

    ဒုက္ခ ရောက်သူကို ဒုက္ခသည်ဟု ခေါ်တယ် ဟုတ်ပြီလား၊ UNHCR ကတ်ဒ် ကိုင်ထားတဲ့လူတွေကိုမှသာ ဒုက္ခသည်ဆိုတာတော့ မဟုတ်ဘူး၊ အေးဂျင့်တွေ ပို့ လို့  အဲနေရာရောက်မှာ အသက်ဘေးမှ လွတ်လာခဲ့ရတဲ့လူတွေဖြစ်သလို အ၀တ်တထည် ကိုယ်တစ်ခုနဲ့ ဖြစ်နေတဲ့အလုပ်သမားတွေလည်းပါတယ်၊ မင်းတို့ ကောင်တွေ အဲလို ၀၀လင်လင်မစားရ ကောင်းကောင်းမနေရ ကျီးလန့် စာစားပြီ ဂျောင်ပိတ်မိနေတဲ့ မြန်မာအလုပ်သမားတွေ ဒုက္ခ ရောက်သူလို့  မပြောရင် ပျော်ပွဲစားထွက်နေတဲ့ ကောင်လေးတွေလို့ ထင်လို့ လား၊

    ပီးတော့ ပြောသေးတယ် သူတို့ သူတို့၏ဆန္ဒ အတိုင်းမြန်မာပြည်ပို့ ပေးဖို့  ပေးမယ်တဲ့၊ ပြောသာပြောတာ... လေယဉ်ခတောင်းအုံးမယ်.. မရှိဘူးဆိုရင် အလုပ်ဆင်းလို့  ပြောပြန်ခဲ့တယ်၊ လေပီးကျေးကိုပေးဖို့ ကျတော့ လက်တွံ့ နေလို့  ဒီလောက်ထိ ရက်ကြာနေခဲ့တာ၊ မင်းတို့  အေးဂျင့်တွေက တစ်ရစ်ချင်းဆီ ရစ်ပြီး အလုပ်သမားတွေဆီက ပိုက်ဆံရသလောက် ညစ်နေတာတွေများခဲ့တယ်၊

    ပထမက အလုပ်တလခွဲပြန်လုပ်... အဲဒါပြောလို့  မရတော့ ဒုတိယ ၂၀၀၀ ပေးဖို့  ပြော.... အဲဒါပြောလို့ မရတော့ အခု တတိယမြောက်မှာ သုံးလေး ငါးရာပေးဖို့  တောင်းခဲ့တယ် ဆိုတာတွေ ရစ်တာတွေ ဘာလို့ ပြည်သူတွေ မဖေါ်ပြတာလဲ။ မင်းတို့ ကောင်တွေ မြန်မာရဲကိုလည်း သူတောင်းစားလို့ လို့  အဆင့်ဖြင့် နိုင်းကာ မြန်မာပြည်ပြန်ရင် ရဲတွေ မင်းတို့ ဖမ်းပြီး ရဲညစ်တာ ခံရမယ်။ နောက်ပိုင်းတွင် မင်းတို့ တခြားနိုင်ငံမသွားရအောင် ရဲတွေ လုပ်အုံးမယ် ပြောသွားတဲ့ အာဘာဖီးတော့ အဲဒါကို သူတို့  page တွင် မတင်ရေးကြဘူး မဟုတ်လား၊

    Monday နေ့  အလုပ်ရှင်ဆီက passport တောင်းခံတဲ့အခါ မြန်မာအလုပ်သမားတွေကို ပေးလိုက်ပါ၊ မင်းတို့ ကောင်တွေ လေယဉ်လက်မှတ်ဖိုးကို အလကားမပေးနိုင်ဘူးဆိုရင်... လိမ်စားဖို့ ဆိုရင်တော့ အလုပ်သမားတွေရဲ့  လက်ထဲအပ်လိုက်ကြပါ၊ လေယဉ်ဖိုးကို မြန်မာပြည်သူတွေ လှူထားတဲ့ငွေနဲ့  ပေးပြီး ပြန်ခေါ်လိုက်ဖို့  ကျနော်တို့ ပိုင်းက အစီအစဉ်ရှိပါတယ်၊

    မြန်မာအလုပ်သမားတွေ အားလုံးက အစကတည်းက အဓိက မြန်မာနိုင်ငံကို အေးအေးဆေးဆေး မြန်မြန်ဆန်ဆန် ရောက်ချင်နေတာ နံပါတ်တစ်ပါ၊ အဲဒါဘဲ ကျနော်တို့  လိုလားတာဘဲ ရှိတာ၊
    — with Qing Minya and Khin Nyein Chan Oo.

Åüñg Kÿáw Sôë Npg shared Bug Lab's photo.
သတင်းထူးလျှင် ထူးသလို ထပ်မံဖြည့် စွက်ပေးသွားပါမယ်ဗျာ    

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...