Ads (728x90)

Photo: သနားတော့ သနားစရာပဲဗျ

ရဟန်းကို သေသေချာချာ လက်ဆုပ်လက်ကိုင်မပြနိုင်ပဲ ရဟန်းမဟုတ်ကြောင်း ဖေ့ဘုတ်မှာ အတင်းသက်သေတွေ လက်ပြနေကြတဲ့လူတစ်သိုက်။

ရဟန်းကို အထင်အမြင်နဲ့တင် ရဟန်းတုလို့ စွတ်စွဲကာ ရဟန်းအစစ်က 'ဘာ' ဆိုပြီး ယှဉ်ပြဖို့ကြိုးစားနေတဲ့ လူတစ်သိုက်။

ရဟန်းကို ဖေ့ဘုတ်ကသတင်း၊ တစ်ဆင့်စကားတစ်ဆင့်ကြားနဲ့တင် ဒီရဟန်းတော့ ပါရာဇိကကျပြီဆိုပြီး ကိုယ့်အထင်နဲ့ကိုယ်သတ်မှတ်ရင်း ပြောချင်ရာပြောလို့ရပြီဆိုပြီး ချိုးချိုးဖဲ့ဖဲ့ ပြောနေရေးနေတဲ့ လူတစ်သိုက်။

ရဟန်းအား ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးခေါင်းဆောင်ကို ဝေဖန်လို့ဆိုပြီး၊ အထိမခံနိုင် ရဟန်းကော ဘာသော နားမလည်ဖူး ပါးပါး ထူထူ ဆော်ကလော်မဟဲ့ နှိပ်ကွပ်မဟဲ့ ဆိုတဲ့ လူတစ်သိုက်။

ရဟန်းရဲ့ ကိုယ်ကျင့်သီလစင်ကြယ်မှု၊ အကျင့်ဘာဝနာမြင့်မြတ်မှု၊ ပညာဗဟုသုတပြည့်စုံမှုဆိုတာ 'ဘာ' ဆိုတာ ကူးတင်လိုက်တိုင်း ဒီရဟန်းတော်ရဲ့ပုံကို ကွက်ကနဲပြေးမြင်ပြီး ရှုံချနှိမ့်ချလိုစိတ် ပေါ်နေသလား၊

ရဟန်းတစ်ပါး ဆွမ်းခံကြွနေတာကို ကြည့်ပြီး ဆွမ်းခံကြွတဲ့ရဟန်းမှ ရဟန်းစစ်၊ ဒီဓာတ်ပုံထဲက ရဟန်းက အရေခြုံဆိုပီး တွေးမိနေပါသလား၊

ရဟန်းကို မိမိထင်မြင်ချက်ကြောင့် မကိုးကွယ်တိုင်း မိမိနဲ့သိကြွမ်းသူ ပတ်ဝန်းကျင်ကိုလဲ ဒီရဟန်းက ဘယ်လို ဘယ့်ညာ၊ ရဟန်းမမြည်တော့ဖူး ဆိုပြီး ဆွဲမိဆွဲရာ သက်သေပြချက်တွေနဲ့ စည်းရုံးတတ်နေပြီလား။

ရွှေအိုရောင်သင်္ဃန်းခြုံလွှမ်းထားတဲ့
ရဟန်းတော်တစ်ပါးနဲ့
အမှတ်မထင် ဆုံတွေ့ဖြစ်တိုင်း
ဒီရဟန်းတော်
သင်္ဃန်းခြုံထား မြတ်တရားကို
အမှန်တကယ်ကျင့်ကြံပါ၏လော
သံဃာ့ဂုဏ်ရည် ကြည်ညိုမအား
စိတ်ဝယ်သံသယ
သို့လောအကုသိုလ် ကြံဖန်ယူတတ်နေပြီလော။

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆုံတွေ့လို့ စကားပြောဖြစ်တိုင်း ရဟန်းတော်တွေအကြောင်းရောက်လာခဲ့ရင် ဒီပုံထဲက ရဟန်းကို မကြိုက်စိတ်နဲ့ မဝေဖန်ရ မနေနိုင်အောင်ဖြစ်နေပြီလား၊

ကိုယ်နဲ့အယူအဆ မတူမကြိုက် ရဟန်းတော်ကိုကြည့်ရင်း ငါတို့သွားတဲ့လမ်းမှာ အနှောက်အယှက်ပဲ ရှင်းလင်းနှိပ်ကွပ်ထားမှ တော်မယ်ဆိုပြီး ၊ ဒီရဟန်တော် ကိုယ့်အလုပ်ကိုယ်မလုပ် မှားနေတယ် ငါထိန်းပေးမှရမဟ  အကြိုက်မတူတိုင်း ဆရာလုပ် ဘုန်းကြီးစာချ အမှားတပ်ကာ ဝေဖန်စောဖို့ မကြာခဏ တွေးတတ်နေပြီလား။။ 

......................................................................စသဖြင့် စသဖြင့် စသဖြင့် မကြာခဏ အတွေးထဲ မတွေးရမနေနိုင် ဖြစ်နေပြီဆိုရင် အလှူအတန်းတွေဘယ်လောက်ပြုပြု၊
ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်လုပ်လုပ်
ရဟန်းသံဃာကို အမြင်အထင်နဲ့
ကာယကံမြောက်၊ ဝဇီကံမြောက်၊ မနောကံမြောက်
သုံးလောကထွဋ်ထား ၂၂ရ သွယ်တော် သိက္ခာပုဒ်တွေရဲ့ပိုင်ရှင် မြတ်စွာဘုရား၏သားတော်၊ မြင့်မြတ်တဲ့ ရွှေအိုရောင်သင်္ဃန်းခြုံလွှမ်းထားသောရဟန်းတော်အား . . . -

စိတ်ထဲမြင်ယောင် ဝေဖန်အပြစ်ပြောနေကျ ၀သီပါနေသောစိတ်အစဉ်ဖြင့် ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီဆိုသလို သေခြင်းတရားဖြင့် ရင်ဆိုင်သွားရပါက သေချာပေါက် အပယ်ဘုံကို ရောက်မယ် လူမိုက်တကာ့ မိုက်လုံးကြီးတဲ့ မိုက်ထိပ်ခေါင်တင်တို့။
သေချာပေါက်ကို ပြောလိုက်ချင်တာက နှိပ်ကွပ်ချင်တာ သက်သေပြချင်တာ ရဟန်တုလို့ပြောချင်တာတွေ ဒီဓာတ်ပုံတွေ့တိုင်း စိတ်ထဲပေါ်နေပြီဆိုရင် သွားရမယ့် ခရီးက အပယ်ကို တန်းနေပြီဆိုတာပါပဲ။

( နှိပ်ကွပ်ရှုံ့ချစိတ်ပေါ်တိုင်း ကိုယ့်ဘာသာကိုယ် သတိထားကြည့်ပါ ရွှေအိုရောင်သင်္ဃန်းကိုအရင် ကွက်ကနဲမြင်လိုက်ရပြီးဖြစ်တယ် စိတ်ယှဉ်လျက်ဖြစ်သွားတဲ့အချိန် အကျိုးပေးသန်ရင် စုတေစိတ်မှာ ဒယ်အိုးထဲတန်းသွားနိုင်ပါတယ် ဘယ်ဟာမှ ကယ်နိုင်မယ်မထင်ဖူး။ )

— with ဦး ယဉ်ကျေး.
 
ခွေးကုလားအစွန်းရောက်တွေနဲ့ လားမလည်သေးတဲ့  မြန်မာ အထီးတွေအမတွေအတွက် ... ဘုန်းကြီးတစ်ပါးက သိက္ခာမချရသေးဘူးဆိုရင် သူဘာပဲလုပ်လုပ် အရက်သောက်သောက် ဖဲရိုက်ရိုက် မိန်းမပဲပွေပွေ ( ဥပမာအနေနဲ့ ပြောတာပါ ) ဘုန်းကြီးဟာ ဘုန်းကြီးပါကဲ အဲ့ ဒါကိုနားလည်ဖို့ လိုပါတယ်
သနားတော့ သနားစရာပဲဗျ
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...