Ads (728x90)

Photo: ပရဟိတ ရဲဘော်ရဲဘက်များ မိတ်ဆွေသူငယ်ချင်းများခင်ဗျား
==============================
မနေ့ညနေက ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နဲ့အာရုံကြောကုသရေးဌာနကို
ကလေးမလေးတစ်ယောက် ရောက်လာတယ်။ ဖခင်ဖြစ်သူက ဆေးရုံလာ
တင်တာပါ။လွန်ခဲ့တဲ့(၁ဝ)ရက်ကျော်လောက်က နေမကောင်းလို့ ဆေးရုံ
တစ်ခုမှာ တင်တယ်။

မနေ့ကတော့ မျက်စေ့လည်း မမြင်ရ၊ နားလည်း ကောင်းကောင်းမကြားရ၊ လမ်းလည်းသိပ်မလျှောက်နိုင် ဖြစ်လာတော့မှဦးနှောက်နဲ့အာရုံကြောကုသရေး
ဌာနကိုလွှဲပြောင်းရောက်ရှိလာတာပါ။ 

ကလေးမလေးနာမည်ကမလှကေသွယ်ခိုင်၊အသက်(၁၆)နှစ်၊ ကျောက်တံတား
မြို့နယ် အ၊ထ၊ကကျောင်းက ဒဿမတန်းကျောင်းသူလေးပါ။ မိခင်မရှိတော့ 
ဆေးရုံမှာ ညစောင့်ပေးဖို့တောင် အခက်အခဲဖြစ်နေရပါတယ်။ အမျိုးသမီးဆောင်မို့ ဖခင်ဖြစ်ပေမယ့် ညစောင့်နေပေးခွင့် မရှိ ဖြစ်နေပါတယ်။ 

အဓိကအခက်အခဲကတော့ ငွေကြေးချို့တဲ့တာပါပဲ။ဖခင်ဖြစ်သူက ရန်ကုန်မြို့လယ် 
လမ်းဘေးမှာ ကွမ်းယာရောင်းရတာပါ။အခုလို သမီးလေး ဦးနှောက်နဲ့အာရုံကြော
ကုသရေးဌာနကိုရောက်လာတော့ ကွမ်းယာဘန်းကို ငွေတစ်သိန်းခွဲနဲ့ အပြတ်ရောင်းလိုက်ရပါတယ်။

ဦးနှောက်ဓာတ်မှန်ကတင် ကိုးသောင်းကုန်ကျတော့ သူ့မှာ ဆေးဝယ်ဖို့တောင်
အနိုင်နိုင်ဖြစ်နေရပါပြီ။ ကျနော်လည်း မကြည့်ရက်လို့ တတ်နိုင်သလောက်
ကူညီပေးနေပါတယ်။ စေတနာရှင်များလည်း တတ်စွမ်းနိုင်သလောက်
ကူညီပေးကြဖို့၊ ကူညီပေးနိုင်သူများ၊ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ကူညီပေးကြဖို့
မေတ္တာရပ်ခံပါတယ် ... ။

မလှကေသွယ်ခိုင်
ကုတင်နံပါတ်(၁၇)
အမျိုးသမီးဆောင်(အပေါ်ဆုံးထပ်)
ဦးနှောက်နဲ့အာရုံကြောကုသရေးဌာန

Credit~~~ Kyaw Swar Myint

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...