Ads (728x90)

  • *************************************** Friday, 29 November 2013 အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်း ပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သော ပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နား လည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီး ချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။ ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်းကာလ အဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာ ရှိများအား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ် မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည်ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်း ဖြတ်မှုများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက် ပွဲပြီးလျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်း ဆိုခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ် တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။ ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန်ခဲ့သည် ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ် များ၊ ထောင်ဒဏ်များကျခံရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြော ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစု ရန်အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်း ကာလနှင့်ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင် ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။ ဆက်ဖတ်ရန်... http://www.theburmapost.info/2013/11/blog-post_526.html?spref=fb
     

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...